CJSB💕8💕

20K 1.5K 150
                                    

ရှောင်းကျန့်တစ်ယောက် သူ့ လက်သည်းကြွယ်မှ ငွေဖြူ လက်စွပ်ကလေးကို ကြည့်ရင်း ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ခေါင်းအုံးကလေးကို ဖက်ထားကာ လူးလိမ့်နေပါသည်။ တစ်မနက်လုံး စပ်ဖြီးဖြီးဖြစ်နေသော ရင်နှစ်သည်းချာ သားငယ်ကိုကြည့်ရင်း ရှောင်းမားမားက စတော်ဘယ်ရီသီးပန်းကန်ကလေးကို စားပွဲပေါ်ချကာ တစ်ဖက်ရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ပါသည်။

"အားကျန့်!"

"ဗျာ! မား!"

"သားငယ် ဒီလိုပဲနေတော့မှာလား..ကျောင်းလေး ဘာလေးပိတ်တာ ပါး company မှာ အလုပ်လေး ဘာလေး လေ့လာပြီး မကူချင်ဖူးလား?"

"ဟင့်အင်း!"

ရှောင်းကျန့်သည် လေပေါ်မြှောက်ထားသော သူ့လက်ကလေးကို ကြည့်ရင်း အပြုံးမပျက်ပဲ ပြန်ဖြေပါသည်။ မာမားသည် သည်းတုံသားလေး၏ တုံးတိ အဖြေကြောင့် စတော်ဘယ်ရီပင် နင်ချင်သွားရသည်။

"ဒါဆိုလည်း သားငယ် စိတ်ဝင်စားတာ ဘာရှိလဲ?"

"အင်း....Baby လေ! Baby!"

ဒီတစ်ခါတော့ မားသည် သည်းမခံနိုင်စွာ ရှောင်းကျန့်မျက်နှာဆီသို့ ခေါင်းအုံးနှင့် ပစ်ပေါက်လိုက်ပါသည်။

ဟုတ်ပါသည်။ ရှောင်းကျန့် တကယ်တမ်း စိတ်ဝင်စားတာလည်း အိပ်တာ၊စားတာ၊Game ဆော့တာ၊ သူငယ်ချင်းများနှင့် အချိန်ကုန်ရတာအပြင် အချစ်တုံး ရိပေါ်ကလွဲလို့ ကျန်တာမရှိပါ။ အမှန်တိုင်းရိုးရိုးသားသား ဖြေသည်ကို မားက ဘာကိစ္စ ခေါင်းအုံးနှင့် လှမ်းပေါက်ရပါသနည်း။ ရှောင်းကျန့် စိတ်ဆိုးဆိုးနှင့် နှုတ်ခမ်းတစ်တောင်လောက်ထွက်လာကာ ဆိုဖာပေါ်မှ ကုန်းရုန်းထလိုက်ပါသည်။ ထို့နောက် စတော်ဘယ်ရီသီး တစ်လုံးကို ပါးစပ်ထဲထည့်ရင်း မားကို မကျေနပ်ခြင်း ဋီကာ ဖွင့်ပါတော့သည်။

"မားနော်! သားက မေးလို့လည်း အမှန်တိုင်း ဖြေရသေးတယ်..သားကို အနိုင်မကျင့်နဲ့နော်..Baby သိရင် မား လွယ်မှာမဟုတ်ဘူး.."

"အမလေးဟဲ့! မယူရသေးတဲ့ လင်နဲ့ ခုကတည်းက ငါ့ကို ခြိမ်းခြောက်နေပြီ..မွေးရကျိုးတကယ်နပ်သော ပဲ!"

"မားကလည်း..သားက ချစ်လို့စတာပါ..ဟီး.."

"အားကျန့်..မင်းကို မား အတည်ပြောနေတာ..company ကိစ္စ စိတ်မဝင်စားလည်း အနာဂတ်အတွက် အခြား အိပ်မက်တော့ ရှိသင့်တယ်လေ..သားငယ် ရှေ့လျှောက် အနာဂတ်မှာ ဘာလုပ်မယ် စိတ်ကူးထားလဲ.."

CANDY JELLY SUGAR BABY( COMPLETED)Where stories live. Discover now