11.5 (U)

7.2K 941 1
                                    

11.5

ရုတ်ရုတ်သဲသဲဖြစ်ပြီး တစ်ပတ်အကြာမှာ မျက်တွင်းတွေကျနေတဲ့ အော့စ်ဘွန်းက ဘားနက်မိသားစုရဲ့အိမ် ဆီသွားခဲ့တယ်။

ဘားနက်အိုကြီးရဲ့ အမိန့်အရ ဘယ်သူကမှ သူ့ကို မဧည့်ခံကြချေ။

ဂျော်နီ က အလုပ်မှာဖြစ်ပြီး ဂျက်စပါနဲ့ ကော်နဲလ်ကျ အခန်းထဲမှာ ပိတ်လှောင်ထားတယ်။ ဒါကြောင့် စီရှယ်ရဲ့ ညီငယ်ဖြစ်တဲ့ ဘီတာလေး အာချီ တစ်ယောက်သာ နှုတ်ဆက်လေတယ်။

" စီရှယ်ကို အခုတွေ့ချင်တယ်။ အဲလိုမှ မဟုတ်ရင် မတွေ့ရမချင်း ဘားနက်အိမ်ကို နေ့တိုင်းလာမယ် "

အော့စ်ဘွန်းက ခက်ခဲတဲ့ တောင်းဆိုမှုကို ပြုလုပ်ခဲ့တယ်။ သူက စီရှယ်ရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး စက်ဆုပ်လေတယ်။ တကယ်လို့ သူ ဒီလိူပြုမူလိုက်လို့ သူ့အပေါ် ချစ်မိသွားမယ် ထင်နေရင် သူ မှားသွားပြီ။

အဲဒီလို အရူးရူး အမူးမူး လျှောက်လုပ်တတ်တဲ့သူကို ဘယ်တော့မှ ချစ်လာမည် မဟုတ်ပေ။

" ဒီမှာ ခဏစောင့်ပေးပါ ...... ဘိုးဘိုးကို သွားမေးလိုက်ဦးမယ် " အာချီ က သူ့လက်ကောက်ဝတ်က ကိုယ်ပိုင် terminal ကို ဖွင့်ရင်း ပြောလိုက်တယ်။

ဘားနက်အိုကြီးရဲ့ အသံသြသြက ထွက်ပေါ်လာတယ်။

" စိတ်အနှောင့်အယှက် ပေးလွန်းတဲ့ မက်သရူးကောင်စုတ်လေး ထွက်သွားပြီလား "

အာချီက ရှက်ရှက်နဲ့ပဲ အော့စ်ဘွန်းကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူ့ခေါင်းကို ခါရင်း "မသွားသေးဘူး...... ဘိုးဘိုး သူက ထွက်မသွားဘူးလို့ ပြောနေတယ်။

သူကအကိုကြီး စီရှယ် နဲ့တွေ့ဖို့ လိုတယ် ပြောနေတယ်။ မဟုတ်ရင် သူက နေ့တိုင်း အိမ်ကို လာမယ်တဲ့"

" ဘာ ... အလိုလိုက်ထားလို့ ပျက်စီးနေတဲ့ ကောင်စုတ်လေးပဲ။ ခဏစောင့် ... သူ့ခြေနှစ်ချောင်းကို ချိုးပစ်ပြီး ကန်ထုတ်ဖို့ လူတချို့ လွတ်လိုက်မယ် "

ဘားနက်အိုကြီးက အော့စ်ဘွန်း စေ့စပ်ပွဲဖျက်တဲ့ နေ့ကတည်းက အဲဒီလို လုပ်ချင်နေတာ ဖြစ်တယ်။

အာချီက ပိုပြီး ရှက်ကိုးရှက်ကန်း ဖြစ်လာတယ်။

ဒါပေမဲ့ အော့စ်ဘွန်းကတော့ မျက်မှောင် တစ်ချက် မကြုတ်ပေ။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now