CJSB💕6💕

19.8K 1.6K 90
                                    

ရှောင်းကျန့်တစ်ယောက် ရိပေါ် မွေးနေ့နီးလာပြီမို့ မနက်ကတည်းက အခန်းထဲ အရိုဆုံးဆိုတဲ့ Birthday Surprise Videos တွေကို online မှာ ထိုင်ကြည့်ပြီး အလုပ်များနေလေတယ်။

အကုန်လုံးက သဘောကျစရာချည်း ဖြစ်နေတာမို့ ရွေးရခက်လာတော့ ယုန်ဖြူလေးလည်း စိတ်အိုက်လာတယ်။

မှတ်မှတ်ရရဖြစ်မယ့် ဘယ်လို လက်ဆောင်ပေးရကောင်းမလဲလို့ တွေးရင်း ခေါင်းတွေပါပူလာတယ်။

စာကိုသာ ဒီလောက်ကြိုးစားလုပ်ရင် ရှောင်းကျန့်တို့ သူတို့ major မှာ အတော်ဆုံးဖြစ်ပြီး နိုင်ငံခြားကို ပညာတော်သင်တွေ ဘာတွေပင် သွားရနိုင်တယ်။

"သားရေ! အားကျန့်! လာ! မနက်စာ လာစား!"

"ဟုတ်! မား!"

ထမင်းစားခန်းထဲရောက်တော့ အစားကို စိတ်ပါလက်ပါမစားပဲ တိမ်မည်းတွေဖုံးနေတဲ့ သားလေးရဲ့ ရွှေမျက်နှာကို ကြည့်ပြီး မားက မေးတယ်။

"အားကျန့်! မနေ့က စာမေးပွဲ ဖြေနိုင်တယ်မလား?"

"အာ..ဖြေနိုင်ပါတယ် မားရယ်! Baby ဒီလောက်ထိ ညည လာစောင့်ပြီး ကျက်ပေးထားတာကို.."

စာကူကျက်ပေးလို့ စာမေးပွဲ ဖြေနိုင်တာတောင် ကျေးဇူးမတင်နိုင်ပဲ စိတ်ဆိုးချင်ပုံပေါက်နေတဲ့ သူ့သား ရင်နှစ်သည်းချာကို ကြည့်ပြီး မား ရယ်ချင်မိတယ်။

"ဒါဆို ဘာလို့ မျက်နှာက စူပုတ်နေရတာလဲ? ရုပ်က အီးတစ်နေတဲ့ ရုပ်နဲ့"

"မား!!! စားနေတာကို!!!"

"ခိခိခိ! မားက မား သားလေးကို ချစ်လို့ စ,တာပါ။ ကဲ!ပြော! ဘာတွေ ကွိုင်ပူနေလဲ? မား! ကူ ဖြေရှင်းပေးမယ်!"

"တကယ်နော်! ဘယ်သူ့မှ ပြန်မပြောရဘူး! အရေးကြီးတယ်!"

"အင်းပါ။"

"ပါးကိုရောပဲ! သား ပြောခိုင်းတဲ့ ချိန်ကျမှ!"

"အိုကေ! ဒီလောက်ဆို ပေါက်ပြီ။ မင်း baby နဲ့ ဆိုင်တဲ့ ကိစ္စလား?"

"ဟီးးး! အွန်း! အွန်း! ဟုတ်တယ်! မားက တော်သားပဲ!"

ခေါင်းကလေးကုတ်ကာ ရှက်ရမ်းရမ်းနေသော သားငယ်လေး ပါးကလေးကို မားက အသည်းယားလို့ တစ်ချက် လှမ်းညှစ်လိုက်တယ်။

CANDY JELLY SUGAR BABY( COMPLETED)Hikayelerin yaşadığı yer. Şimdi keşfedin