Arc 4.8

5.5K 461 5
                                    


လင်းရှီဟာ လျန်ယာဟွေ့မြင်ရတဲ့အနာဂတ်အကြောင်းတွေကို ရွှယ်လုံနဲ့တိုင်ပင်လိုက်ဦးမယ်လို့ ပြောလိုက်တယ်။ ဒါဟာ သူစုံစမ်းသင့်တဲ့ ကိစ္စမဟုတ်ဘူးလေ။ လျန်ယာဟွေ့ဟာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပေမဲ့ ရှန်းရှစ်ရဲ့ အကြံကို လက်မခံနိုင်လေဘူး။ ဒါကြောင့် ကိုယ်တိုင်တခြား သဲလွန်စများရမလားလို့ ရှာဖို့လုပ်တော့တယ်။ သူဟာ ရွှယ်ယန်သူ့လက်ထဲမှာ သေရမယ်ဆိုတာကို သိရက်နဲ့ အိမ်မှာထိုင်ရင်း အနားမယူနေနိုင်ဘူး။သူဟာ ရွှယ်ယန်ရဲ့အိမ်ထဲ အရဲစွန့်ပြီးခိုးဝင်လိုက်တယ်။ အနောက်ကနေ ခိုးကြောင်ခိုးဝှက်လုပ်နေရင်း လီချန်းနဲ့ ရွှယ်ထောင်ဟာ တစ်ခုခုကို အပြင်းအထန်ဆွေးနွေးနေတာကို သူသတိထားမိလိုက်တယ်။ သူဟာ တဖြည်းဖြည်းချဉ်းကပ်သွားပြီး သူတို့ပြောတာကို ခိုးနားထောင်ဖို့လုပ်လိုက်တယ်။
"ရှန်းရှစ်ရဲ့ အခြေအနေကဘယ်လိုလဲ။ ရွှယ်လုံကတော့ သူ့အတိုင်းအတာကျော်နေပြီ။ သူပုံက တခြားတစ်ယောက်ကို သတ်ဖိုအဆင်သင့်ဖြစ်နေပြီ" ရွှယ်ထောင်ဟာ သူ့ဘေးကကောင်လေးကိုမေးလိုက်တယ်။
လီချန်းဟာ အဖြေကောင်းတစ်ခုပေးတယ်။ "သူလဲပေါက်ကွဲထွက်နေပြီ။ ဆေးဟာ ဒီလောက်စွမ်းအားပြင်းလိမ့်မယ် လို့ ကျွန်တော်ထင်တောင်မထင်ထားခဲ့ဘူး''
လျန်ယာဟွေ့ဟာ သူ့သူငယ်ချင်းနာမည်ကြားတာနဲ့ သူတို့ဟာ ရှန်းရှစ်နဲ့ ရွှယ်ယန် အခုရက်တွေအတွင်း ထူးဆန်းနေတဲ့ အဓိကအကြောင်းကိုပြောနေတာမှန်း သိလိုက်တယ်။ ဒါပေမဲ့ ဒီနေ့ရှန်းရှစ်ပုံစံက အရင်ကနဲ့ မတူဘဲ ပိုကောင်းလာသလိုဘဲ။
သူဟာ တခြားအကြောင်းတွေမကြားခင်ပြန်လှည့်ထွက်လိုက်တယ်။ သူဟာ မတော်တဆ သစ်ကိုင်းခြောက်ကို တက်နင်းမိပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသံပြုလိုက်သလိုဖြစ်သွားတယ်။ ရွှယ်ထောင်ဟာ ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ရင်း ချောင်းနားထောင်နေသူကို တစ်စေ့တစ်စောင်း မြင်လိုက်ရတယ်။ ထိုသူဟာ ထွက်ပြေးသွားပေမဲ့ သူ့ရဲ့လည်ပင်းပေါ်က ကြက်သွေးရောင် တောက်နေတဲ့ ကျူးရှာကျစ်ကို မြင်လိုက်ရတယ်။
သူဟာ စိတ်ပျက်စွာ tsk လို့ မြည်တမ်းလိုက်တယ်။ သူတို့ပြောနေတာ ရွှယ်လုံနားထဲရောက်သွားနိုင်တယ်။ ဒါကြောင့်သူဟာ ခုနကကောကို ဖယ်ရှားဖို့ လီချန်းကို အသုံးချဖို့ ဆုံးဖြတ်လိုက်တယ်။ လီချန်းဟာ ခုနကအဖြစ်အပျက်ကို ကြားပြီးနောက်မှာ သူတို့အစီအစဉ်ကို တခြားသူကိုသိခွင့်မပြုနိုင်လေဘူး။ ဒါကြောင့်သူဟာ အဲ့ဒီကောကို သတ်ဖို့သဘောတူလိုက်တယ်။
လီချန်းဟာလျန်ယာဟွေ့နောက်ကို လိုက်နေတယ်။ ဒါပေမဲ့ သူတို့နားကို ရွှယ်ယန်ကရောက်လာတယ်။
လျန်ယာဟွေ့ဟာ တောင့်တင်းတဲ့ ရင်ခွင်နဲ့တိုက်မိပြီး နောက်လှန်ကျမတတ်ဖြစ်သွားတယ်။ ဒါပေမဲ့လဲသူ့ကို သန်မာတဲ့လက်တစ်စုံက ဖမ်းကိုင်ထားတယ်။ သူဟာ ရင်းနှီးတဲ့မျက်နှာကိုတွေ့လိုက်ရပြီး ထိတ်လန့်သွားတယ်။
"ရွှယ်ယန် ခင်ဗျားဒီမှာ ဘာလုပ်နေတာလဲ"
"မင်းကကောဘာလို့ပြေးနေတာလဲ။ ချွေးတွေလဲ စိုနေတာဘဲ" ရွှယ်ယန်ဟာ သူ့အမေးကို လျစ်လျူရှုပြီး ချစ်စရာမျက်နှာလေးပေါ်က ချွေးတွေကိုသုတ်ပေးနေတယ်။
လျန်ယာဟွေ့ဟာ ရွှယ်ယန်ရဲ့ တောင့်တနေတဲ့မျက်ဝန်းတွေက သတိမထားမိပါဘူး။
"ကျွန်တော် ခိုးနားထောင်ရင်း ကြားခဲ့တာ ရှန်းရှစ်ရဲ့ ညီနဲ့ ခင်ဗျားရဲ့အကို ဆွေးနွေးနေတာကို။ သူတို့က ခင်ဗျားရဲ့ အကိုကြီးနဲ့ ရှန်းရှစ်ကို အဆိပ်ခပ်ထားတဲ့အကြောင်းကို ပြောနေကြတာ။ မြန်မြန်!! သွားပြီး သတင်းသွားပေးချေ"
ရွှယ်ယန်ဟာ ဘာမှတောင်မလုပ်ရသေးဘူး လီချန်းဟာ မှီလာတယ်။ သူ့လက်ထဲမှာ ဓားလဲကိုင်ထားသေးတယ်။ သူ့မျက်ဝန်းတွေက လူသတ်ငွေ့တွေထွက်နေပြီး သူ့ရန်သူကို ချက်ချင်းထိုးသတ်ဖို့အဆင်သင့်ဖြစ်နေသူလိုဘဲ။
ဘယ်သူမှဒီအခြေအနေကို နားမလည်ခင်မှာ လီချန်းဟာ လျန်ယာဟွေ့ရဲ့ နှလုံးတည့်တည့်က်ု ဓားနဲ့ထိုးချလိုက်တယ်။ ရွှယ်ယန်ဟာ ချက်ချင်းဘဲ သူ့ကိုယ်နဲ့ ကြားဝင်ခံလိုက်တယ်။ ဒါကြောင့်မို လီချန်းရဲ့ ဦးတည်ချက်ဟာ ရွှယ်ယန်ရဲ့ ဝမ်းဗိုက်ဆီရောက်သွားတယ်။ လျန်ယာဟွေ့ဟာ ဒီမြင်ကွင်းကို ရွှယ်ယန်ရဲ့ အနာဂတ်မှာမြင်ဖူးပြီးသား။ အခုသူ့မျက်စိရှေ့မှာဖြစ်နေပြီ။ ရွှယ်ယန်ဟာ ဒဏ်ရာကို လက်နဲ့အုပ်ကိုင်ရင်း မြေပေါ်ကို ယိုင်လဲကျသွားတယ်။ သွေးတွေဟာလဲ ဖြာပြီးစီးကျနေတယ်။ လျန်ယာဟွေ့ဟာ သူမြေကြီးပေါ် မကျခင်ဖမ်းလိုက်ပြီး သူ့လက်မောင်းကြားထဲ ပွေ့ထားလိုက်တယ်။ သူ့မျက်ဝန်းတွေဟာ ဝမ်းနည်းမှုကြောင့် နီရဲစိုစွတ်နေတယ်။ သူဟာ လူတွေရဲ့ သေဆုံးမှုကို သူတို့အနာဂတ်ကနေ မြင်ပြီး သူတို့သေဆုံးတာကို အမှန်တကယ် မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတစ်ခါကျ သူ့ရင်ဘက်ထဲက ထိုးအောင့်နာကျင်လာတယ်။ ဒါကိုသူ့ကို တစ်ယောက်ယောက်က ဓားနဲ့လာထိုးသွားခဲ့သလိုဘဲ။
လျန်ယာဟွေ့ဟာ ရွှယ်ယန်အပေါ်ဘဲအာရုံရောက်နေပြီး သူ့ဘေးကကောင်လေးဟာ သူ့ရဲ့ အမြင်ထဲကလို ရယ်မနေတာကို သတိမထားမိလိုက်ဘူး။ ဒါပေမဲ့ လီချန်းဟာ ဖြူဖျော့သွားတယ်။ မြေပြင်ပေါ်မှာ အိုင်လာတဲ့ သွေးတွေကိုကြည့်ပြီး သူထွက်ပြေးသွားတော့တယ်။ သို့ပေမဲ့ ရွှယ်ယန်နဲ့ လျန်ယာဟွေ့ဟာ တစ်ယောက်ကိုယ်တစ်ယောက်သာ အာရုံစိုက်နေပြီး ဘေးပတ်ဝန်းကျင်ကို လုံးလုံးမေ့ထားလိုက်ကြတယ်။
"မငိုပါနဲ့" ရွှယ်ယန်ဟာ ပါးပြင်မှာ စီးကြောင်းထင်နေတဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ သူ့ရဲ့ဒဏ်ရာက သွေးတွေအများကြီး ထွက်နေပေမဲ့ သူဟာ မျက်နှာတစ်ချက်ပျက်မသွားဘူး။ လျန်ယာဟွေ့ဟာ သူ့ပွေ့ထားတဲ့ဒီလူ မသေဆုံးဖို့ကလွဲပြီး ဘာမှဂရုစိုက်မှာမဟုတ်ဘူး။ သူ့ရဲ့အမြင်ကနေ ဟောကိန်းထုတ်တာတွေက အမြဲမှန်နေတယ်။ ဒါကြောင့် သူဟာ သူ့အမြင်တွေကနေ ကွဲထွက်နေတာကို သတိမထားမိဘူး။
"မင်းကိုယ့်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမှာလား" ရွှယ်ယန်ဟာ ချစ်စရာကောင်လေးကိုကြည့်ရင်း နမ်းချင်စိတ်ပြင်းပြလာတယ်။
လျန်ယာဟွေ့ဟာ ခေါင်းငြိမ့်လိုက်ရင်း ဘာနေနေလုပ်ပေးမှာဖြစ်ကြောင်း ပြောလိုက်တယ်။
"ကိုယ့်ကို လက်ထပ်ပါ"
လျန်ယာဟွေ့ဟာ ရှုပ်ထွေးသွားတယ်။ ဒါပေမဲ့သူ့ရဲ့ စိတ်ဟာ ဒီရှုပ်ထွေးမှုကိုချက်ချငိး ဖျောက်ပစ်လိုက်တယ်။ ဒုတိယတစ်ခါတောင်မတွေးဘဲ သူဟာ ချက်ချင်း သဘောတူလိုက်တယ်။ သူ့ကို မျိုးနွယ်စုထဲက ယောက်ျားတွေက လက်မထပ်လိုတာကိုသူသိတယ်။ ဒါကြောင့် သူရွှယ်ယန်ကို ဒီလို လက်ထပ်လိုက်ရလဲ ကိစ္စအထွေးအထူးရှိမသွားဘူးလေ။
ရွှယ်ယန်ဟာ ပြုံးနေတယ်။ သူ့ရဲ့ဒဏ်ရာကဓားနဲ့ထိုးခံရပြီး သွေးထွက်နေပေမဲ့ အသက်ရှင်နိုင်ခြေရှိကြောင်း သူ့အမူအရာကနေသိနိုင်တယ်။ သူဟာ ကောလေးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်။ လျန်ယာဟွေ့ဟာ သူ့ရဲ့ လှုပ်ရှားမှုကိုကြည့်ရင်း သံသယဖြစ်လာတယ်။ သူ(ရွှယ်ယန်)ဟာ သူ့အရှေ့မှာ ဓားနဲ့ထိုးခံရတာကိုတွေ့လိုက်တယ်လေ။ ဒါပေမဲ့ သူဟာ ဒဏ်ရာရနေတဲ့ လူလို မပြုမူဘူး။ သူ့ကို သေသေချာချာလေး စစ်ဆေးပြီးတာနဲ့ လုံးဝပြန်ကောင်းမဲ့ပုံတောင် ပေါက်နေသေးတယ်၊ လျန်ယာဟွေ့ဟာ ရွှယ်ယန်ကို တွန်းထုတ်လိုက်ပြီး ဒဏ်ရာကို စစ်ဆေးတော့တယ်။ ဒါဟာသွေးထွက်နေတုန်းဘဲ ဒါပေမဲ့ ချိုအီတဲ့အနံ့ထွက်နေတယ်။ ဒါဟာ သွေးနဲ့တူတဲ့ ယိုတွေဘဲ။ (syrupdyed လို့ရေးထားပါတယ်။ အရည်ပုံစံရှိတဲ့ ယိုတစ်မျိုးပါတဲ့)
လျန်ယာဟွေ့ဟာ သူ့ကိုစိုက်ကြည့်နေပြီး မေးခွန်းမေးဖို့ မေ့နေပုံရတယ်။
"မင်းကိုယ့်ကို ကတိပေးပြီးသွားပြီနော်" ရွှယ်ယန်ဟာ ပြောပြီးတော့ အခြေအနေကိုရှင်းပြတယ်။
"ရှန်းရှစ်က ကိုယ့်ရဲ့အကိုကြီးကို မင်းမြင်ခဲ့ရတဲ့ပုံရိပ်တွေအကြောင်း ပြောပြထားတယ်လေ။"
ကောင်လေးဟာ သူ့ရဲ့အမြင်တွေကို ရွှယ်ယန်နှုတ်က ပြောလာတဲ့အခါ မာတောင့်သွားတယ်။ သူဟာ ရွှယ်ယန်ကို သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ အရည်အချင်းကို မသိစေချင်ခဲ့ဘူးလေ။ လူတွေက သူ့ရဲ့ ထူးဆန်းတဲ့အပြုအမူ ပြောစကားတွေကို ကြားလိုက်တိုင်း စိတ်ပျက်သွားပြီး မသင်္ကာသလို ကြည့်ကြတယ်။ ဘယ်သူကမှလဲ သူနဲ့ မခင်ချင်ကြဘူး။ ဒါကြောင့်ဘဲ သူဟာ သူ့အရည်အချင်းတွေ စွမ်းအားတွေကို သတိရှိရှိ ထိန်းချုပ်နေတတ်တယ်လေ။
ဒါ့အပြင်သူဟာ တစ်ခြားတစ်ယောက်ကို သူ့ကိုယ်သူထုတ်ပြဖို့ အစီအစဉ်လဲမရှိဘူး။ သူဟာ လူတစ်ယောက်ကိုကြည့်လိုက်ရင်ကို ထိုလူ့အနာဂတ်က သူ့စိတ်ထဲအလိုလိုကို ပေါ်လာတော့တာပါဘဲ။ ရွှယ်ယန်ဟာ ကောင်လေး သူ့အနားက ထွက်သွားဖို့ကြိုးစားနေမှန်း မြင်လိုက်ရတယ်။ ဒါကြောင့် ကောင်လေးရဲ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်။
"ကိုယ့်ဆီကနေထွက်ပြေးမနေပါနဲ့။ မင်းဘာဘဲဖြစ်နေနေ ကိုယ်မင်းကို ချစ်နေမှာမို့လို့..."
ဒါဟာ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး အကိုကြီးအပေါ်ခံစားချက်ရှိခဲ့တဲ့ ရွှယ်ယန်ရဲ့ ရဲရင့်စွာ ထွက်ကျလာတဲ့စကားတွေဘဲ ဖြစ်တယ်။ သူတို့ ပထမဆုံးအကြိမ်စတွေ့ကတည်းက ရွှယ်ယန်ဟာ ဒီကောင်လေးရဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို လူအုပ်ထဲရောက်တိုင်း လိုက်ရှာနေခဲ့တာဖြစ်တယ်။ သူဟာ သူ့အကိုအကြောင်းတောင် မစဉ်းစားဖြစ်တော့ဘူး။ သူဟာ ဒီကောင်လေးကို သူ့ဘဝရဲ့ကယ်တင်ရှင်လေး အဖြစ်သတ်မှတ်ထားတယ်။ သူ့ရဲ့ အသဲကွဲခြင်း စိတ်ပျက်ခြင်းတွေကို ကယ်တင်ပေးတဲ့ လူလေး..။
ရွှယ်ယန်ဟာ အရင်တုန်းကတည်းက သူနဲ့သက်ဆိုင်သူတွေကို ဆုံးရှုံးခံဖို့စိတ်ကူးမထားလေဘူး။ သူဟာ လျန်ယာဟွေ့ရဲ့ လည်ပင်းလေးကို နမ်းလိုက်တယ်။ သူတို့နှုတ်ခမ်းချင်း နမ်းနေမိသည်အထိ လျန်ယာဟွေ့ဟာ ရှော့ရနေတုန်းဘဲ။ သူဟာ အောက်ဆီဂျင်ပြတ်လပ်သွားတဲ့အခါမှ အခုလက်ရှိကို အမှန်ဖြစ်နေကြောင်း သိလိုက်ရတယ်။ အဲ့ကောင်လေး အောက်ဆီဂျင် လိုနေပြီမှန်းသိတော့မှ ရွှယ်ယန်ဟာ လွှတ်ပေးလိုက်တယ်။
"မင်းကတိပေးပြီပြီလေ" လျန်ယာဟွေ့ဟာ ဒီလူရဲ့ puppy eyeတွေကို မြင်ပြီး ခေါင်းငြိမ့်လိုက်ရတော့တယ်။
-------------
နောက်တစ်နေ့မှာ ရွှယ်ထောင်ဟာ အိမ်မှာ လက်ဖက်ရည်သောက်နေတယ်။ သူဟာ ကောလေးကို သတ်တဲ့ကိစ္စအပေါ် စိတ်ပူမနေဘူး။ သူ့အကိုကြီးကလဲ သူ့ချစ်သူကို သတ်ဖို့ စိုင်းပြင်းနေလောက်ရောပေါ့။ ပြီးတော့ ဒါတွေအကုန် ရွှယ်ယန်လုပ်တာလို့ အပြစ်ပုံချလို့ရနိုင်တယ်လေ။
ရွှယ်လုံဝင်လာတော့ သူဟာ အေးအေးဆေးဆေး ဘဲနှုတ်ဆက်လိုက်တယ်။
"အကိုကြီး ဒီနေ့ဘယ်လိုနေလဲ"
ရွှယ်လုံဟာ ဆေးစွမ်းကလွတ်နေပြီးဖြစ်တဲ့အတွက် သူ့ရဲ့ ညီကိုစိုက်ကြည့်နေတယ်။ ဒီညီဟာသူ့ကိုသတ်ဖို့ လုံးဝကိုကြိုးစားခဲ့တာဘဲ။ ဒီညီဟာ အကြီးအကဲနေရာကို လိုချင်နေတယိ။ သူသည်းမခံနိုင်တာက သူ့သတို့သားလောင်း လေးကိုပါထိခိုက်စေခဲ့တာဖြစ်တယ်။ သူဟာ သူ့ချစ်သူလေးကို ထိခိုက်စေတဲ့ ဘယ်သူ့ကိုမဆိုခွင့်လွှတ်မှာ မဟုတ်ဘူး။
"သူ့ကိုခေါ်သွား" ရွှယ်လုံဟာ သူ့လူတွေကို အမိန့်ပေးလိုက်တော့တယ်။ ရွှယ်ထောင်ဟာ ပြန်ခုခံပေးမဲ့ စစ်ပွဲတွေတိုက်ဖူးကြတဲ့ စစ်သားတွေရဲ့အားကို မခုခံနိုင်ခဲ့ဘူး။
"အကိုကြီး ဒါဘာသဘောလဲ"
ရွှယ်လုံဟာ ဆက်ပြီး ဟန်မဆောင်နိုင်တော့ပါဘူး။ ''ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား"
"အကိုကြီး မင်းဘာတွေပြောနေတာလဲဆိုတာ ငါမသိဘူး" ရွှယ်ထောင်ဟာ အပြစ်ကင်းစင်တဲ့ပုံလုပ်ပြတယ်။
ဒါပေမဲ့ လူတိုင်းဟာ သူအကြီးအကဲနေရာလိုချက်နေမှန်း အရင်ကတည်းက သိထားပြီးနေကြပြီလေ။
"လူသတ်ဖို့အကြံအစဉ်နဲ့ လက်ဖက်ရည်ထဲမှာ ထည့်ခဲ့တဲ့ အဆိပ်ဆေး"
ရွှယ်ထောင်ဟာ အတင်းကို ခေါင်းခါငြင်းတယ်။
"အကိုကြီး ကျွန်တော်က အကို့ကို ဒုက္ခရောက်အောင် ဘယ်တုန်းကမှမလုပ်ဖူးဘူး။ လက်ဖက်ရည်ကလဲ လီချန်းက လုပ်ပြီး ပေးတာလေ။ ကျွန်တော် ထိတောင်မထိခဲ့ဖူးဘူးလေ။" သူဟာ လီချန်းအပေါ်ဘဲ အပြစ်ပုံချဖို့ကြံရွယ်လိုက်တော့တယ်။
ရွှယ်လုံဟာ စိတ်ပျက်စွာကြည့်ပြီး "သူကအားလုံးကို ဝန်ခံပြီးသွားပြီ။ ဆက်ပြီး သရုပ်ဆောင်မနေနဲ့တော့"
ဒါကိုကြားတော့ ရွှယ်ထောင်ဟာ မထိန်းနိုင်ဘဲ အော်ဟစ်တော့တယ်။ "ရွှယ်လုံ မင်း အကြီးအကဲနေရာကိုရမယ်မထင်နဲ့။ အဲ့နေရာက ငါ့အတွက်ဘဲ"
ရွှယ်လုံဟာ သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့စစ်သားတွေကို အ့ပင်ကို ဆွဲထုတ်ဖို့ အမူအယာနဲ့ပြလိုက်တယ်။ ဒါကို ရွှယ်ထောင်မြင်တော့ ပိုပြီး အော်ဟစ်လာပြီး သူဟာ ဆွဲထုတ်ခေါ်သွားခြင်းခံလိုက်ရတယ်။
"မင်းရဲ့ ကောလေးက အဆိပ်မိနေပြီးသား။ သူ့မှာ ပျောက်ဖို့အခွင့်အလမ်း လုံးဝမရှိဘူး။ သူက မင်းအတွက် အမွေခံဖို့ ဘယ်တော့မှ ကလေးမွေးပေးနိုင်မှာ မဟုတ်ဘူး"
------------------------------TBC
3435 words.
Thanks for reading my translation 🤗🤗

မနေ့ကတစ်ရက်နောက်ကျသွားတယ်နော်။ mian mian 😣😣😣
မနေ့ကအိမ်ပြန်ဖို့ ပစ္စည်းတွေသိမ်းနေလို့ 😁😸😸

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now