"alors après tout, ce n'est pas juste un long rêve"
ကိုယ်လက်သန့်စင်ပြီးနောက်မီးဖိုချောင်ဝင်ရန်အသင့်ပြင်ကာJaelထွက်လာခဲ့သည်။ထိုအချိန်တွင်သူမလှမ်းတွေ့လိုက်သည်ကအနီရောင်တောက်တောက်ဝတ်ရုံများနှင့်ဝမ်ဂိုဏ်းသားများ။Jaelစဉ်းစားရခက်သွားသည်။သူမသိသလောက်ဆိုလျင်ဖြင့်ဝမ်ဂိုဏ်းမှလာရမည့်နေ့သည်ယနေ့မဟုတ်သေး။ဦးဆောင်လာသူမှာလည်းထိုအမြင်ကပ်စရာမိန်းမဝမ်လင်ကြောင်မဟုတ်ဖြစ်နေရကားJaelတစ်ယောက်စဉ်းစားရကျပ်လေပြီ။ဘာပဲပြောပြောသူမအနေနှင့်မကောင်းသည့်အငွေ့အသက်များကိုခံစားနေရသည်ဟုထင်မိတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧည့်ခံရာဟောခန်းတွင်တော့......

ဒီမိန်းကလေးကိုဝမ်ဂိုဏ်းချုပ်ကအလိုရှိနေပါတယ်။စုံစမ်းလို့ရတဲ့သတင်းတွေအရတော့ဒီမိန်းကလေးဟာကျန်းဂိုဏ်းရဲ့ပိုင်နက်အတွင်းမှာရှိနေတယ်လို့သိရတဲ့အတွက်ကျန်းဂိုဏ်းချုပ်အနေနဲ့ဘာများပြောစရာရှိပါလဲ။
ဝမ်ဂိုဏ်းသားတစ်ယောက်ကJael၏ပုံတူကိုဆွဲထားသောပန်းချီကိုကျန်းဖုန်းမြန့်ကိုလှမ်းပေးလိုက်ရင်းပြောလာလေသည်။သခင်မယွီကJael၏ပုံတူပန်းချီကိုလှမ်းကြည့်လိုက်ရင်း

"ဒီမိန်းကလေးကကျန်းဂိုဏ်းရဲ့သာမန်အစေခံတစ်ယောက်သက်သက်ပဲဝမ်ဂိုဏ်းချုပ်နဲ့ဘယ်လိုများပက်သက်နေလို့အလိုရှိနေရတာလဲ?
ထိုအခါဝမ်ဂိုဏ်းသားတို့ကသခင်မယွီိကိုကြည့်လိုက်ပြီး
"ဒီမိန်းကလေးဟာဂိုဏ်းချုပ်နဲ့ဝမ်ဂိုဏ်းအပေါ်အကြံအစည်တွေရှိတယ်လို့သံသယအဝင်ခံရတဲ့သူပဲ။ပိုဆိုးတာတစ်ခုကတော့အဲ့ဒီ့မိန်းကလေးကကျန်းသခင်လေးရယ်ဝေ့ဝူရှန့်ရယ်နဲ့စကားပြောနေတာကိုပါကျနော်တို့ရဲ့ဂိုဏ်းသားတစ်ယောက်ကတွေ့ခဲ့ရတာပဲ။
ထိုဂိုဏ်းသား၏စကားအဆုံးတွင်တချိန်လုံးတိတ်ဆိတ်လျက်အခြေအနေကိုအကဲခတ်နေသောကျန်းချန်နှင့်ဝေ့ဝူရှန်းတို့လှုပ်လှုပ်ရွရွဖြစ်သွားရတော့သည်။စိတ်ထဲတွင်လည်းသူတို့အနေဖြင့်ရတက်မအေးဖြစ်နေပြီဖြစ်သည်။ကိစ္စများကတဖြည်းဖြည်းပို၍တင်းမာလာသည်။မတူညီသောနေ့ရက်မတူညီသောအကြောင်းအရာတို့ဖြင့်ဖြစ်သော်လည်းတချိန်ကလိုကျန်းဂိုဏ်းကိုနောက်ထပ်အပျက်စီးမခံနိုင်တော့။သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သောJaelကိုကာကွယ်ထားချင်သော်လည်းထို့ကြောင့်ပဲကိစ္စများပို၍ဆိုးရွားသွားမည်ကိုမလိုလားပေ။
ယခုမူသခင်မယွီကသူတို့အားစူးစူးရဲရဲကြည့်နေလေပြီ။အခြေအနေတို့ကမကောင်းတော့။သခင်မယွီ၏လက်စွဲတော်ဇီတျန့်မှာလဲအချိန်မရွေးအသွင်ပြောင်းလာနိုင်သည့်ပုံဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: May 29, 2021 ⏰

Add this story to your Library to get notified about new parts!

Now I Understand. Where stories live. Discover now