အပိုင္း(၂၀)

10.2K 288 13
                                    

" အား ပါးပါး စပ်​တယ်​ရေ​ရေ​ရေ​ပေးပါ အီးဟီး အီး "

" ဟာကွာ အများကြီးထည့်​မစားဖို့ ကိုယ်​အတန်​တန်​ပြောထားရက်​နဲ့ကို အခု​တော့စပ်​ပြီမို့လား​ခဏ​စောင့်​ဦး​ရေခဲမုန့်​သွားယူ​ပေးမယ်​"

​တော်​သေးတာ​ပေါ့ ဒီငရစ်​လေးအ​ကြောင်းကြိုသိ​နေလို့​နို့​ရေခဲမုန့်​နှစ်​ခွက်​အသင့်​မှာထားခဲ့တာ ။

ဒီလူသာ သတိမရှိရင်​ဒီက​လေးနဲ့​တော့ ခက်​ရ​ချေရဲ့ ။

စားပွဲဝိုင်းမှအမြန်​ထရင်း​ကောင်​တာဘက်​သို့ထွက်​လာလိုက်​ကာ​ရေခဲမုန့်​နှစ်​ခွက်​အမြန်​ယူရင်း အ​ပြေးတစ်​ပိုင်း စားပွဲရှိ​ပြေးလာရ​တော့သည်​။

"​ရော့​ရော့ ဒါ​လေးအမြန်​စားလိုက်​နှာ​ခေါင်း​တွေ​တောင်​ရဲ​နေပြီ နှပ်​ချေးညှစ်​ပေးမယ်​လာ "

နှပ်​ချေးများညှစ်​ထုတ်​လိုက်​တာ အားရိုးရိုး အများကြီးပဲ ။

ချစ်​တော့လဲ နှပ်​ချေးလဲ ချစ်​တက်​ရတာ​ပေါ့ ။

" ဟင့်​ပြန်​ကြမယ်​စား​တော့ဘူး​နောက်​ဘယ်​တော့မှ ဒီဆိုင်​ကိုထပ်​မလာ​တော့ဘူး ဟင့်​ရွှတ်​... အီး ... ဟီး .... "

​ပြော​ပြော ဆိုဆိုနှင့်​ရေခဲမုန့်​နှစ်​ခွက်​ကို လက်​ကပိုင်​ရင်း ဆိုင်​ထဲက​မော့​တော့​မော့​တော့နဲ့ ထွက်​သွား​ရဲ့ ။

ဒါနဲ့ပဲ​ရေခဲမုန့်​ထည့်​သည့်​ခွက်​နှစ်​လုံးဖိုး ပါရှင်းလိုက်​ရသည်​က အမှတ်​တရ ။

ဆိုင်​ရှေ့​လေးထွက်​လာ​တော့ ဓာတ်ပုံရိုက်​ပေးသည့်​လူငယ်​တစ်​ယောက်​နှင့်​ကျွန်​တော့်​က​လေးက စကားလက်​စုံကျရင်း​ရေခဲမုန့်​နှစ်​ခွက်​လဲ​ပြောင်​လို့​နေ​ပေါ့ ။

ခုနက​တော့ဖြင့်​မျက်​ရည်​နဲ့မျက်​ခွက်​ဖြစ်​နေတဲ့ရုပ်​အခုများကျ​တော့ဘာ​တွေ သ​ဘောကျ​နေမှန်းမသိ ထိုလူငယ်​နှင့်​ပြုံး​ပျော်​နေပြန်​သည်​။

" Boo ဘာ​တွေသ​ဘောကျ​နေတာလဲ ဒီ​လောက်​အထိ "

က​လေးငယ်​ရဲ့ ပခုံး​ပေါ်လက်​တင်​ရင်း​မေး​လေးကိုပါ အသာတို့ရင်း​မေး​လိုက်​တော့ ။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Hikayelerin yaşadığı yer. Şimdi keşfedin