"ဘာလို့လဲဆိုတော့ မင်းက အရမ်းချစ်ဖို့ကောင်းတယ်"

ရှောင်းနျန်ကတော့ ကြက်သေသေသွားလေသည်။ လင်းခိုင်ကျဲ့ကတော့ လူတိုင်း၏ အသိအမှတ်ပြုမှုနှင့်အာရုံစိုက်မှုကို ရလေ့ရှိသည့် ရှောင်းနျန်အား လုံးဝကို လျစ်လျူရှုထားလိုက်ပြီး ဆက်၍သာ ပြောနေလေသည်။

"ကျောင်းရဲ့ပထမဆုံးရက်က မင်း ဒီကို အစောကြီးရောက်လာခဲ့တယ်။ မင်းက သူများတွေရဲ့ ခရီးဆောင်သေတ္တာတွေကို ကူပြီးရွေ့ပေးနေတာတွေ့တော့ ငါမင်းကို စီနီယာလို့ ထင်ခဲ့တာ။ ငါတို့က နှစ်အတူတူပဲဆိုတာကိုတော့ ဘယ်သူက ခန့်မှန်းမိမလဲ။ အဲဒီနောက်ပိုင်း စားသောက်ဆိုင်မှာ စားနေတဲ့မင်းကို ငါတွေ့လိုက်ရတယ်။ မင်းက အသီးအနှံပေါင်မုန့် ၃ လုံး၊ အသားပေါင်မုန့် ၂လုံးနဲ့ ပဲနီလေးပေါင်မုန့် ၁လုံးကို တစ်ထိုင်တည်း စားလိုက်နိုင်တယ်။ ငါစဉ်းစားမိတာက မင်းရဲ့အစားအသောက် အာသီသက တကယ်ကိုပဲ ချီးကျူးဖို့ကောင်းတယ်လို့။ နောက်တစ်ကြိမ်မှာတော့ မင်းရဲ့ကြက်ပေါင်တစ်ဝက်ကို ခွေးပန်းကန်ထဲထည့်ပြီး ကျွေးလိုက်တာကို တွေ့လိုက်ရတယ်။ ခွေးစားနေတာကို ကြည့်ပြီး သရေယိုနေတဲ့ပုံက တကယ်တော့ မင်းအဲဒါကို စားချင်နေတာ သိသာတယ်။ နောက်တစ်ခေါက်ကတော့ ရှုရင်ဟွားရဲ့ ဘောင်းဘီ ပြဲသွားတဲ့အချိန်ပဲ။ မင်းက သူ့ရဲ့ဘောင်းဘီကို ပြန်ပြီးချုပ်ပေးခဲ့တယ်။ အဲဒါက ငါ့အတွက် ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ ယောက်ျားလေးတစ်ယောက်မှာ ဒီလို အရမ်းတင့်တယ်ပြီး အချုပ်အလုပ်တော်တဲ့ လက်တွေရှိတာကိုပေါ့။......"

"ခန, ခန ခန ခနလေး!" အဆုံးမှာတော့ ဝေ့ရူစုန့်၏ ဆံပင်များ ထောင်သွားတော့သည်။ _ မင်းရဲ့ beautify filter setting(ဖုန်းထဲမှာ လူကိုလှအောင်ပြင်ပေးတဲ့ application မျိုးမှာပါတဲ့ setting လိုမျိုး)ကြီးကို ၁၀၀% များ တင်ထားသလားဟင်? အဲဒါတွေအားလုံးက ပုံမှန်လုပ်နေကြ ကိစ္စတွေပဲမလား? ဘာကြောင့်များ ငါ့ကို -သန်သန်မာမာ ကြွက်သားအပြည့်နဲ့ 2.5m ရှည်တဲ့ ယောက်ျားလေးတစ်ယောက်က ရှပ်အင်္ကျီကိုချွတ်လိုက်တဲ့အခါ Hello Kitty တက်တူးပုံ ပေါ်လာသလိုမျိုး မင်းက ပုံဖော်လိုက်တယ်လို့ ခံစားနေရတာလဲ?

Love Stops Rumours {Completed}Where stories live. Discover now