"Hyung အပြင်သွားစရာရှိလို့လား''
စာအုပ်တွေအိတ်ထဲထည့်နေသော hyungအားကျနော်လှမ်းကြည့်ရင်းပြောလိုက်သည်။
"အင်း.......မနေ့ညက လူကြီးတစ်ယောက်က သူ့ကလေးကိုစာလာသင်ပေးဖို့ပြောလို့''
"Hyungအရင်က အိမ်အထိလိုက်မသင်ပါဘူး ကျောင်းကသင်တဲ့ဆရာတွေစော်ကားတယ်ဖြစ်မှာဆိုးလို့ဆို''
Hyungကို အပြင်မထွက်စေချင်ပါ။
"ဟုတ်တယ် min hunလေးရဲ့ အခုကအဲ့ကလေးကကျောင်းမှာလဲမလိုက်နိုင်လို့တဲ့လေ hyungငြင်းသေးတယ် ကျောင်းမှာကလေးကဆရာတွေကိုလဲမမေးရဲလို့ပါဆိုပြီးတောင်းတောင်းပန်ပန်ပြောနေတော့ အားနာလာလို့ပါ''
"ဘယ်ချိန်ပြီးမှာလဲ''
"ည၈နာရီလောက်ကျ ပြန်လာမှာ စာသေချာလုပ်ထားနော် လပတ်examနီးပြီ ဆာရင်စားထားနှင့်နော် hyungကိုစောင့်မနေနဲ့''
"ဟင့်အင်း.....hyung ပြန်လာမှစားမှာ''
"အဲ့တာဆို hyungကြက်ကြော်ဝယ်ခဲ့မယ်''
"ဟုတ်ကဲ့''
"အိမ်တံခါးသေချာပိတ်ပြီး စာသေချာလုပ်နော်''
"ဟုတ်ကဲ့ပါ hyungရဲ့''
"ကဲ......သွားပြီ''
"ဟုတ်''
Hyungဟာလေ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိပါဘူး။
အမှန်တိုင်းပြောရရင် hyungနဲ့ကျနော်ကသွေးမတော်သားမစပ်တဲ့လူတွေပါ။ကျနော့် အမေကhyungရဲ့ appaနဲ့တိတ်တိတ်ပုန်းလက်ထပ်ခဲ့တယ်။
ကျနော့် appaဆုံးပြီးမကြာခင် ကျနော်တို့သားအမိ hyungတို့အိမ်နားပြောင်းလာခဲ့ကြတာ။
အဲ့ထဲကစမှားတာဘဲ ငယ်ငယ်လေးထဲကအိမ်လာလာပြီး hyungကကျနော်နဲ့ကစားပေးခဲ့တာ။
Ommaကိုလဲအမေတစ်ယောက်လိုချစ်တာရယ် ကံတရားကြီးက မတရားဘူး ကျနော့်ommaနဲ့hyung appaဖောက်ပြန်တာကို hyungအမေမိသွားတဲ့နေ့ကစပြီး ကျနော်တို့ဘဝတွေဆိုးရွားခဲ့တယ်။
Ommaနဲ့ hyungရဲ့ appa တွေ့နေတာကို hyungရဲ့ommaကတွေ့တော့ သူတို့နှစ်ယောက်ထွက်ပြေးကြတယ် ။
ထွက်ပြေးသွားတဲ့လူနှစ်ယောက်နောက်ကိုလိုက်ပြီး ကားနဲ့လိုက်တိုက်ခဲ့တယ်။ နောက်ဆုံးတော့ အဲ့လမ်းမကြီးပေါ်မှာဘဲ ကားနှစ်စီးလုံးမှောက်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြတာ။
အဲ့တုန်းက hyungက အထက်တန်းနောက်ဆုံးနှစ်ဖြေနေတဲ့အချိန် ကျနော်ကတော့အလယ်တန်းပထမနှစ်ဖြေပြီးချိန်ပေါ့။
Hyungတို့မိဘတွေဆုံးတယ်ကြားတော့ hyungစိတ်ဓာတ်တွေကျဆင်းခဲ့တယ်။ဒါကြောင့်လဲဉာဏ်ကောင်းရဲ့နဲ့ ဥပဒေအမှတ်မမှီခဲ့ဘူး။
ကျနော့်တို့ကိုစိတ်မပျက်တဲ့အပြင် hyungကကျနော့်ကိုညီတစ်ယောက်လိုသဘောထားပြီး စောင့်ရှောက်ခဲ့တာ။သူမမှီတဲ့ ဥပဒေလိုင်းကိုလဲကျနော်ကိုရအောင်တတ်ရမယ်တဲ့။အခုကိစ္စကလဲ ဘယ်သူ့အမှားမှမဟုတ်လို့ ဘာမှမတွေးဘဲနေပါတဲ့လေ။
အဲ့လောက်ထိ hyungဟာစိတ်ထားဖြူစင်တဲ့လူတစ်ယောက်ပါ။
Hyungက ကျနော့်အပေါ်ဖြူစင်ပေမဲ့ ကျနော့်ဘက်ကမဖြူစင်တော့တာအတော်ကြာပြီ။ hyungအနားမှာနေပြီး hyungကိုရင်ခွင်ထဲထည့်ထားချင်စိတ်တွေကာကွယ်ပေးချင်တဲ့စိတ်တွေက ချုပ်တီးလို့မရအောင်ပင်။
Hyungကတော့ကျနော့်ကို ကလေးတစ်ယောက်လိုပင်အမြဲသတ်မှတ်တုန်း။ ကျနော်လူကြီးဖြစ်နေပြီဆိုတာ hyungကိုဘယ်လိုသက်သေပြရမလဲဗျာ။
....
....
....
"ဟူး.......ဒါလေးဘဲဝတ်ရင်ကောင်းမလား.....အင်း.......မင်းတော်တယ် ချန်းယောလ်''
ကိုယ်လုံးပေါ်မှန်ရှေ့ ကိုယ့်ကိုယ်ကို လက်မထောင်ပြီးပြုံးလိုက်သည်။
တီး..တောင်~~~
ကျနော့် ပေါက်စလေးလာပြီနဲ့တူတယ်ĥ~~
ကုတင်ပေါ်ကအထပ်လိုက်အဝတ်အစားတွေအပြင် အောက်မှာပြုတ်ကြနေသော ရေမွှေးဘူးတွေ skin care တွေ ကိုကျော်ခွရင်း တိုက်ခန်းတံခါးသွားဖွင့်လိုက်သည်။
"Sam......လာတယ်နော် ဟီးဟီး''
"ဟင်.......ကျောင်းသား chanyeol''
YOU ARE READING
Lovely Sam~~~
Fanfictionlucky comment ပိုင်ရှင်လေးနဲ့ သကြားဖီဖီ unpublished လုပ်ထားလို့အစားပြန်ပေးတဲ့သဘောပါ........
