အပိုင်း သုံး

25.5K 2.3K 390
                                    


ဒုတိယတစ်ရက်မှာတော့ ဟိုလူကြီးက သူ့ကိုသိပ်ပြီး မခြိမ်းခြောက်တော့ ။ တစ်အိမ်လုံးအနှံ့ ၀င်ထွက်ခွင့်ပေးပြီး ဖုန်းကလွဲရင် TV သတင်းတွေ နားထောင်ခွင့်ပေးသည် ။ မနေ့ကလို ညစ်ပတ်နေတဲ့ အခန်းထဲမှာကလွဲရင် ဒီနေရာက အများကြီး နေလို့ထိုင်လို့ရလို့ အဆိုးထဲက အကောင်းပဲလို့ ပြောလို့ရသည် ။ ဒီအိမ်က သူတို့နေတဲ့အိမ်လို အိမ်ကြီးအိမ်ကောင်းမဟုတ် ။ အခန်း သုံးလေးခန်းမျှသာပါပြီး မနေ့က သူ့ကိုထားတာ စွန့်ပစ်ဂိုဒေါင်ခန်းဖြစ်သည် ။ တစ်ခြံလုံးမှာ အပင်တွေစိုက်ထားပြီး ခြံစည်းရိုးအုတ်တံတိုင်းကို အမြင့်ကြီးကာထားလို့ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးဖို့မလွယ် ။ အကယ်၍ သူသာ စူပါဟီးရိုးဖြစ်ပြီး မြေလျှိုးမိုးပျံနိုင်ရင်တော့ တစ်မျိုးပေါ့ ။ ပြီးတော့ ဒီအနီးအနားမှာ အိမ်နီးချင်းတွေရှိပုံမပေါ်ဘူး။ ပတ်ဝန်းကျင်ကို ဆက်တိုက်လေ့လာနေပေမယ့် သူ့ကိုယ်သူ ဘယ်နေရာရောက်နေလဲဆိုတာ မြတ်သားလည်း မခန့်မှန်းတတ်ပါဘူး ။

" ထွက်ပြေးဖို့ စဉ်းစားနေတာဆိုရင် အဲ့အတွေးကို ချက်ချင်းထုတ်လိုက် ။ ဒီနေရာက ရပ်ကွက်တစ်ခုမဟုတ်သလို မြို့နဲ့လည်း မနီးဘူး ။ ဒီခြံအပြင်ထိ မင်းထွက်ပြေးနိုင်ရင်ပြီး မင်းရဲ့ ခြေထောက်မှာ GPS ပါရင်တောင် အိမ်ပြန်မရောက်ဘူး စိတ်သာချနေ။ ပြီးတော့ ........."

" ကျွန်တော် ဗိုက်ဆာတယ် ကိုကို "

" ဟမ် ......... ဗိုက်ဆာလို့လား ။ အာ ......ခဏ ကိုယ် မနက်စာ ပြင်ထားတယ် "

ကိုကိုဆိုတဲ့ ခေါ်သံကြားတာနဲ့ လွန်းနှောင် အမြဲတမ်း အယောင်ယောင်အမှားမှားဖြစ်ရသည် ။ တစ်ခါမဟုတ် နှစ်ခါမဟုတ်ဆိုတော့ မြတ်သားတောင် ရိပ်မိလာပြီ ။ တကယ်တမ်းတော့ မြတ်သားက မတုံးအပါဘူး ။ အချစ်ခံချင်လို့ သူငယ်ချင်းတွေကြား သူ တုံးအချင်ယောင်ဆောင်ပြီး သူ့ကိုလိုသုံးလို သဘောထားတာကိုသိတာတောင် မသိချင်ယောင်ဆောင်ပြန်ကူညီပေးနေသူပါ ။ ဒီလူကြီးနဲ့အတူရှိနေတာ ၂၄ နာရီ ကျော်သွားပြီးနောက် ဒီလူကြီးဟာ သူ့ဘော်ဒါအပေါင်းအသင်းတွေထက်ပိုပြီးဖြူစင်ကာ ကောင်းမွန်တဲ့သူမှန်း သဘောပေါက်လာသည် ။ အင်း............ ပြန်ပေးသမားဖြစ်နေတာက လွဲရင်ပေါ့ ။

30 days with Mr.Kidnapper (Z+U) ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin