11.24 (U)

7.9K 739 6
                                    

11.24

ချယ်မန်း ကျောင်းသားတွေက ကွင်းဆင်းလေ့လာရေးပြီးတာနဲ့ ဗိုလ်ကြီး အော့စ်ဘွန်းနဲ့ စီရှယ်ကြားက လေထုက လုံးဝပြောင်းလဲသွားတာတွေ့ပြီး အံ့သြနေကြတယ်။ သူတို့က နေ့တိုင်းနီးပါး အတူရှိနေပြီး စာသင်ခန်းထဲမှာတောင် အော့စ်ဘွန်းက လူအများကြား စီရှယ့်ကို ခဏတိုင်း လှမ်းကြည့်ဖို့ရာ မမေ့ပေ ။

သူမျက်စိ ခဏ လွဲလိုက်တာနဲ့ ကောင်လေး ပျောက်ကွယ်သွားမှာ ကြောက်နေသလိုမျိုး...

တကယ်လို့ စီရှယ်က မျက်လုံးတစ်ဖက်မှိတ်ပြတာမျိုး ဒါမှမဟုတ် မျက်ခုံးပင့်ပြတာမျိုး လုပ်မိခဲ့ရင် အော့စ်ဘွန်းက ချိုချဉ် ရထားတဲ့ ကလေးတစ်ယောက်လို ရယ်မောနေခဲ့တယ်။

အဲဒါအပြင် စီရှယ်နဲ့ အရင်က အရမ်းနီးကပ်တဲ့ ကယ်လီက ဂျိုရှုအာ ကို ရုတ်တရက် ဖြစ်နိုင်သမျှ နည်းလမ်းအကုန်လုံးနဲ့ အာရုံစိုက်လာတယ်။

ဒီအတွဲနှစ်တွဲက ဘာတွေလုပ်နေတာလဲ။ ပါတနာတွေ ပြောင်းတွဲနေတာများလား။ ဒီထူးဆန်းမှုကို အာရုံစိုက်ဖို့ အချိန်မရှိပေ။

ဘာလို့ဆို တခြား ကြီးမားတဲ့ ဖြစ်ပျက် ပေါ်ပေါက်လာပြီး အားလုံးရဲ့ အာရုံစိုက်မှုယူသွားခဲ့တယ်။ အယ်ဒရစ်အိုကြီးကို အင်အားကြီးတဲ့ မိသားစုတော်တော်များများကနေ ချယ်မန်းကျောင်းရဲ့ ဖြေဆိုသူတွေ ကယ်ဆယ်ရေးမှာ အနှောင့်ယှက်ပေးမှုကြောင့် လတ်တလော တရားစွဲထားတယ်။

နောက်ဆုံး ဝင်ခွင့်စာမေးပွဲမှာ အော့စ်ဘွန်း ဦးဆောင်တဲ့ ကယ်ဆယ်ရေးအသင်းက ပင့်ကူတွေ ပိတ်မိနေတဲ့ ဖြေဆိုသူတွေကို အချိန်မှီကယ်တင်နိုင်ခဲ့ပေမဲ့ သူတို့စီးနင်းလာတဲ့ ကြယ်သင်္ဘော စွမ်းအားအသွင်ပြောင်းရေး ဖျက်စီးခံလိုက်ရတာကြောင့် နာရီဝက် နောက်ကျသွားခဲ့တယ်။ တကယ်လို့ စီရှယ် သာ ဒါကို မဖြေရှင်းနိုင်ခဲ့ရင် ဖြေဆိုသူတွေအကုန်လုံး အသတ်ခံရမှာ ဖြစ်တယ်။

အဲဒါပြီးတော့ အော့စ်ဘွန်းက ဒီကိစ္စကို စတင်စုံစမ်းခဲ့ပြီး အယ်ဒရစ် မိသားစုက ထောက်ပံ့ထားတဲ့ ဆရာ တွေကို ဖမ်းပြီး သက်သေတွေ စုဆောင်းခဲ့တယ်။ သူက သက်သေတွေကို အဲဒီအချိန်က ဖမ်းမိခံထားရတဲ့ ကျောင်းသားမိဘတွေဆီ ပေးပို့ခဲ့ပြီး ဘာဆက်လုပ်မယ်ဆိုတာ သူတို့ကို ရွေးချယ်စေခဲ့တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now