Five

9.5K 1K 59
                                    

တိမ်ပြာပြာကောင်းကင်ယံသည် ပကတိကြည်လင်နေသည်။ မိုးသားတိမ်တိုက်များကင်းစင်နေသည့်နှယ် အပြာနုရောင်ကောင်းကင်ကြီးသည် သည်နေ့မှပို၍အသက်ဝင်နေသယောင်။

အဓိပတိလမ်းမကြီးကတော့ ခါတိုင်းရက်တွေအတိုင်း ကျောင်းသူ၊ ကျောင်းသားများနှင့်ပြည့်နှက်လို့နေသည်။ သည်နေ့ ဘက်စကတ်ဘောပြိုင်ပွဲရှိသည်ထင့်။ RC အရှေ့မှာတော့ လူများ၊ ကားများကရှုပ်ယှက်ခတ်နေလေတော့သည်။

ဖယောင်းဦးတစ်ယောက် ပလက်ဖောင်းဘက်သို့ စက်ဘီးလေးကပ်နင်းရင်း အဆောင်ရှိရာဆီသို့သာဖြည်းဖြည်းချင်းလာလိုက်သည်။ ပွဲကြည့်ချင်သော်လည်း နှိုင်းတို့နှင့်မချိန်းထားမိ၍ သူငယ်ချင်းများကို အရင်ရှာဖွေရန် သူဆုံးဖြတ်မိခြင်း။

"ဟေ့ကောင် လင်းထိုက်"

အရှေ့မှတရွေ့ရွေ့သွားနေလေသည်မှာ အမြွှာနှစ်ကောင်ထဲမှ အငယ်ကောင် လင်းထိုက်ဖြစ်သည်မို့ စက်ဘီးဘဲလ်လေးတီးရင်း ကပ်ရပ်လိုက်သည်။ သူတို့သူငယ်ချင်းတို့​၏ အစွမ်းအစဟုသာဆိုကြပါတော့။ အမြွှာနှစ်ယောက်ကို မည်သည့်ရှူ့ထောင့်ကဖြစ်စေ မှတ်မိနိုင်သည်လေ။

" ရှုး..."

အနားရောက်ကာမှ တိုးတိုးနေရန် အချက်ပြရင်း ကန်တင်းဘက်ကို ဆွဲခေါ်လာလေသော လင်းထိုက်။

"ဟေ့ကောင်...ဘာလဲ"

လင်းထိုက်ကိုကြည့်ရသည်မှာ ခိုးကြောင်ခိုးဝှက်နှင့်။ အခုလည်းဟိုကြည့်သည်ကြည့်ဖြစ်နေလေတော့ ကျွန်တော်စိတ်မရှည်ချင်တော့။

"ဟေ့ကောင်... ဘာဖြစ်နေတာလဲ"

"ဘေဘီ"

"ဟမ်"

"ဘေဘီဝါလိုက်လာလား ရှာနေတာ"

သူပြောကာမှ ကျွန်တော်ပါ ရောယောင်ပြီးလိုက်ရှာမိတော့သည်။ ခုချိန်ထိတော့ ဘေဘီဝါ့အရိပ်အယောင်ပင်မတွေ့ရသေးပေ။

"နေပါဦး။ လိုက်လာရင်ဘာဖြစ်လို့လဲဟ"

ထိုအခါမှ တစ်ကောင့်သားက သက်ပြင်းချရင်း ပြောလာသည်က အံ့ဩစရာအတိ။

"တစ်ချိန်လစ်ရအောင်"

ကျွန်တော်မအံ့ဩပဲမနေနိုင်။ ကျွန်တော့်တို့အဖွဲ့ထဲ စာအလုပ်ဆုံးလို့ပြောလို့ရတဲ့ အငယ်ကောင်က အတန်းလစ်ဖို့မပြောနဲ့ နေမကောင်းရင်တောင် ဆေးသောက်ပြီးကျောင်းလာတဲ့ ပြတိုက်ထဲက ကောင်စားမျိုး။ သည်လိုကောင်ရဲ့ပါးစပ်က သည်လိုစကားထွက်တယ်ဆိုတာ နှစ်တစ်ရာမှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမလား။

What if  we're strangersWhere stories live. Discover now