Chapter 19 (unicode+zawgyi)

Start from the beginning
                                    

Nine မနိုးသေးပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းပင်။ ကျွန်တော်သည် Nine ၏ တောင့်တင်းနေသော ရင်အုပ်ကို ငုံ့မိုးကြည့်နေမိသည်။ တောင့်တင်းနေသော ဝမ်းဗိုက်ကြွက်သားတွေဆီ အကြည့်‌ရောက်သည်။ ရင်အုပ်မှ ခါးအထိ ကြည့်လာမိကာ အဆုံးမှာ သမာဓိက မခိုင်ချင်။ Nine ကလည်း အိပ်နေသည်။ တစ်ခုခုလုပ်လိုက်ရင် စိတ်ဆိုးသွားမလား။ ဘာကိုမှ မစဥ်းစားချင်တော့ပါ။ Nine ကို မထိတွေ့ရတာ ဘယ်လောက်‌ကြာပြီလဲ။ အရင်ဦးဆုံး တောင့်တင်းနေသော ဝမ်းဗိုက်ကြွက်သားတွေကို ဖိကပ်နမ်းလိုက်သည်။ အဲ့ဒီနောက်မှာ တစ်နေရာကို တစ်ချက်စီ နမ်းလာလိုက်တာ ရင်အုပ်တွေပေါ် ပြန်ရောက်လာသည်။
Nine ကိုယ်လုံးလေး လူးလွန့်လာသည်။ ကျွန်တော် မရပ်တန့်နိုင်သေးပါ။ Nine မျက်လုံးပွင့်လာသည်။ Nine မျက်ဝန်းတွေသည် အောက်အရပ်ကို ငုံ့ကြည့်လာသည်။ ကျွန်တော့်ကိုမြင်သွားတာနဲ့ စူးစူးရဲရဲ ဖြစ်သွားသည်။

"ခွေးကောင်! မင်း အဲ့ဒါ ဘာလုပ်တာလဲ၊ ဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်နေတာလဲ"

Nine က ငေါက်ခနဲထထိုင်ကာ ကျွန်တော့်ကို ဆောင့်တွန်းပစ်သည်။ အရှိန်ပြင်း‌သော လက်သီးတစ်ချက်ကလည်း ကျွန်‌တော့်မေးရိုးပေါ်ကို ကျလာသည်။ ချစ်သူက ထိုးပစ်လိုက်တာမို့ အသည်းထိအောင် နာသည်။ Nine က အရင်တုန်းကဆိုရင် ကျွန်တော်နမ်းလိုက်ရင် ငါဘက်က စချင်တာဆိုပြီး ပြန်နမ်းပေးတတ်သည်။ အခုကျတော့ ခါးခါးသီးသီးပဲ။ Nine တကယ်ကို ပြောင်းလဲသွားတာပဲ။

"မင်းကို ဘယ်လိုမှ ဆက်သွယ်မရလို့ အိမ်အထိ လိုက်လာတာ၊ မင်း အရမ်းရက်စက်တယ်ကွာ၊ မင်းနဲ့မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ"

"မင်းနဲ့ငါ လမ်းခွဲပြီးပြီ ဈာန်၊ ငါ့အိမ်ထဲက ထွက်သွားတော့"

"မင်း အဲ့ဒီလိုလုပ်လို့မရဘူး၊ မင်းမှတ်မိလား၊ ငါတို့ ချစ်သူဖြစ်ခဲ့တယ်ဆိုတာ မင်းဘက်က စခဲ့တာ၊ မင်းကစပြီး ချစ်တယ်လို့ပြောခဲ့တာ၊ အဲ့ဒီတုန်းက မင်းကိုငါ ဘယ်လောက်အထိ ရင်ခုန်ခဲ့ရလဲ၊ အခုမှ ဖြုတ်ချချင်တဲ့နေရာမှာ ဖြုတ်ချပစ်ခဲ့ရအောင် ငါက လိုသလိုချိတ်လို့ရတဲ့ ရထားတွဲမဟုတ်ဘူး"

ရင်မှပျိုးသော စတော်ဘယ်ရီ🍓[Completed]Where stories live. Discover now