ချစ်ခြင်း မှန်းခြင်း ဆိုတဲ့ စိတ္တဇနာမ် တွေကို ပေါ့သေးသေး မထင်ပါနဲ့
အဲ့ နာမ်တွေက လူတစ်ယောက် အပေါ် ကြီးမား တဲ့လွှမ်းမိုးမှု တွေရှိတယ် ဆိုတာ သတိထား ကြည့်ရင်တွေ့ပါတယ်
ကျွန်တော်လည်း အဲ့ Love & Hate ဆိုတဲ့ စကားလုံး ၂ လုံးကြောင့် ပြင်းပြင်းထန်ထန် ခံစားနေ ရတဲ့ ပုထုစဉ် တစ်ယောက် ဖြစ်နေလို့ဘဲလေ။
ရှပ်ပြာရှပ်ပြာနဲ့ လုပ်သမျှအလွဲ ယောကျာ်းလေး အဂါင်္ရပ် တွေနဲ့ တစ်ခုမှ မညီတဲ့ ကျွန်တော့်လို ယောကျာ်း တစ်ယောက်ရဲ့ နှလုံးသား ကိုပထမဆုံး လှုပ်ခတ်တဲ့ သူ...
အစ်ကိုပျော်နေမှာပါ။ ကျွန်တော့်လို ငွေကြေးနဲ့ ဥာဏ် ကလွဲပြီး အစ်ကို နှစ်သက်တဲ့ နူးညံ့ခြင်း မရှိတဲ့ ယောကျာ်းလေး တစ်ယောက်ကို အစ်ကို့ နှလုံးသားထဲကကော မှတ်ဥာဏ်ထဲကပါ ထုတ်ပြီး အစ်ကို ပျော်ရွှင်နိုင်ပါ စေလို့
ညီ့နှလုံးသားရဲ့ သွေးတွေနဲ့ဆုတောင်းပေးလိုက်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~
မင်းရဲ့လွဲချော်မှုတွေကို ငါအမြဲလှောင်ရယ်နေတယ် လို့များထင်နေသလား ညီရယ်
မင်းရယ်လိုက်တိုင်း ခွက်ဝင်သွားတဲ့ မင်းရဲ့ ချောမွတ်တဲ့ ပါးပေါ်က မဟာဆန်တဲ့ dimple လေးတွေကို ကိုယ်မင်း မသိအောင် နမ်းရှုံ့ခဲ့တာတွေ မင်းမှမသိဘဲ
ချစ်လျက်နဲ့ မုန်းဟန်ဆောင်ရတာ ဘယ်လောက်ပင်ပန်းလဲ မင်းမသိဘူးလားbaby
မင်းရဲ့ အလွဲလေးတွေ လုပ်ပြီးတိုင်း ပေါ်လာတဲ့ ပါးချိုင့်လေးတွေ ကိုတွေ့မှကိုယ့်ရဲ့ တစ်နေ့တာ ပြည့်စုံတယ် ဆိုတာ မင်းတကယ်ဘဲ မသိခဲ့လေ သလား
ချစ်ခြင်းဆိုတာကို အစပြုလို့ မင်းရဲ့ attention အားလုံး ကိုယ့်အပေါ်မှာပဲ ရှိနေစေခြင်တာ ကိုယ်မတရားရာကျ မလား baby
မင်းကို အနိုင်ကျင့်ရင် မင်းအာရုံတွေကိုယ့်အပေါ်မှာဘဲ ရှိနေမလားဆိုတဲ့ စိတ်နဲ့ ကိုယ်လုပ်ခဲ့မိတာ ကိုယ်မင်းအပေါ် နာကျင်စေခဲ့မိပြီထင်ပါရဲ့
မှားယွင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုခဲ့တဲ့ ကိုယ့်အချစ်တွေကို ပေါ့သေးသေး လို့တော့ မထင်စေချင်လို
တစ်ခြားမိန်ကလေးတွေနဲ့ တွဲသွားတိုင်း မင်းရဲ့ မနာလိုနေပုံကို ကိုယ်ချစ်တယ်
YOU ARE READING
Misunderstanding
Teen FictionWhat will happen to the 7 young people when they have some misunderstanding? What will happen to their Love life? Will they eventually slove all the problems? This book is a mix of Romance, Drama & Comedy. I'll try my best to write really naturally...
