နောက်ဆို မင်းအပေါ်ကောင်းပါမယ်...♥️

1.6K 27 3
                                    

       
      အသာယာကြီးသာယာခဲ့သော သူ့ရဲ့ ရွှေရောင် နေ့ရက်တွေ ထိုကောင်မလေးရောက်လာသည့် အချိန်မှစပြီး အားလုံးပျောက်ကွယ်သွားခဲ့ရသည်။

          အရာရာတိုင်းသူကိုယ်တိုင် စိတ်တိုင်းကျ လုပ်ရမှကျေနပ်သည့် သူ့အတွက် ထိုရှပ်ပြာမလေးက တကယ့်ဂြိုလ်ဆိုးပဲဖြစ်သည်။ လုပ်ခိုင်းသည့် အရာတိုင်းအတွက် ကပေါက်တိ ကပေါက်ချာ လုပ်ပြီး မသေမသပ်လုပ်တတ်သော သူ့ကြောင့် မရှည်တတ်သော သူ့စိတ်ကိုပိုလာဆွပေးနေသည်နှင့် တူသည်။

       အခုလည်းကြည့် သူလုပ်ခိုင်းထားသည့် စာရင်းဇယားတွေ တခုမှကောင်းကောင်း အဖြစ်ရှိအောင် မလုပ်ထားသည့်အပြင် သူမက စားပွဲပေါ်အေးဆေး အိပ်ပျော်နေပြန်သည်။

"ဟေ့ Kim Ji Soo၊ ဟေ့ထဦး"

အောင်မယ်! မျက်လုံးလေးဖွင့်ပြီးပြန်မှိတ်သွားသေး တယ်။ လုပ်လိုက်ရင် သေဦးမယ်။

"ဟေ့ ပြောနေတာ ကြားလား၊ ထစမ်း"

"အင်း ဘယ်သူလဲ"

"ငါ မင်းသူဌေးပဲ"

"ဟင် သူဌေး"

သူမအလန့်တကြားထရပ်လိုက်သည့်အတွက် ထုံနေသောခြေထောက်ကြောင့် ခွေခေါက်လဲသွား ရသည်။

"အို"

သူမပစ်လဲကျပြီအထင်ဖြင့် မူးမေ့သွားစဉ် သန်မာသော လက်တစ်ဖက်က သူမခန္ဓာကိုယ်လေးကို ထွေးပွေ့လိုက်သည်။

ရုတ်တရက်ကြောင့် Kim Jun Myeon သူမကိုယ်လေးကို လှမ်းထိန်းပွေ့လိုက်သည်။ နွေးထွေးသော ခန္ဓာကိုယ်လေးက သူ့လက်ထဲတွင် ပုံကျနေသည်။အချိန်တွေကြာလာတော့...

"သူဌေး"

"ဟင်"

"ကျွန်မကို လွတ်ပေးပါဦး"

"ဟင် အော် အင်း"

သူ လွတ်ပေးလိုက်တော့ သူမကိုယ်ကို ပြင်လိုက်ပြီး

"တောင်းပန်ပါတယ် သူဌေး၊ ခဏလေး အိပ်ပျော်သွားလို့"

I Only Need YouWhere stories live. Discover now