" ဟုတ်သား ... အခု ချက်ချင်း ညှစ်လိုက်မယ်" ဒါရန်က ကောင်လေးကို အံ့သြတကြီး ကြည့်ရင်း အပင်ကို သံပုံးထဲထည့်ပြီး ကျောက်တုံးနဲ့ခြေဖို့ လုပ်နေတယ်။ သူက ကောင်လေးကို နီးကပ်စွာ ချည်းကပ်နေတဲ့ သူ့ဝမ်းကွဲအကိုကို ပထုတ်ဖို့လည်း မမေ့ပေ။


" အခု မြင်တဲ့အတိုင်း အန္တရာယ်လည်း မရှိတော့ဘူး။ တစ်ယောက်မှလဲ အကူအညီတောင်း ခလုတ် မနှိပ်လိုက်ဘူးဆိုတော့ ထွက်သွားလို့ရပြီလေ။ နောက်တခါကျ စောစောလာပေါ့။ စိတ်လှုပ်ရှားမှုကုန်တဲ့ အထိ စောင့်မနေနဲ့ပေါ့"

အော့စ်ဘွန်းက တကယ်ကို သူ့ကို ဖမ်းဆွဲပြီး လည်ပင်းညှစ် သတ်ပစ်ချင်နေတယ်။ ဒါပေမဲ့ သူက တိတ်ဆိတ်စွာပဲ မတ်တတ်ရပ်နေလေတယ်။ စီရှယ်က အရည် ညှစ်ဖို့ရာပဲ အာရုံစိုက်ထားပြီး သူ့ဘက် တချက်လေးတောင် စောင်းငဲ့မကြည့်တာကို မြင်မှ စိတ်ဓာတ်ကျစွာနဲ့ ထွက်သွားလေတယ်။

ယာဉ် က လေထုထဲ မြင့်တက်သွားပြီး screen မှာ ရှိနေတဲ့ ကောင်လေးကလည်း ဖြေးဖြေးချင်း အနက်ရောင် အစက်ကနေ သစ်ရွက်အလွှာတွေထဲ လုံးဝ ပျောက်ကွယ်သွားလေတယ်။ သူ့နှလုံးသားက ရုတ်တရက် မောပန်းလာတယ်။

သူ့နှလုံးသားက ခွဲခွာမှုကို ခံနိုင်ရည် မရှိတော့ပေ။

သူက အရင်က ဒီကောင်လေးကို အကြိမ်များစွာ ပျောက်ဆုံးခဲ့ရသလိုမျိုး ...... သူက အမှောင်ထုကို ဖြတ်ရင်း ကောင်လေးကို တွေ့ဖို့ လိုက်လံရှာဖွေနေတယ် နောင်တကြိမ် ထပ်တွေ့ရဖို့ပေါ့......

သူကမြေပေါ်ကို ဆင်းသက်ရင်း ကြယ်တာရာကွန်ယက်ကို ချက်ချင်းဖွင့်လိုက်တယ်။ video တွေအများကြီးထဲက ကောင်လေးရဲ့ channel ကို ရှာဖွေနေတယ်။ အဲဒီနောက်မှ သူ့နှလူံးသားက ပြန်ပြီး တည်ငြိမ်လာတော့တယ်။

ယွင်ရှန့်က အပင်ရဲ့အရည်ကို သုံးပြီး ပင့်ကူအိမ်တွေကို အရည်ဖျော်ပစ်လိုက်တယ်။ ပိတ်မိနေတဲ့ ဖြေဆိုသူတွေကို လွှတ်မြောက်စေခဲ့တယ်။ အဲဒီနောက် သူတို့ဟာ တစ်ရက်တစ်ည ပြေးပြီးတော့ နောက်ဆုံးမှာ ဆုံရပ်ဆီ ရောက်လာခဲ့တယ်။ ဘာမှလုပ်စရာ မကျန်တော့တဲ့အတွက် သူတို့က မြက်ခင်းပေါ် လှဲလိုက်ကြတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now