CJSB💕9💕(Finale)

26.2K 1.5K 229
                                    

ရှောင်းကျန့်ရဲ့ အိပ်ခန်းလေးထဲတွင် ရှောင်းကျန့်သည် ယွီပင်းနဲ့နှစ်ယောက်သား တစ်နေကုန် Game ထိုင်ဆော့နေခဲ့သည်။ ရိပေါ်သည် အခန်းတံခါးဝမှနေ၍ နှစ်ယောက်သားကိုကြည့်ပြီး အမျက်တော်ရှနေသည်။

ဘယ်လောက်တောင် Game ထဲ စိတ်ရောက်နေလို့၊
ယွီပင်းနဲ့ ပျော်နေလို့ ကားသံတောင် မကြားရတာလဲ။
ပြီးတော့ အခန်းဝရောက်နေပြီး တဟမ်းဟမ်းချောင်းဟန့်နေတာတောင် မကြားနိုင်ရသေးတာလဲ။

ရိပေါ် ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာပြီး ရှောင်းကျန့် နံဘေးသို့ ဝင်ထိုင်လိုက်ပါသည်။ သည်တော့မှ မျောက်နှစ်ကောင်၏ အာရုံမှာ ရိပေါ်ဆီသို့ ရောက်ရှိလာပြီး နှစ်ယောက်စလုံး ပါးစပ်အဟောင်းသားကလေး ဖြစ်နေကြရှာသည်။ ယွီပင်းသည် ချက်ချင်းဆိုသလို ကုန်းရုန်းထပြီး ရှောင်းကျန့်တို့ကို ကောက်ကာ ငင်ကာ ရယ်ကျဲကျဲနှင့် နှုတ်ဆက်တော့သည်။

"ဟေ့ရောင်! ရှောင်းကျန့်! ငါပြန်ပြီ! အိမ်မှာ မာမားကို ညနေစာချက်ဖို့ သွားကူလိုက်ဦးမယ် ဟဲ! ဟဲဟဲဟဲ!"

ရှောင်းကျန့် ဘာမှမပြောရသေးခင်ပင် ယွီပင်းသည် ပါးစပ်ထဲရှိရာ လျှောက်ပြောပြီး အခန်းထဲမှ အငွေ့လို လှစ်ခနဲ ပျောက်သွားတော့သည်။ ရှောင်းကျန့်မှာမူ တင်းမာနေသော ရိပေါ်ရဲ့ မျက်နှာလေးကို ကြည့်ကာ Eyesmile နဲ့ ယုန်သွားကလေးပေါ်အောင် ရယ်ပြကာ မျက်နှာချိုသွေးလိုက်သည်။

ရိပေါ် အလျှော့မပေးလိုပါ။ သူ ဒီအပြုံးထဲတွင် ပျော်ဝင်သွားလို့ မဖြစ်ပါ။ ကောကို စိတ်ကောက်ချင်ပါသည်။ သူ့အလာကို မျှော်မနေပဲ သူငယ်ချင်းဖြစ်သည့်တိုင် အခြားသူနှင့် Game ဆော့လို့ ပျော်ကာ သူ့ကိုမေ့ထားသည်ကို ဘဝင်မကျပါ။

ရိပေါ် စိတ်ထဲတွင် တစ်ယောက်တည်း စစ်တိုက်နေတုန်း ရှောင်းကျန့်က ရိပေါ်ရဲ့ ရင်ခွင်ထဲ စွေ့ခနဲ ဝင်မီလိုက်ပါသည်။ ဟန်ချက်ပျက်ပြီး လဲမကျအောင် ရိပေါ် လက်က အလိုလို ထိန်းဖမ်းထားကာ ဖက်ထားပေးလိုက်မိသည်။

"Babyyyyyyyy~~~~~~~"

ရင်ခွင်ထဲမှ ယုန်ပေါက်ကလေး၏ အသံချိုချိုအီအီကလေးက ရိပေါ်ရဲ့ နားစည်အမြှေးပါးတစ်ခုချင်းစီသို့ စိမ့်ဝင်ပြီး နှလုံးသားထဲထိ ပျော်ဆင်းသွားပါသည်။ ရိပေါ်၏ နှလုံးသည်းညှာတစ်ခုလုံး ပျားရည်ဆမ်းခံလိုက်ရသကဲ့သို့ အေးမြချိုမွှေးသွားပါသည်။

CANDY JELLY SUGAR BABY( COMPLETED)Where stories live. Discover now