ယောလ် ။ဂီတာအိတ်ကိုကျောမှာလွယ်ထားပြီး မတ်
တပ်ရပ်နေတဲ့ယောလ်က ကျွန်တော်နဲ့အကြည့်ချင်းဆုံ
နေမိသည် ။ ကျွန်တော်အကြည့်မလွှဲနိုင်အောင် ငေး
ကြည့်နေမိတဲ့အချိန်မှာပဲ ယောလ်ဘက်ကစလို့အကြည့်
လွှဲသွားခဲ့ပြီး အဖွားတို့ကိုပြုံးရယ်ပြလိုက်တဲ့ ယောလ်။
ပြုံးလိုက်တာပဲ ယောလ်က ။ ရုတ်တရတ် အရာအားလုံး
ရပ်တန့်ပစ်လိုက်သလိုမျိုး ။ မဟုတ်ဘူး ကျွန်တော့်
ကမ္ဘာက ရပ်တန့်သွားခဲ့တာ ။ ယောလ်က ပြုစားလိုက်
တာ ။" အရှေ့ထွက်ပြီး စာအုပ်ဖတ်နေတာလား အဖွားရဲ့"
ယောလ်ရဲ့အသံ ။ အား ကျွန်တော်ရူးတော့မှာပဲ ။
ယောလ်ကကျွန်တော့်အနားကိုရောက်လာပြီး အဖွား
တွေကို စကားငုံ့ပြောလိုက်တော့ ကျွန်တော့်နှာခေါင်းထဲ
တိုးဝင်လာတဲ့ ကိုယ်သင်းရနံ့ ။နီးနီးကပ်ကပ် အနေ
အထား ။ အိမ်မက်တွေများလား ။ အဝေးကနေမျှော်
ကြည့်ခဲ့ရတဲ့သူက အခုတော့ ကျွန်တော့်အနားမှာတဲ့
လား ။" ဘတ်ဟျွန်း ရောက်နေပြီပဲ ! အဖွားတွေနဲ့တောင်ဆုံ
ပြီးပြီပေါ့ "အနားကိုရောက်လာတဲ့ ဂေဟာမှူး၏စကားကြောင့်
ယောလ်က ကျွန်တော့်အား ခေါင်းစောင်းကာကြည့်ချိန်၊
ကျွန်တော်က ယောလ်အား ငေးကြည့်မိချိန် ။ထပ်မံ
အကြည့်ချင်းဆုံမိသည်က ဒုတိယအကြိမ်မြောက် ။" မ မင်္ဂလာပါ ဗြောင်ဘတ်ဟျွန်းပါ "
ထစ်ထစ်ငေါ့ငေါ့နဲ့ ယောလ်ရဲ့မျက်နှာကိုငေးကြည့်မိ
ရင်း နူတ်ဆက်လိုက်မိလေတော့ အဖွားတွေရဲ့ရယ်သံ
က ထွက်ပေါ်လာတာမို့ ရှက်လွန်းလို့ ခေါင်းကိုငုံ့ပစ်
လိုက်မိတော့သည်။ သေလိုက်ပါလား ဘတ်ဟျွန်းရေ။
ရှက်ဖို့ကောင်းအောင်ကွာ ထစ်ငေါ့နေရလား ။" ပတ်ချန်းယောလ် ပါ "
မျက်စိရှေ့ကိုရောက်လာတဲ့ ယောလ်ရဲ့လက်တဖက် ။
မျက်လုံးအစုံပြူးကျယ်သွားကာ ယောလ်အား မော့
ကြည့်မိသွား၏ ။ မျက်နှာထားက မတင်းနေပေမဲ့ အ
ရယ်အပြုံးလဲမရှိ ။သို့ပေမဲ့ ယောလ်ကကိုယ့်ကိုလက်ဆွဲ
နူတ်ဆက်ချင်ပုံရသည်မို့ ယောလ်ရဲ့လက်ကိုမရဲတရဲ
ကိုင်လိုက်မိတော့သည် ။ ယောလ်က ကျွန်တော့်ကို
ရူးအောင်လုပ်နေတာ ။