ep 6( Unicode)

364 18 1
                                        

"ခဗျားဘယ်သူ့ကိုစာသင်နေတာလဲ''

"ငါ့ရှေ့မှာမင်းရှိတာ မင်းကိုဘဲပေါ့''

"ကျုပ်မှမနာခံတာ ခဗျားကအရူးလိုသင်နေတာကြာလာတော့သနားလာလို့........ကျွတ်ကျွတ်ကျွတ် ဟိုလူကြီးကငွေတွေဘယ်လောက်ပေးထားလို့လဲမသိပါဘူး ငွေမရှိတဲ့ခဗျားကကြိုးစားပန်းစားစကားလုံးတွေဖတ်ပြနေတာ သိပ်သနားဖို့ကောင်းတာဘဲ''

"မင်း!''

"ခဗျား လာရာလမ်းတိုင်းပြန်ကြွနိုင်တယ် ''

တောက်!!!

ခဏကြာတော့ ဖုန်းကထမြည်လာတယ် ဘယ်သူဆိုတာမကြည့်ဘဲနဲ့သိနိုင်ပါတယ် အဟက်...........

"ပြော......''

............

"ကျောင်းက Sam Sehunဆို ကျနော်လက်ခံဖြစ်မယ်ထင်တယ်....... သိတယ်မလား ဟိုတစ်ခါကတွေ့ဖူးတယ်လေ.........''

ကျနော်စကားအများကြီးမပြောချင်ပေမဲ့ samနဲ့နီးစပ်ဖို့က ခဗျားကြီးဆီကအကူအညီလိုလို့ အခုလိုပြောနေတယ်မှတ်ပါ။

............

"ဒါပဲမလား.......''

ကျနော်ဖုန်းကိုချလိုက်ပြီး မနက်ဖြန်အတွက် ဘယ်လိုဝတ်စားဆင်ယင်ရမလဲဆိုတာထိုင်ရွေးနေလိုက်တယ်။

ခဗျားလေးရှေ့ကျနော် ကြည့်ကောင်းနေရမယ်လေ..........

အခန်းထဲမှာစာသင်ရတာစိတ်မပါပေမဲ့ အတန်းချိန်ပြီးရင် ဆရာများနားနေခန်းကိုသွားပြီး ကျနော့်ပေါက်စလေးကိုချောင်းဖို့စိတ်အားထက်သန်နေတာကြောင့် စိတ်မပါလဲနားထောင်နေလိုက်တယ်။

ကျစ်.......အခန်းထဲက roll 1ကိုစာတွေသေချာပြပေးနေတာ အဲ့လိုအပြုံးမျိုးနဲ့စာသင်နေတာ မနာလိုဘူး။ဟိုကောင်ရဲ့အကြည့်တွေကလဲ ကျစ်......... ။

ကျနော် သူလေးဆီကိုစတိုင်ကျကျလျှောက်သွားလိုက်တယ်။

"Sam......''

"ဟင်.......ကျောင်းသား chanyeol ဘာကိစ္စရှိလို့လဲ''

ကိစ္စရှိမှလာရမှာလား???

"ကျနော် စာသိပ်မရှင်းလို့''

"ဘယ်ဘာသာလဲ စာအုပ်ကရော''

Lovely Sam~~~Where stories live. Discover now