Bittersweet Love 🐰🍩

Start from the beginning
                                    

တိန်င်း တိန်င်း တိန်င်း တိန်င်း......

🐰...... လိုင်းဖွင့်လိုက်တာနဲ့ အဆက်မပြတ်ဝင်လာတဲ့ မက်ဆေ့တွေ....
ဘယ်နှစ်ရက်စာမက်ဆေ့တွေက အတိုးချပြီးဝင်လာနေတာလဲကွာ.....
မဖြစ်နိုင်ဘူးဆိုတဲ့ဘက်ကို ( - ) ပြနေပေမယ့် တစ်ယောက်သောဆီကမက်ဆေ့ကို မဝင့်မရဲမျှော်လင့်ချက်လေးနဲ့ရှာမိတယ်....
မျှော်လင့်ချက်တွေက လမိုက်ညမှာကောင်းကင်ကိုစိုက်ကြည့်ပြီး ကြယ်ပျောက်ရှာမိသလိုနဲ့ပဲ အဆုံးသတ်ရပြန်ပြီ...
မင်းနေနိုင်ရက်တယ်.....

Phurin📩 ..... Bunny မင်းကဖုန်းဆက်လည်းမကိုင်ဘူး...
အဆက်အသွယ်တွေလည်းဖြတ်ထားတော့ မင်းကိုဘယ်လိုဆက်သွယ်ရမှန်းကိုမသိတော့ဘူး...
ကျောင်းကတော့အေးဆေးပဲ ပုံမှန်အချိန်တွေပဲဆိုတော့အရေးကြီးတာဘာမှမရှိဘူး ခရီးထွက်ကြမယ့်အချိန်ဆိုတော့လည်း မင်းကအစထဲကမလိုက်ဘူးပြောထားတဲ့အတွက် ကျောင်းပျက်ရက်တွေအတွက်လည်းပူစရာမလိုဘူး....
မင်းအဆင်ပြေရဲ့လား...
မင်းကို ငါပြောသင့်မပြောသင့်အကြာကြီးစဉ်းစားခဲ့ပေမယ့်လည်း အသိပေးသင့်တယ်လို့တော့ ထင်လို့...
ဆုံးဖြတ်တာကတော့မင်းအပိုင်းလေ....
ငါမင်းကိုပုံတွေပို့လိုက်တယ်...
ရှေ့ရက်က ငါတို့ Major Gathering ပွဲရှိလို့ P'Nok ရဲ့ Private Bar မှာဆုံဖြစ်ကြတယ်....
အဲ့မှာ.....

🐰....... Phurin ပို့လာတဲ့မက်ဆေ့တွေကို အပေါ်ထိဆွဲကြည့်ရင်း ကြိုးမိန့်ချခံလိုက်ရတဲ့သူလိုပဲ.....
ပုံတွေ....
Choux နဲ့ နောက်.....
ခုတလော သူများ Story တိုင်းမှာ ကောင်မလေးတွေခြံလျက်အမြဲပုံတွေတက်လာခဲ့တယ်...
အခုလည်း ဒီကောင်မလေးက ခုတလော Choux အရမ်းတွဲနေတဲ့ ပုရိသတိုင်းကိုဆွဲဆောင်နိုင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ ကျတော်သတိထားမိနေတဲ့မိန်းကလေးပဲ....
ဖြူဖြူသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ ဆိုးထားတဲ့ဆံပင်အရောင်လေးကသူ့ရဲ့ဆွဲဆောင်မှု့ရှိတဲ့အလှကိုပိုအရောင်ထွက်နေစေတယ်လို့ထင်ရလောက်အောင်လှတဲ့ မိန်းမပျိုလေး ဒီကောင်မလေးက Choux ကိုရီးယားသွားကတည်းကအမြဲတတွဲတွဲလုပ်နေတဲ့ မိန်းကလေးမှန်း ကျတော်နှစ်ခါပြန်ကြည့်စရာမလိုအောင် သေချာနေခဲ့ပါပြီ....

Saintsup Twiter Update

❤" လူတော်တော်များများက အချစ်ကြောင့် နာကျင်ခံစားကြရတယ်... စိတ်ဒါဏ်ရာတွေရကြတယ်...
အဲ့ဒါတွေကြောင့်ပဲ တစ်စုံတစ်ယောက်ကို ချစ်ဖို့ ကြောက်ရွံ့လာကြတယ်.... ဒါပေမယ့် ဒါဏ်ရာတွေရရှိနေရင်းကနေပဲ ဘာမျှော်လင့်ချက်မှ မထားဘဲ တစ်စုံတစ်ယောက်ကို ဆက်ချစ်နေသေးတယ်ဆိုရင် ကျတော်ထင်ပါတယ် ဒါအချစ်စစ်ပဲ...."❤

Incidentally Love With Bunny 🐰 & Choux Cream 🍩Where stories live. Discover now