ep 9(unicode)

334 12 0
                                        

"ရပ်......ရပ်တော့''

"Sam အိမ်ရောက်ပြီလား ဘယ်နားမှာလဲ အိမ်ထဲပေးဝင်အုံးလေတစ်ယောက်ထဲနေတာမလား''

အရှက်မရှိမီးတဝင်းဝင်းနဲ့ပြောနေသော ကျောင်းသား Chanyeol ။

"ဟိုလမ်းကြားထဲရောက်ရင်အိမ်ကိုပြန်ရောက်ပြီ မှောင်နေပြီလေ ပြီးတော့စာလုပ်ရအုံးမှာမလား လမ်းသလားမနေသင့်တော့ဘူး''

အိမ်ထဲအဝင်မခံတာလား.......ဘာဖြစ်လို့လဲ??တစ်ခုခုများဖွက်ထားလို့လား???မဖြစ်နိုင်ဘူး။

"ကျောင်းသား chanyeol.......ပြန်တော့လေ''

လူကြီးပေါက်စလေးအသံကြားမှ သတိပြန်ဝင်လာသည်။ လျင်လိုက်တာ ကားပေါ်ကဆင်းသွားတာတောင်သတိမထားမိလိုက်ဘူး။ ခေါင်းငြိမ့်ပြပြီးကားကိုပြန်ကွေ့ကာ မောင်းပြလိုက်သည်။

ပေါက်စလေးအထင် ပြန်သွားသည်ပေါ့အမှန်က သူလေးထင်သလိုမဟုတ် လမ်းဘေးတစ်နေရာမှာကားကိုခဏရပ်လိုက်ပြီး ရှည်လျားသောခြေတံအားကိုးဖြစ် သူလေးပြောခဲ့သော လမ်းကြားထဲအပြေးဝင်လာခဲ့သည်။

တွေ့ပါပြီ အရိပ်ကလေး ။အိမ်ပုလေးရဲ့ခြံဝန်းပုတိုတိုတိုင်လေးတွေစီထားသော ဝန်းနရံတံခါးလေးကိုကျော်ဖြတ်သွားလေသည်။

အိမ်လေးကသူလေးလိုဘဲသိပ်ချစ်ဖို့ကောင်းတယ်။ သစ်ပင်နောက်ကိုကွယ်ရင်း ချောင်းကြည့်နေလိုက်သည်။

အိမ်ရှေ့လေးမှာရပ်နေတုံး အိမ်တံခါးပွင့်သွားကာ အရပ်ရှည်ရှည်လူတစ်ယောက်ထွက်လာတော့ ကျနော့်ခေါင်းမွှေးတွေထောက်သွားရသည်။

သေချာအောင်မျက်လုံးပွတ်ကြည့်လိုက်တော့ ကျနော့်ပေါက်စလေးက ထိုအရပ်ရှည်ရှည်လူရဲ့ခေါင်းကိုပွတ်ပေးပြီးအိမ်ထဲသို့ဝင်ရောက်သွားလေသည်။

ဟင့်အင်း မလုပ်ပေးရဘူး Samကကျနော့်အပိုင် အဲ့တာကြောင့် ကျနော့်ရဲ့အသားကိုဘဲm samထိရမယ်။ တခြားသူရဲ့အသားကိုထိရင်အထိခံရတဲ့သူကိုသတ်ပစ်ဖို့ဝန်မလေးဘူး sam။

ကျစ်ကျစ်ပါအောင်ဆုပ်ထားသောလက်သီးတွေက အပြစ်မရှိတဲ့သစ်ပင်ပေါ်ကျရောက်သွားလေသည်။

ဒေါသအလျောက်အိမ်ထဲဝင်သွားလိုက်ခြင်ပေမဲ့ အခုလိုအကျည်းတန်တဲ့ကျနော့်ပုံစံကို မမြင်စေခြင်ဘူး။ ဒါကြောင့်ထိုအိမ်ထဲကလူကိုသေချာစုံစမ်းပြီး အသေသတ်ပြစ်ရန်တေးထားလိုက်သည်။

ထိုနေ့ညက ကျနော်အိမ်မပြန်ဖြစ်ခဲ့ ထိုအိမ်ထဲကလူအပြင်ထွက်လာမဲ့အချိန်ထိကျနေယ်ထိုနေရာမှာပင်ရပ်စောင့်နေခဲ့သည်။

တစ်နာရီလား တစ်ညလုံးလား ခြင်တွေအကောင်ပလောင်တွေလား ကျနော်ဂရုမစိုက်ပါ အခုချိန် ထိုအရပ်ရှည်ရှည်လူဟာဘယ်သူလဲဆိုတာသာအရေးကြီးနေသည်။

မနက်၇နာရီထိုးတော့ အိမ်တံခါးဖွင့်လာခဲ့သည်။ကျနော်စောင့်နေရကျိုးနပ်တော့မှာပါလား။ကျစ်ကျစ်ပါနေသောလက်သီးဖြင့် ထိုလူအိမ်အပြင်ရောက်တာနဲ့ထိုးပစ်ရန်ရည်ရွယ်ထားသောလဲ..................

"Minhunလေး ထမင်းချိုင့်ယူသွားအုံးလေ ''

"Heee ဒီနေ့သန့်ရှင်းရေးကျလို့ကျောင်းသွားဖို့လောနေတာနဲ့မေ့သွားတာ''

"ကျောင်းသူလေးတွေကိုတွေ့ချင်လို့မဟုတ်လား.......ငယ်ရာကကြီးလာတာပါ......ဟားဟား''

"ဟာ.......hyungကလဲဗျာ''

"ကောင်လေးတစ်ယောက်ရှက်နေပြီ ဟားဟား''

"တ့ာတာနော် hyung ကျောင်းရောက်မှတွေ့မယ်''

"အွန်း.......သေချာသွားနော်''

"ဟုတ်.........''

ဟာ..........ကျနော်ထိုးဖို့ရည်ရွယ်ထားတဲ့ကောင်ကအတန်းထဲက roll 1တဲ့လား။ပြီးတော့ နှစ်ယောက်သားကအတူတူနေနေတယ်တဲ့လား?

ဒါကဘယ်လိုမှမဖြစ်နိုင်ဘူး။ Samက တစ်ဦးတည်းသောသားတစ်ယောက်ဆိုတာ ကျနော် samကိုစချစ်ခဲ့ကတည်းကစုံစမ်းခဲ့ပြီးသားပါ။

ကျနော့်ရှေ့မပြောနဲ့ ကျောင်းမှာတောင်မပြုံးတဲ့ samလေးက ဒီကောင့်ရှေ့မှာ အပြုံးလှလှလေးတွေပေါပေါသီသီပြုံးပြနေလေသည်လား။

တွေ့ကြသေးတာပေါ့ roll 1ကောင်ရာ.........မင်းနဲ့ငါနဲ့ မကြာခင်တွေ့ကြပြီပေါ့။



"မင်းကိုခိုင်းစရာရှိတယ် Joy''

Lovely Sam~~~Where stories live. Discover now