" ဟုတ်ကဲ့ ဗိုလ်ကြီး " သူက အလေးပြုလိုက်ပြီး ကာင်လေးကို ပြုံးကာ ပြောလိုက်တယ် " နောက်တခါ ထပ်တွေ့ချင်သေးတယ် စီရှယ် "

ယွင်ရှန့်က လက်ကို ယမ်းရင်း လမ်းလျှောက်သွားတဲ့ အရပ်ရှည်ပြီး တောင့်တောင့်တင်းတင်း နောက်ကျောလေးဆီ ကြည့်နေမိတယ်။ ကယ်လီ ကလစ် က ဒီကမ္ဘာရဲ့ သားတော်၊ အင်ပါယာရဲ့ အနာဂတ် ဘုရင် ပြီးတော့ ဂျိုရှုအာ ရဲ့ ခင်ပွန်း ဖြစ်တယ်။

သူ့ချစ်သူက တခြားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အတွဲဖြစ်နေခဲ့ပြီး အဲဒီလူက သူ့အရင်ဘဝနဲ့ တူညီတဲ့ မျက်နှာရော နာမည်ရော ရှိတဲ့သူ ဖြစ်နေတယ်။ ကမ္ဘာရဲ့ ဖျက်လိုဖျက်ဆီး လုပ်တဲ့ သတိရှိမှုက ယွင်ရှန့်ကို မျက်မှောင်ကြုတ်စေတယ်။

အော့စ်ဘွန်းရဲ့ မျက်နှာက သူတို့နှစ်ယောက် စကားပြောနေတဲ့အတွင်း သွေးရောင် မရှိလောက်အောင် ဖြူဖျော့နေတယ်။ သူက သူရဲ့အတွင်းစိတ်ကို ဖုံးကွယ်လိုက်ရင်း ပြောလိုက်တယ်

" စီရှယ် ကိုယ် ပြောစရာ ရှိတယ်။ ကယ်လီ က အင်ပါယာရဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်။ ကလစ် ဆိုတာက သူ့အမေဘက်က နာမည် ... သူ့နာမည်ရင်းက ကယ်လီ လီနွန်း"

ယွင်ရှန့်က နောက်ဆုံးတော့ ဘေးမှာရပ်နေခဲ့တဲ့ သူ့ကို ပြန်အဖတ်လုပ်လေပြီ။

သူက မျက်ခုံးတွေ ပင့်ရင်း မေးလိုက်တယ် " ဂလင်း ဖယ်ထားတဲ့ အိုမီဂါ နဲ့အတူတူ မရှိနိုင်ဘူးဆိုတာ သတိပေးနေတာလား"

အဲဆို မင်းက အဲဒီလောက်ထိတောင် ရည်ရွယ်ထားပြီးပြီပေါ့

အော့စ်ဘွန်းရဲ့ လည်ဇလုတ်လေး အနည်းငယ် တုန်ခါသွားပြီး ခါးသီးတဲ့ ခံစားချက်တွေက လည်ချောင်းထဲ တစ်ဆို့နေသလိုမျိုး သူ့ကို စကားမပြောနိုင်အောင်ထိ ဖြစ်သွားစေတယ်။ သူက ခဏ တိတ်ဆိတ်သွားရင်း အသံသြသြနဲ့ ပြန်ပြောလိုက်တယ်
" ဟုတ်တယ်။ မင်းသားတစ်ယောက်က ထူးချွန်တဲ့ မျိုးဆက်တွေ လိုအပ်တယ်။ စီရှယ် ကိုယ် မင်းကို မနာကျင်စေချင်ဘူး..."

" အဲလို ပြောဖို့ အရမ်းနောက်ကျနေပြီလို့ မထင်မိဘူးလား။ အကြီးမားဆုံး ခေါင်းကိုက်စရာ ပေးခဲ့တာ ဘယ်သူမို့လဲ " ယွင်ရှန့်က လှောင်ပြောင်ရင်းနဲ့ မေးလိုက်တယ်။ ပြီးတော့ သူက ယုံကြည်မှုရှိရှိ ထပ်ပြောလိုက်တယ်

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now