ဒုတိယအတွဲ PART 8

Start from the beginning
                                    

  " ဟွား..လှလိုက်တာ "

အားယွမ်နဲ့Yibo တခြားကျောက်တုံးပေါ်ထိုင်ရင် မျက်တောင်မခတ်ကြည့်နေမိသည်။

" အရင်တုန်က သခင်လေး ကျွန်တော့်ကို အဲ့လိုအမြဲပြောနေကျ "

" ငါ့ မင်းကိုအမြဲအိမ်မက်မက်တယ် "

" တကယ်လား "

" တကယ်ပေါ့ဗျ ကျွန်တော့်တို့အစ်ကိုလေး သူအိမ်မက်ထဲမှာ ငါးနဲ့အမြဲတမ်းစကားပြောနေတာ "

" ဝေ့ရင်း ငါ့နဲ့မင်းက ဘာလို့ဒီလိုလာဆုံရတာလဲ "

" ကျွန်တော့်က သခင်လေးအရမ်းချစ်တဲ့ ရေသူထီးပါ အဲ့ဒီလိုပဲ ကျွန်တော့်ကလည်း သခင်လေးကိုအရမ်းချစ်တယ်။ အဲ့တုန်းက သခင်လေးနာမည်က လန်ဝမ့်ကျီ ဘွဲ့အမည်က ဟန်ကွမ်းကျွင်း "

" လန်..ဝမ့်..ကျီ "

Yibo သူနာမည်ကို တစ်လုံးချင်းရွတ်နေမိသည်။

" သခင်လေး သိချင်လား လန်ဝမ့်ကျီဘဝက သခင်လေးပုံစံကို ကျွန်တော့်နဲ့တွေ့ခဲ့တာတွေကိုး "

Yiboနဲ့အားယွင့်ပြိုင်တူပဲ လျှင်မြန်စွာခေါင်းညိတ်လိုက်သည်။

" ကျွန်တော့်ပြောပြမယ်..နားထောင်နော် သခင်လေး "

" အင်း "

ဝေ့ရင်း အရင်ဘဝကအကြောင်းကို သခင်လေးနဲ့အားယွင့်ကို ဖြစ်ခဲ့သမျှအကုန်ပြောပြလိုက်သည်

" အဟင့်..အဟင့်..ဟင့်  "

နာထောင်ပြီးတော့ ငိုချလာတဲ့သခင်လေး ကျွန်တော့် သခင်လေးနားဖင်တိုးထိုင်ကာ သခင်လေးမျက်ရည်ကို သုတ်ပေးလိုက်သည်။

" ဘာလို့ငိုတာလဲ သခင်လေးရယ် မငိုပါနဲ့ "

" အဟင့်..ဟင့် မင်းငါ့အပေါ်အရမ်းကောင်းတာပဲ ဝေ့ရင်း အဲ့တာကြောင့် ငါ့စားမဲ့အစားအစာ အသီးတွေကို မင်းအရင်စားတာကိုး "

" အဟင့်..ဟင့် အစ်ကိုဝေ့နဲ့ အစ်ကိုလေးကို အရမ်းသနားတာပဲ "

အားယွင့်ကပါငိုလာသည်။
ကျွန်တော့်ဝမ်းနည်းနေသောသခင်လေးကို
ဖက်ထားလိုက်သည်။

" မငိုပါနဲ့..သခင်လေး..မငိုပါနဲ့ ကျွန်တော့်ရဲ့ကလေးလေး "

" ဘာ "

ပင်လယ်မင်းသားလေးWhere stories live. Discover now