Chapter-1

2.4K 109 13
                                    

Jael's POV

ရုတ်တရက် စူးရှလင်းလက်လာသော အလင်းတန်း တစ်ခုနှင့် စည်းချက်ညီစွာ ကျဆင်းနေသော မိုးစက်တို့၏ အသံက Jeal ကို သူမရဲ့ အမှောင်ကမ္ဘာမှ နိုးထလာစေခဲ့တယ်။

အသိဝင်လာသည်နှင့် တစ်ပြိုင်နက် သူမ မြင်လိုက်ရသည်က လင်းထက် ထ နေသော လျှပ်ပန်းလျှပ်နွယ်များနှင့် ကောင်းကင်မှ စီးချက်ညီစွာ ပုံမှန် ကျဆင်းနေသော မိုးစက် တို့ဖြစ်သည်။

ဘေးဘီဝဲယာကို ကြည့်မိတော့ သူမရောက်ရှိနေသည့်နေရာက ခေါင်မိုးတစ်ခု......

သူမခေါင်းထဲတွင် "သို့လော သို့လော ~~" မေးခွန်းများ ဖြင့် ပလုံစီနေစဉ် ရုတ်တရက် ကြားလိုက်သောအသံများကြောင့် အသံလာရာသို့ နားစွင့်မိသည်။

သူမကြားလိုက်ရသည်က~~~~~~

" ဦးလေးကျန်းနဲ့ သခင်မ ယွီရဲ့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းလေးတွေယူလာပေးပါ"

"ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်"

"ကျန်ချန်း!!!"

" သခင်လေးကျန်း နှိုးလာပြီ"

~~'ကျန်ချန်းဆိုပါလား'~~
ရုတ်တရက် ကြားလိုက်သောအသံများကြောင့် Jeal တစ်ယောက် ထိတ်လန့်မိသွားတယ်။

~~'မဟုတ်မှလွဲရော ငါ???
မဖြစ်နိုင်ပါဘူး မဖြစ်နိုင်တာ.....'~~
ခေါင်းတစ်ခါခါနှင့် သူမ အကြောက်ကန် ငြင်းနေမိသည်။

ထိုစဉ် သူမထိုင်နေသော ခေါင်မိုးမှ

~~ကျွတ်~~

" ဟင် O.O "

သူမထိုင်နေသည့် နေရာမှ ထွက်လာသောအသံကြောင့် သူမ ခေါင်းတစ်ခါခါနှင့် ပြာပြာသလဲ လိုက်ကြည့်မိသည်။

ကျွတ်!!!

ဒီတစ်ခါမှတော့သူမ အံသြချိန်တောင်မရလိုက်...
သူမ ထိုင်နေရာမျက်နှာပြင်မှာ ပြိုကျပျက်စီးသွားတော့သည်။

ထိုအချိန်မှာပင် သူမသည်လည်း ခေါင်းမိုးအုတ်ကြွပ် များနှင့်အတူ
ပြုတ်ကျသွားတော့သည်။

ဝုန်း!!!!~

* အင့် *

" အား....နာလိုက်တာ"
နာသွားသောခါးကို ကိုင်ရင်း သူမ ညည်းညူမိသည်။

Now I Understand. Where stories live. Discover now