အပိုင်း ငါး

20K 1.9K 123
                                    

၆ ရက်မြောက်နေ့ ......

မနက် ၈ နာရီကျော်ပြီဖြစ်သော်လည်း ဟိုမျောက်လောင်း၏အသံကို ခုထိမကြားရသေးလို့ လွန်းနှောင်ကိုယ်တိုင်ပင် သူ့အခန်းတံခါးသွားခေါက်ပြီး နိုးလိုက်သည် ။

Knock ... Knock ........

အထဲက ဘာအသံမှမလာလို့ ပါလာတဲ့သော့နဲ့ဖွင့်ပြီး လွန်းနှောင်အထဲဝင်သွားလိုက်သည် ။ ခေါင်းမြီးခြုံအိပ်ထားသည့် ကောင်လေးကြောင့် သူ ညင်ညင်သာသာပင် စောင်ကိုဆွဲယူလိုက်သည် ။

" မြတ်သား ... ထတော့ ။ မနက်စာ စားမယ် ။ ထမင်းချက်ထားတယ် ......... "

" အင်း ........... "

မြတ်သားသည် ပုဇွန်ထုပ်လို ကွေးအိပ်နေရာမှ ညည်းသံလေးထွက်ပေါ်လာပြီး သူ့ကိုမှေးစင်းတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာ၏ ။ သူ့ကြည့်ရတာ မူမမှန်သလိုပင် ။ ဘာတုန်းဟ ........ ဖျားပြန်ပြီလား ။

အ၀တ်မပါတဲ့ မြတ်သားရဲ့ကိုယ်ကို ထိတွေ့ကြည့်လိုက်တော့ တစ်ကိုယ်လုံး အေးစက်နေသည် ။ တစ်ရက်လုံးနီးပါး အ၀တ်မပါဘဲနေခဲ့တဲ့ အကျိုးက ညဖက် လေစိမ်းတိုက်တော့ ဖျားချေပြီ ။ လွန်းနှောင် မြတ်သားရဲ့ ခန္ဓာကိုယ်ကို ထွေးပွေ့ရင်း ဖက်ထားလိုက်သည် ။ ဒီအချိန်မှာ စဉ်းစားမိတာဆိုလို့ မြတ်သားကို အနွေးဓာတ်ပြန်လည်ပေးဖို့သာဖြစ်သည် ။

" လူကြီး ......... ခင်ဗျား ဘာလုပ်တာလဲ "

ညည်းသံသဲ့သဲ့နဲ့ မေးလာသည့် မြတ်သားကို ပြန်ငုံ့ကြည့်ရင်း ပွေ့ဖက်ထားသည့်လက်အစုံကိုလည်း ပိုမိုတင်းကျပ်စေလိုက်သည် ။

" မင်း ဖျားနေပြီ ။ ကိုယ့်စကားမှ နားမထောင်တာ ဖြစ်ပြီပေါ့ ။ တစ်ညလုံး ချမ်းပြီး အဖျားတက်နေတာလား ။ ကျစ် ...... ငါတစ်ယောက် ဒီလိုဖြစ်မယ်ဆိုတာ ဘာလို့ မတွေးမိပါလိမ့် ။ ခဏစောင့် ..... ကိုယ် အောင်ဇော်ကို ခေါ်လိုက်မယ် ။"

အရင်ဆုံး သူ မြတ်သားကို စောင်နဲ့သေချာပတ်ထားပေးပြီး သူ့အခန်းပြန်လာကာ ဖုန်းကှိုရှာကာ အောင်ဇော်၏ နံပါတ်ကို ခေါ်ဆိုလိုက်သည် ။

Ring........

Ring........

" ဟေ့ကောင် .... ငါ့ဆီ လာခဲ့ဦး ။ သူ အအေးပတ်ပြီး ဖျားနေပြန်ပြီ ။ အော် .. ငါ့ကို အ၀တ်စား အသစ်လေး နှစ်စုံလောက် ၀ယ်ခဲ့ပေး ။ အိုကေ .. အခု လာနော် "

30 days with Mr.Kidnapper (Z+U) ( Completed )Where stories live. Discover now