ဘယ်သူမှန်းမကြည့်ပဲ တံခါးဖွင့်ပေးလိုက်မိတဲ့ ကိုယ့်လက်ကိုသာ Sehun ဓါးနဲ့ နုတ်နုတ်စင်းပစ်ချင်စိတ်တောင်ပေါက်လာသည်။

Kai ပုံစံကြည့်ရတာ နောက်ပြောင်နေတာနဲ့ မတူသလို... ဆိုဖာကနေထလာပြီး တဖြည်းဖြည်း ရဲတင်းစွာ ရှေ့ကို တိုးလာတော့ Sehun တဖြည်းဖြည်း နောက်ဆုတ်ရင်း နံရံမှာ ကျောကပ်သွားသည်။

"ငါ့စိတ်တွေအခုတလော ပိတ်လှောင်ခံထားရသလို မွန်းကြပ်နေလို့ မင်းကလွဲလို့ ထွက်ပေါက်မရှိဘူး...  "

"အဲဒါ မင်းအပိုင်းလေ... ငါနဲ့ဘာဆိုင်လဲ..."

Sehun အော်ပစ်လိုက်တော့ Kaiဆီက ခြောက်ကပ်စွာ ရယ်သံက ကျောချမ်းစရာ...။

"စတာကို... စိတ်ဆိုးသွားတာလား...အဟက်... ကြောက်နေလိုက်တာများ..."

နီးကပ်လုဆဲဆဲမှာ ရုတ်တရက်ကြီး ပြန်ခွာသွားပြီး ပြောလိုက်တဲ့စကားက လွင့်စင်သွားအောင် ကန်ပစ်ချင်စရာလေး...။

ခပ်သဲ့သဲ့ သူရယ်မောသံက ကျနော့်တိုက်ခန်းလေးထဲ ပဲ့တင်ထပ်နေတယ်...။

"ဘာအတွက်လာတာလဲ...."

"ကိစ္စရှိမှလာရမှာလား..."

"မင်း ဟိုနေ့က ငါ့ကိုချိုးသွားတာလေ... "

မောင်းထုတ်တဲ့ကိစ္စကို Sehun ပြောမှန်း Jongin သိပုံပြသော်လည်း တမင်ပင် စဉ်းစားရခက်နေသယောင်နဲ့

" ဟုတ်လား... ဘာများပါလိမ့်.... မသိတော့ဘူး... ငါ မင်းကို ဘာချိုးမိလဲဆိုတာ... အရင်တည်းက ငာက တစ်ခုခုဆို  မေ့လွယ်တတ်လို့ ... "

ပြောပြီးတာနဲ့ ရုတ်တရက်ကြီး ငုံ့ကျလာတဲ့ မျက်နှာ... ပြီးတော့ ပူနွေးသွားတဲ့ နှူတ်ခမ်းသားပေါ်က ဖျတ်ခနဲ ပြန်ခွာပြီး မထီသလိုပြုံးနေတဲ့သူ...။

"မင်း...ဒါဘာလုပ်တာလဲ..."

Sehunကသာ စိတ်တွေဆိုးနေတာ...

Kaiကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လို...

"မဆိုးပါဘူး... အကောင်းကြီးထဲ ပါမနေပေမယ့် အဆင်ပြေရုံလောက်တော့ ရှိပါတယ် မင်းနှူတ်ခမ်းက... အာ... စကားမစပ် နမ်းချင်လွန်းလို့တော့ မဟုတ်ဘူးနော်... မင်း ငြိမ်ခံနေလား သိချင်လို့ စမ်းလိုက်တာ... မထင်ရဘူးနော် ခံသားပဲ..."

Again And Again ( အထပ်ထပ်အခါခါ)Where stories live. Discover now