ဒုတိယအတွဲ Part 12

Start from the beginning
                                    

" ဝေ့ရင်းကအရမ်းဖြူစင်တယ် ပြီးတော့သူက
လူမဟုတ်ဘူး "

" အဲ့ဒါကြောင့် အစ်ကိုလေး ရေနဲ့နီးတဲ့အခန်းကိုလာနေတာလေ အစ်ကိုဝေ့ရင်းကို ဘယ်သူမှမမြင်စေရပါဘူး ကျွန်တော့်အမြဲတမ်းစောင့်ကြည့်နေမှာပါ "

" အဲ့ဒါထက် ပါးပါးမိန်းမက စိတ်ထားပုတ်တယ်
မင်းတွေ့တယ်မဟုတ်လား "

" တွေ့တယ် သခင်လေး သူမကောင်းဘူး
ကျွန်တော်သူကို သတ်ပစ်လိုက်ရမလား "

အားယွမ်ကိုပြောတာကို ပြန်ဖြေတဲ့ ဝေ့ရင်းကြောင့် Yiboလန့်သွားသည်။

" ဒီမှာအဲ့လိုလုပ်လို့မရဘူး ဝေ့ရင်း မင်းနေခဲ့တဲ့နေရာတွေလို မိစ္ဆာသတ်သလို လူတွေကိုသတ်လို့မရဘူး  "

" ဟုတ်တယ် အစ်ကိုဝေ့ရင်း ရဲဖမ်းလိမ့်မယ် "

" ရဲဆိုတာဘာလဲ "

ဝေ့ရင်းနားမလည်စွာမေးလိုက်သည်။ Yibo
ဝေ့ရင်းပုခုံးကို လက်နှစ်ဖတ်နဲ့ကိုင်ကာ

"ဝေ့ရင်း ငါကိုသေချာကြည့် "

" သခင်လေး "

ဝေ့ရင်းသခင်လေးမျက်လုံးကို ကြည့်ကာ ခေါ်လိုက်သည်။

" ငါ့စကားကိုနားထောင်ရမယ် "

" ကျွန်တော့်အမြဲတမ်း သခင်လေးစကားဆို နားထောင်ပြီးသားပါ "

" ဒီထက်ပိုနားထောင်ရမယ် ကတိပေး "

" ဟုတ်ကဲ့ နားထောင်ပါမယ် သခင်လေး
ကတိပေးပါမယ် "

ဝေ့ရင်းစကားကြားပြီးမှ Yibo သက်ပြင်းချနိုင်သွားသည်။

" သခင်လေး ညနက်တော့မယ်  ပင်ပန်းနေပြီ
မဟုတ်လား အိပ်တော့ ကျွန်တော့်အနားမှာရှီတယ် "

" အင်း ဝေ့ရင်း "

Yibo စိတ်ပင်ပန်းစွာနဲ့ပဲ အိပ်ပျော်သွားသည်။

" သခင်လေး စိတ်မပူပါနဲ့
သခင်လေး ပျော်ပျော်ရွှင်ရွှင်နေပါ "

ဝေ့ရင်းသခင်လေးအိပ်ပျော်သွားမှ အခန်းတံခါးကိုဖွင့်ကာ ရေကန်ထဲဝင်စိမ်လိုက်သည်

"ဟူး အခုမှပဲ  ရေနဲ့ထိတွေ့ရတော့တယ်
လန်းသွားတာပဲ "

ဝေ့ရင်း ပျော်ရွှင်စွာရေကူးပြီးမှ
သူအတွက်ပြင်ဆင်ထားတဲ့ ကုတင်ပေါ်မှာ ဇိမ်ရှီရှီအိပ်လိုက်သည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now