Arc 4.3+ 4.4 (unicode)

5K 265 1
                                    

Arc 4.3
နောက်ရက်တွေမှာ ရွှယ်လုံဟာ သူ့အိမ်ဘေးက ရှန်းရှစ်အိမ်ကို ဝင်ဖို့ ကြံပါတော့တယ်။ လင်းရှီဟာ သူ့မျိုးနွယ်စုထဲက ချစ်သူက ရှာဖို့ ထွက်သွားတော့တယ် သူဟာ သူ့ချစ်သူဖြစ်နိုင်တ့ဲသူအနည်းငယ်ကို list လုပ်ထားပေမဲ့ ဒါက မသေချာသေးဘူးလေ။ သူတစ်နေ့လုံး လှည့်ပတ်ရှာပေမ့ဲ သေချာတ့ဲအကြောင်းအရာတွေ တစ်ခုမှ သူမရခ့ဲဘူး။
"ရှန်းရှစ်'' အသံဟာ သူ့အနောက်က ထွက်လာခ့ဲတယ်။ လှည့်ကြည့်တ့ဲအခါ လင်းရှီဟာ သူန့ဲရွယ်တူလောက်ရှိမဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ရှန်းရှစ်ရဲ့ မှတ်ဉာဏ်ကို ပြန်စဉ်းစားကြည့်တော့ ဒီကောင်လေးဟာ လျန်ယာဟွေ့ (Lian Yahui)  ဖြစ်တယ်။ သူလဲ ကော တစ်ယောက်ဘဲ။ သူ့ရဲ့ မှဲ့နီ ကျူးရှာကျစ်ဟာ ကြက်သွေးရောင် တောက်နေတယ်။
သူ့ရဲ့ ကျူးရှာကျစ်ဟာ တောက်ပနေပေမဲ့ ဒီကောင်လေးန့ဲပတ်သက်ပြီး ထူးဆန်းတ့ဲ သတင်းတွေအများကြီးထွက်နေတယ်။ ဒါပေမ့ဲ သေချာတာတော့ မရှိဘူး။ ကောလဟာလတွေအရ ဒီကောင်လေးက လူတစ်ယောက်ကို ကြည့်တ့ဲအခါ သူစိမ်းတစ်ယောက်ဖြစ်နေရင်တောင်မှ သူတို့ရဲ့ အနာဂတ်ကို မှတ်ယူပြီး ပြောပြနိုင်တယ်။ သူ့မိဘတွေတောင်မှ သူ့ကို နမိတ်မရှိ မင်္ဂလာမရှိဘူးလို့ မှတ်ယူပြီး ရှောင်ဖယ်ခံထားရတ့ဲ ကောငယ်လေးဖြစ်တယ်။ စကားပြောတတ်စအရွယ်မှာ လျန်ယာဟွေ့ဟာ သူ့မိဘတွေကို ကြည့်ပြီး သူတို့ဆီမှာ ချစ်တ့ဲသူတစ်ယောက်စီရှိနေကြောင်း ပြောပြမိလိုက်သေးတယ်။ သူဟာ ငယ်လွန်းတော့ ဘာမှမသိဘဲ လူတွေရဲ့ မကောင်းတ့ဲအဖြစ်အပျက်တွေ သူတို့ ဘယ်လိုသေဆုံးရမယ်ဆိုတာတွေ မကောင်းတဲ့ ကံကြမ္မာတွေကို ပြောပြလိုက်သေးတယ်။ ဒါကြောင့် သူတို့မျိုးနွယ်စု ဟာ ဒီကောငယ်လေးဟာ သူတို့မျိုးနွယ်စုရဲ့ မကောင်းတ့ဲ ကံကြမ္မာကို ယူဆောင်ခ့ဲတ့ဲသူလို့ ထင်မှတ်သွားကြတယ်။
ရှန်းရှစ်ဟာ သူ့ရဲ့ ကောလဟာလတွေကို ဘေးဖယ်ပြီးတော့ သူန့ဲပေါင်းသင်းတယ်။ သူတို့ဟာ အရင်းနှီးဆုံးသူငယ်ချင်းတောင်ဖြစ်လာကြသေးတယ်။ လျန်ယာဟွေ့ဟာ သူ့ရဲ့ စွမ်းအားကို နားလည်လာပြီး သူ့မျိုးနွယ်စုက လူတွေန့ဲတောင် စကားမပြောတော့ပါဘူး။ ရှန်းရှစ်က လွဲပြီးတော့ပေါ့။
သူဟာ လူတိုင်းရဲ့ အနာဂတ်တွေကို မြင်ရတယ်။ ဒါပေမ့ဲ ရှန်းရှစ်ရဲ့ ဟာကို မမြင်ရဘူး။ ဒါကြောင့်ရှန်းရှစ်န့ဲဆို သာမန်လူလိုဘဲ ခံစားရစေတယ်။
လင်းရှီဟာ လျန်ယာဟွေ့မှာ တကယ် အနာဂတ်ကို မြင်နိုင်လား မမြင်နိုင်ဘူးလားဆိုတာ သူမသိဘူး။ ဒါပေမ့ဲ ဒီကောင်လေးဟာ ရှန်းရှစ်ကို အန္တာရာယ်တွေ ဒုက္ခတွေ မပေးမှတော့ ဒီကောင်လေးကို ဘာမှမလုပ်ဘဲ ကောင်းကောင်းဆက်ဆံရတော့မှာပေါ့။
"Ah??ဘာဖြစ်တာလဲ'' လင်းရှိ်ဟာ မေးလိုက်တယ်။ ဒီကောင်လေးရဲ့ မျက်နှာမှာ စိုးရိမ်နေတ့ဲအရိပ်အယောင်တွေကိုလဲ တွေ့လိုက်ရတယ်။
"ငါမင်းဆီမှာ မကောင်းတ့ဲဟာ ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်'' လျန်ယာဟွေ့ဟာ သူ့သူငယ်ချင်းရဲ့အနာဂတ်ကို မမြင်ရပေမ့ဲ သူ့စိတ်ဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ ခံစားနေရတယ်။ ကောင်းတာဘဲ ဖြစ်ဖြစ် ဆိုးတာဘဲ ဖြစ်ဖြစ် ဖြစ်လာတော့မယ်ဆိုတာ သေချာတယ်။ သူမနေ့က ထူးဆန်းတ့ဲခံစားချက်ကြီးရခ့ဲတယ် ဒါကြောင့် မနေ့ကလဲတစ်နေကုန်လိုက်ရှာခ့ဲတယ်။ ခုမှဘဲသူ့ကို တွေ့တော့တယ်။
လင်းရှီဟာရယ်လိုက်ပြီး "ငါက ကောင်းပါတယ်။ အခု ငါပြန်တော့မယ်။ '' သူဟာ ဝှေ့ယမ်းနှုတ်ဆက်ပြီး ပြန်သွားတော့တယ်။
သူရဲ့ နောကိကျောကို ကြည့်ပြီး လျန်ယာဟွေ့ဟာ ထူးဆန်းသလို ခံစားလိုက်ရတယ်။ လူက ကွဲပြားနေသလိုဘဲ။ သူ့ရဲ့အနာဂတ်ဟာ ဘယ်လိုမှ ဟောကိန်းထုတ်မရလောက်အောင် မှုန်ဝါးနေတယ်...။
-------------------------
ရွှယ်လုံဟာ ဘေးအိမ်ကိုသွားပြီးတဲ့ လမ်းမှာ ချစ်စရာကောင်လေးကိုတွေ့လိုက်ရတယ်။ ဒီကောင်လေးဟာ သူ့ရဲ့ သတို့သားလောင်းလေးဘဲ။ ဒါပေမ့ဲ သူ့ဆီမှာ သက်သေပြဖို့ လက်စွပ်မရှိဘူးဖြစ်နေတယ်။ သူဟာ တံခါးကိုခေါက်လိုက်တ့ဲအခါ လီချန်းဟာ တံခါးကို ဖွင့်ပေးတယ်၊ ရွှယ်လုံကို မြင်တ့ဲအခါ သူဟာ စိတ်လှုပ်ရှားလာပြီး ဒါဟာ သူ့ကို လာရှာတာလို့ ထင်လိုက်မိတယ်။
"ငါ့ကို ကယ်တင်ခ့ဲတ့ဲအတွက် ကျေးဇူးတင်ပါတယ်'' ရွှယ်လုံရဲ့ လက်ထဲက တန်ဖိုးမြင့်တ့ဲဆန်တွေကို ထည့်ထားတ့ဲ ခြင်းကို သူ့ဆီလွှဲပေးလိုက်တယ်။ အ့ဲဒီထဲမှာ ရှားပါးတ့ဲ စားစရာတွေတောင်ပါသေးတယ်။
လီချန်းဟာ ရင်တွေခုန်နေပြီး ချက်ချင်း အိမ်ထဲဝင်စေတယ်။ ပြီးတော့ ညစာစားဖို့ဖိတ်တ့ဲအခါ ရွှယ်လုံဟာ ပျော်ပျော်ကြီးကို လက်ခံပစ်လိုက်တယ်။ သူ့ရဲ့ ဖခင်ဟာ သိပ်တော့မအံ့သြလေဘူး။ ရွှယ်လုံဟာ ရိုးဖြောင့်တ့ဲသူဖြစ်ပြိ်းတော့ သူ့ကိုကယ်တင်တ့ဲသူကို ကျေးဇူးဆပ်တာ ဒါပုံမှန်လိုဘဲလေ။ သူတို့ဟာ စားစရာတွေကို ပြင်ဆင်လိုက်ပြီး ရွှယ်လုံနဲ့ စကားစမြည်ပြောကာ စားသောက်ဖို့ပြင်လိုက်တယ်။
"တခြားကောင်လေးကော'' ရွှယ်လုံဟာ သူ့ရဲ့ သတို့သားလောင်းလေးကိုပါ ရှိနေစေချင်တယ်။ ဒါပေမ့ဲ သူဟာ ဘာမှမသိတ့ဲပုံစံဖမ်းထားတယ်။
"Oh! အခုဆို သူအပြင်မှာ စားပြီးသွားလောက်ရောပေါ့။ သူ့ကိုစိတ်ထဲထားစရာ မလိုပါဘူး" ရှန်းရှစ်ရဲ့ပထွေးဟာ ပုံမှန်အတိုင်းဘဲ ပြောလိုက်တယ်။ ဘယ်ဧည့်သည်မဆို သူ့အဖြေကို လက်ခံကြတယ်။ ဒါပေမ့ဲ ရွှယ်လုံဟာ သာမန်ဧည့်သည်မှမဟုတ်ဘဲ။
သူဟာ မစားတော့ဘဲ ထိုင်နေလိုက်တယ်။ ကို့ကိုးကားယားနိုင်တ့ဲ တိတ်ဆိတ်မှုကြီးဟာ ကြီးစိုးသွားတယ်။ လီချန်းဟာ ဒီအခြေအနေကြီးကို လက်မခံနိုင်ဘဲ ရှန်းရှစ်ကို သွားခေါ်တော့တယ်။
လင်းရှီဟာ သူ့ညီဝမ်းကွဲန့ဲ ပထွေးက သူန့ဲအတူတူ ထမင်းစားဖို့ ဖိတ်ခေါ်တ့ဲအတွက် ခေါင်းရှုပ်သွားတယ်။ သူတို့ဟာ ရှန်းရှစ် အဆာလွန်ပြီး သေသွားခ့ဲရင်တောင် ဂရုစိုက်မ့ဲသူသူတွေမှ မဟုတ်တာ။ သူဟာ ထမင်းစားခန်းထဲရောက်မှ ဘာလို့ ဒီလို လုပ်လဲဆိုတာ သဘောပေါက်တော့တယ်။ တကယ့်အရေးကြီးတ့ဲ ရွှေခြေသလုံးကြီးဟာ ထမင်းစားခန်းထဲမှာထိုင်နေတယ်။
"အဖေ၊ ညီလေး ကျွန်တော် ဗိုက်မဆာသေးဘူး။ ဒါကြောင့်ကျွန်တော် မပါဘဲ စားလိုက်လဲရတယ်" လင်းရှိ်ဟာ ရွှယ်လုံန့ဲ ဒီသားအဖ အခြေအနေတိုးတက်အောင် လုပ်ပေးလိုက်တယ်။ ဒါပေမ့ဲ ရွှယ်လုံဟာ သူ့ရဲ့ အစီအစဉ်ကို ဖျက်စီးပစ်လိုက်တယ်။
ဒီကောလေး ပိန်ပိန်လေးဖြစ်နေတာကို မြင်တော့ရွှယ်လုံဟာ ဝအောင် ကျွေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ လင်းရှီကို စားပွဲဆီကို ဆွဲခေါ်လာပြီး သူ့ပန်းကန်းထဲကို ဟင်းတွေထည့်ပေးလိုက်တော့တယ်။
လင်းရှီဟာ ဒါကိုမြင်တော့ စားလိုက်ဖို့သာ တတ်နိုင်တော့တယ်။ လီချန်းဟာ ရှန်းရှစ်ကို စိုက်ကြည့်နေတယ်။
မင်းဘာလို့ ငါ့ကိုစိတ်တိုနေတာလဲ...။ ငါငြင်းလိုက်တယ်လေ..။ ဒါပေမ့ဲဒီလူက ငါ့ကို နေစေချင်နေလို့လေ..။
လင်းရှီဟာ ရွှယ်လုံရဲ့ အမူအယာတွေကို နားမလည်တော့ဘူး။ ဒါကြောင့် ခန့်မှန်းပြီး နေရတော့တယ်။ သူဟာ ပန်းကန်ထဲက အသားတွေကို စားပြီး အသီးအရွက်တွေကိုတော့ ချန်ထားလိုက်တယ်၊ ရွှယ်လုံဟာ ရှနိးရှစ်ကို အာရုံစိုက်နေတာဖြစ်တော့ ဒါကို သိသွားတယ်။ သူဟာ မျက်မှောင်ကြုတ်လိုက်ပြီး တူန့ဲ ပန်းပွင့်စိမ်းကို ညှပ်ကာ လင်းရှီပါးစပ်ရှေ့ ခွံ့ကျွေးဖို့ ပြင်လိုက်တယ်။
"စား''
လီချန်းဟာ ဒါကိုမြင်တော့ သူ့မျက်ဝန်းတွေဟာ အေးခဲသွားတယ်။ လင်းရှီဟာလဲ စိတ်ပျက်သွားတယ်။ သူဟာ ပန်းပွင့်စိမ်းအပါအဝင် အသီးအရွက်တွေအားလုံးကို မုန်းတယ်။ ရွှယ်လုံက သူ့ကို ဒါကြီးလာကျွေးတော့ သူစိတ်တိုလာတယိ။ တကယ်လို့ သူ့ချစ်သူကသာ အသီးအရွက် လာကျွေးခ့ဲရင် ကျိတ်မှိတ်ပြီး စားလိုက်မှာ။ သူ့ချစ်သူကိုဘဲ ဒီလိုကျွေးဖို့သူခွင့်ပြုနိုငိမယ်။ လင်းရှီဟာ ပါးစပ်ပိတ်ပြီး ငြင်းပစ်လိုက်တယ်။ ဒါကြောင့် ရွှယ်လုံဟာ လွှတ်ထားလိုက်ရတယ်။
Baby, မင်းအရမ်းကို ငြီးငွေ့နေတာထင်တယ်။ ကိုယ်ဒီအကျင့်ကို ပြင်ပေးမယ်...။
ညစာလဲစားပြီးရော ရွှယ်လုံဟာ လက်စွပ်ကို ရှာတွေ့သွားတယ်။ စားပွဲရဲ့ အောက်ဘက်က အံဝှက်ထဲကနေပြီးတော့ပေါ့။ သူဟာ ဘယ်သူမှသတိမထားမိဘူးသေချာမှ သူ့အိမ်ကို ပြန်လာခ့ဲတယ်။ သူဟာ သူ့အဖေရဲ့ ရာထူးကို ဆက်ခံရဦးမယ်။ သူ့ရဲ့ ညီတွေကလဲ သူ့ကို သာမက သူ့သတို့သားလောင်းလေးကိုပါ မခြိမ်းခြောက်နိုင်အောင် သူသေချာ လုပ်ဖို့လိုနေပြီလေ။
"အကို ရွှယ်လုံကို အကိုက သူ့သတို့သားပါလို့ပြောလိုက်သေးလား။'' လီချနိးဟာ ရွှယ်လုံရဲ့ သူ့အကို အပေါ် ပြုမူပုံကိုကြည့်ပြီး မေးခွန်းထုတ်လိုက်တယ်။ ရွှယ်လုံဟာ ရှန်းရှစ်ကို တံတားဝမှာ တစ်ခါဘဲဆုံဖူးတာ သေချာပါတယ်။ ဒါပေမ့ဲ ထမင်းစားစားပွဲမှာ သူတို့ဟာ နှစ်ပေါင်းများစွာ လက်ထပ်ထားတဲ့ စုံတွဲလို ပြုမူနေတယ်။
"ညီလေး ငါမင်းကို မင်းက သူ့သတို့သားဖြစ်နိုင်တယ်လို့် ပြောပြီးပြီလေ။ ငါသူ့ကို မလိုချင်ဘူး" လငိးရှီဟာ ပြန်ဖြေလိုက်တယ်၊

Their Eternal Love (Arc 4 Xian Shi ဘဝ)Where stories live. Discover now