ဂျိုရှုအာ က သူရဲ့ဘဝကိုလည်း မနှစ်မြုပ်ချင်ဘူး။ ဒါကေမဲ့ သူက အော့စ်ဘွန်းကို ထောင်ချောက်ဆင်ပိတ်ဖမ်းဖို့ လိုကိုလိုအပ်နေတယ်။ အဲဒါကြောင့် မက်သရူးအိုကြီးကို ရှာခဲ့တာ ဖြစ်တယ်။ ထောက်ခံချက် ရလိုက်တာက သူက ပထမစစ်တပ်ထဲ နေရာတနေရာစာ ရလိုက်တာနဲ့အတူတူပဲ...... သူ့ကို တောက်ပတဲ့ အနာဂတ်က စောင့်မျှော်နေတယ်။

မိနစ်နှစ်ဆယ်ကြာတဲ့အခါမှာ သူက heat ကို စောစော ဖြစ်စေတဲ့ ဆေးတမျိုး ထိုးသွင်းလိုက်တယ်။ ဟော်မုန်းနံ့တွေ ပြင်းလာတဲ့အခါ အော့စ်ဘွန်းလည်း ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပေ။

လှည့်စားတယ်ပဲပြောပြော ဘယ်လိုပဲပြောပြော ဒါက အကျိုးရှိတယ်ထင်သရွေ့ ဘယ်သူမှ သူ့ခံယူချက်ကို တုန်လှုပ်စေနိုင်မှာ မဟုတ်ပေ။ ဂျိုရှုအာရဲ့ စိတ်ထဲမှာ သူ့ဘာသာသူ အားပေးရင်း တုန်ရီနေတဲ့လက်တွေနဲ့ ကြယ်သီးတွေ ချွတ်လိုက်ပြီး သူရဲ့ပိန်ပါးလှတဲ့ ခန္ဓာကိုယ်လေးကို ဖော်ပြရင်း သက်တောင့်သက်သာ နေနေတယ်။

အော့စ်ဘွန်းက ချက်ချင်း လှည့်ထွက်လိုက်ပြီး အားပြင်းပြင်းနဲ့ သတ္တု တံခါးကို ထုရိုက်နေခဲ့တယ်။ သူ ဒီကနေ ထွက်သွားဖို့ လိုအပ်တယ်။

" အသုံးမဝင်တော့ဘူးး အဲဒါက အထူးယာဉ်တွေ၊ ကြယ်တာရာ ကင်းလှည့်ယာဉ်တွေမှာ အသုံးပြုတဲ့ PU34 နဲ့လုပ်ထားတာ အမာဆုံးသတ္တု ပဲ... 3S အဆင့် ကြံ့ခိုင်မှုရှိတယ်ဆိုရင်တောင် ဒါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး "

ဂျိုရှုအာ က ချွေးတွေ အရမ်းထွက်နေပြီး သူ့အနောက်ဘက်က နေရာကလည်း ပိုပိုပြီး တောင့်တလာတယ်။ သူက တုတ်ပြီး မာကြောတဲ့ အရာတစ်ခုကို အသည်းအသန် လိုအပ်နေတယ်။

သူက အော့စ်ဘွန်း တံခါးကိုဆက်တိုက်ထုရိုက်နေတာ နားထောင်ရင်း ရယ်မော ပြောလိုက်တယ်။

" ဘယ်လာက်ပဲ ခုခံနေနေ ခဏနေ စိတ်လိုလက်ရ ကျွန်တော့်ဆီ ချည်းကပ်လာပြီး ကျွန်တော့် ခန္ဓာကို ထွေးပွေ့ထားလိမ့်မယ်။ စီရှယ်ကသာ ကျွန်တော်တို့နှစ်ယောက် ပေါင်းစည်းသွားတာသိရင် သူက ချစ်နေပါ့ဦးမလား။

အော် ဟုတ်သားပဲ။ ဆောရီး ... ဒါမေးတာက အကျိုးမရှိဘူးပဲ။ သူကမှ မချစ်တာ။ သူ ချစ်တာ ကယ့်လီကိုလေ။ ဘယ်သူနဲ့ပေါင်းပေါင်း သူက ဂရုစိုက်မှာတောင်မဟုတ်ပါဘူး။ ဘာလို့ခုခံနေရတာလဲ။ "

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now