ဒုတိယအတွဲ Part 6

Start from the beginning
                                    

" ဟင်...ဟုတ်လား ဒါပေမဲ့ မင်းက ကလေးလေးနဲ့ တူတယ် "

ကလေးအရမ်းဆန်တဲ့ သခင်လေးတောင် ကျွန်တော့်ကို ကလေးနဲ့တူတယ်တဲ့ ကျွန်တော့်က သခင်လေးမရှီရင် မနေနိုင်တဲ့ ကလေးတစ်ယောက်ပါ

" ပြန်အိပ်တော့ သခင်လေး အိပ်ရေးပျက်ရင်
နေမကောင်းဖြစ်နေဦးမယ် "

" အင်း ဝေ့ရင်းလည်း ငါ့နားမှာလာအိပ် "

" ရ..ရပါတယ်  "

" ဘာဖြစ်လို့ငါ့နဲ့အတူတူမအိပ်ချင်ရတာလဲ
ဝေ့ရင်း ၂ရက်ရှီပြီး မင်းအောက်မှာပဲ အိပ်တယ် အပေါ်တက်အိပ်ဆိုတော့ မအိပ်ဘူး "

သခင်လေးကို အရမ်းချစ်တဲ့ ကျွန်တော့်က သခင်လေးနားမှာ အိပ်ရင်  ရင်တွေအရမ်းခုန်လွန်းလို့စိတ်ထိန်းရမှာ မဟုတ်ဘူး

" ဝေ့ရင်း ငါ့ပြောနေတယ်လေ "

" သခင်လေး အရင်အိပ်ပါ "

" အင်း...ပြောမရလည်းနေတော့ "

သခင်လေး ဆူပုတ်ပုတ်နဲ့ ပြန်အိပ်ပျော်သွားသည်။ ဝေ့ရင်း သခင်လေး အိပ်ပျော်သွားမှ  အောက်ဆင်းပြီး အိပ်လိုက်သည်။

🌞🌞🌞🌞🌞🌞🌞

မနက်စာအဖြစ်သစ်သီးစားပြီး ပင်လယ်ပြင်နားရောက်အောင် လမ်းလျှောက်လာရင်း သခင်လေး
စညည်းညူလာသည်။

" အားယွင်ွ့ ငါ့မလျှောက်နိုင်တော့ဘူး "

" အစ်ကိုလေး "

Yibo လမ်းမလျှောက်နိုင်တော့တာကြောင့်
ထိုင်ချလိုက်သည်။

" သခင်လေး "

သခင်လေး ခြေထောက်က ယောင်တောင်ယောင်နေသည်။ ခြေဖဝါးနုနုလေးက ဒီကြမ်းတမ်းတဲ့
လမ်းကို မခံနိုင်ပေ။

"အစ်ကိုလေး ကျွန်တော့်ကျောပေါ်တက် "

" အင်း "

" စစ်ကျွေး ငါပိုးမယ် "

" ဟင့်အင်း အားယွင့်ပဲပိုး "

" သခင်လေး ကျွန်တော့်က စွမ်းအားရှင်လေ "

ဝေ့ရင်း လျှင်မြန်စွာနဲ့ပဲ သူကျောပေါ်မှာ သခင်လေးကို တင်လိုက်သည်။

" ဝေ့ရင်း ထူးဆန်းတယ် "

" ဘာဖြစ်လို့လဲ သခင်လေး "

ပင်လယ်မင်းသားလေးWhere stories live. Discover now