Chapter-7

949 31 8
                                    

<Unicode>
ထိုနေ့ညနေကြာမြိုင်နန်းလယ်ကိုJaelပြန်ရောက်တော့လက်တိုလက်တောင်းကိစ္စလေးတွေကူညီပေးရင်းမအားနိုင်အောင်ကိုရှိခဲ့လေသည်။စားဖိုဆောင်မှာကူပေးလိုက်A-Yueတို့အဝတ်လျှော်သိမ်းကိစ္စများကိုကူပေးလိုက်နှင့်ချာလည်လိုက်နေခဲ့သည်။ဒါတောင်မှသူမလုပ်ရသောအလုပ်တို့သည်သာမန်အစေခံတစ်ယောက်နှင့်စာလျှင်အတော်သက်သာသည်ဟုဆိုရပေမည်။သို့သော်လည်းတသက်လုံးရွှေပေါ်မြတင်နေလာခဲ့သောနှစ်ဆယ့်တစ်ရာစုမှသခင်မလေးJaelအတွက်တော့ထိုအလုပ်တို့ကအလုပ်ကြမ်းလိုပင်ဖြစ်နေတော့သည်။Jaelတစ်ယောက်ပင်ပင်ပန်းပန်းနှင့်သူမအိပ်ဆောင်ရှိရာသို့ပြန်လာခဲ့သည်။ဟောခန်းအရှေ့ကအဖြတ်ရုတ်တရက်သခင်မယွီနှင့်ကျန်းဂိုဏ်းချုပ်ကိုတွေ့လိုက်ရတော့မှသူမတစ်စုံတစ်ခုကိုသတိရသွားတော့သည်။ဟုတ်ပေသည်ပဲ။သူမသာအမှတ်မမှားဘူးဆိုလျှင်မနက်ဖြန်တွင်သခင်မယွီနှင့်ကျန်းဂိုဏ်းချုပ်တို့စကားအခြေအတင်ဖြစ်ကြပေဦးမည်။ဘာမဟုတ်သည့်ကိစ္စတို့နှင့်ဒေါသကိုမီးမွှေးရင်းဇနီးမောင်နှံနှစ်ယောက်ကျောခိုင်းခဲ့ကြသည်။ထို့နောက်ဖြစ်သည့်ကိစ္စများကတော့လည်းအားလုံးသိသည့်အတိုင်းပင်။နောင်တရစရာများဖြစ်ကုန်ရတော့မည်လေ။ဘာလို့များတစ်ယောက်ပေါ်တစ်ယောက်မာနတွေခံပြီးစိတ်ရင်းအမှန်ကိုဖွင့်မပြနိုင်ကြပါလိမ့်နော်၊သူမတွေးမိသည်။Jaelအနေနှင့်လည်းအချစ်ရေးကံကောင်းသူမဟုတ်သည့်အတွက်ကျန်းဂိုဏ်းချုပ်တို့ဇနီးမောင်နှံအပေါ်စာနာမိသည်။ဖြစ်နိုင်လျှင်နောင်တရစရာတွေမဖြစ်ရစေရန်သူမတတ်နိုင်သလောက်ကူညီပေးမည်ဟုဆုံးဖြတ်လိုက်သည်။ထိုနေ့ကအတွေးများစွာဖြင့်သူမအိပ်ရာဝင်ခဲ့သည်။တစ်ချိန်တည်းမှာပင်ဝမ်ဂိုဏ်းရုံးစိုက်ရာဖြစ်သောညဥ့်မဲ့မြို့တော်တွင်မူ.....

"စိတ်ဝင်စားစရာပါပဲလား။အဲ့ဒီ့ကောင်မလေးကိုငါ့ရှေ့ရောက်အောင်ခေါ်လာခဲ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မျက်လုံးမှိတ်ထားသည့်ကြားထဲကပင်စူးစူးဝါးဝါးဝင်လာသောနေရောင်ခြည်ကြောင့်Jaelတစ်ယောက်လူးလွန့်ကာနိုးလာသည်။အစပထမတော့သူမကိုယ်သူမDCကသူမ၏အိပ်ခန်းထဲတွင်ပင်ရှိနေသည်ဟုထင်မိကာမျက်နှာကျက်ကိုငေးကြည့်နေမိသည်။သို့သော်လည်းတဖြည်းဖြည်းကြည်လင်လာသောအမြင်အာရုံနှင့်အတူသူမမြင်လာရသောအရာတို့ကသူမကိုသူမ၏နေအိမ်မှဝေးကွာခဲ့ရပြီဖြစ်ကြောင်းသက်သေပြနေသယောင်။Jaelတစ်ယောက်သက်ပြင်းချပြီးသာရေရွတ်လိုက်တော့သည်။

You've reached the end of published parts.

⏰ Last updated: May 29, 2021 ⏰

Add this story to your Library to get notified about new parts!

Now I Understand. Where stories live. Discover now