Part-27

7.7K 1K 20
                                    

Part-27

အိမ်တော်ထဲကို အကြမ်းပတမ်းမောင်းဝင်လာသည့်ကားတစ်စီးပေါ်မှ Singto နှင့် Tay ကဆင်းလာသည်။နောက်ခန်းက ဒေါက်တာ New သည်ပါ အဆင်သင့်ပါလာ၏။ Mr.Shinta ကKrist ကို Himuroအခန်းထဲမှာထားသည်ဟု စာတိုချက်ချင်းပေး ပို့လာကတည်းက တစ်ဆက်တည်းလို Tay နှင့် အိမ်တော် အပြင်ဘက်တွင်စကားပြောနေသည့် New ကိုပါ တစ်ခါတည်း ခေါ်လာ ခဲ့ခြင်းဖြစ်သည်။အကြောင်းရင်းအတိုချူံးကို နယ်ဘက်က Ri က ဖုန်းဖြင့် ကားပေါ်မှာကတည်းက ပြောပြပြီးသားပင်။ အိမ်တော်ထဲ ထိတရစပ်ဝင်လာသည့် Singto ၏မျက်နှာတွင် စိုးရိမ်ကြောင့်ကြမှုတွေအပြင် ဒေါသတွေ ပါယှက်နေသည်။  Himuro အခန်း ရှေ့ခပ်လှမ်းလှမ်းက ထိုင်ခုံတွင် မဲ့ပြုံးနှင့် ထိုင်နေသည့်သူကိုမြင်သည့်အခါ Hojo ၏ခေါင်းဆောင်မှန်းသူသိထားသည်မို့ မျက်မှောင်ကြုံ့ရရင်းက-

“Hojo ရဲ့ခေါင်းဆောင်ကို အိမ်တော်ထဲက ခြေတစ်လှမ်းမှမထွက်စေနဲ့.”

သူ့အမိန့်ဆုံးသည်နှင့် ထိုနားတွင်ချက်ချင်းအသင့်စောင့်လာကြသည့် Guardian အုပ်စု။ Haru ကရယ်သည်။ဒီ Guardian ခေါင်းဆောင်၏ အစွမ်းကတော့ အံ့အားသင့်စရာ။ သူ့ဘေးတွင်လည်းကိုယ်ရံတော်တွေမရှိတာမှမဟုတ်။ အေးအေးဆေးဆေး သာဖြစ်သည်။

“တောက် password က ဘာလို့မပွင့်လာတာလဲ။”

အခန်းရှေ့တွင်သခင်ကြီး Yoka က အလျင်လိုနေသလို အားလုံးလည်း ပြာနေကြသည်။pwမှန်ပါလျက်နှင့် system တစ်ခုသည် အဘယ်ကြောင့် ပျက်ဆီးသွားမှန်းမသိ.။

“သခင်ကြီးဖယ်ပါဦး။ ”

အခန်းရှေ့က သခင်ကြီးကို ဖယ်စေလျက် Singto က switch တွေကိုစစ်သည်။တခြားဘာမှအပြောင်းအလဲမရှိပေမယ့် ဖွင့်မရသည်မှာ ဘာကြောင့်များဖြစ်မလဲ.။အခန်းထဲတွင်အေးခဲနေမည့် Krist ကိုမြင်ယောင်ကာ စိတ်နှလုံးတစ်ခုလုံး ပူလောင် လာသည်။ တစ်ဆက်တည်းလို Tay ကိုလှည့်ကြည့်မိရင်း တစ်စုံတစ်ခုကို နားလည်သွားသည်။

“Tay -ဒါ hacking လုပ်ပြီးဖျက်ဆီးထားတဲ့ထင်တယ်.ပြန်ဆယ်ယူရမယ်.။ကျေးဇူးပြုပြီး.. သူ့ကိုကယ်ပေးပါ.။ကိုယ် မင်းကိုယုံတယ်။”

Tay ရုတ်တရက်ကြောင်ကြည့်မိရင်းမှနားလည်ကာခေါင်းညိတ်ပြလိုက်သည်။နိုင်ငံတကာပတ်သွားနေသည့် Tay က တကယ်တော့အနောက်နိုင်ငံဘက်တွေမှာ နာမည်ကြီး Hacker.။ဒါကိုလည်း Singto ပဲသိထားသည်။Himuro နှင့်ချိတ်ဆက်ထား သည့် ကွန်ပျူတာကိုအမြန်ယူလာစေရင်း စားပွဲတစ်ခုပေါ်တင်ကာ Tay ၏လက်တွေ ကီးဘုတ်ပေါ် ပြေးလွှား ကစားနေတော့သည်။ သူကတော့ ဒီ Himuroအခန်း၏ရည်ရွယ်ချက်ကိုမ နှစ်သက်သည်မို့ မည်သည့် ကာကွယ်မှုမျိုးမှလည်း မလုပ်ထားသည်က ခုချိန် နောင်တရစရာဖြစ်လာလိမ့်မည်လို့မထင်ထားဖူး။ ခုအခန်းထဲတွင်ရှိနေသည်က အကိုလို ခင်တွယ်ရ သည့် P’Krist. တစ်နည်းအားဖြင့် အကိုဖြစ်သူ P’Singto ၏ ချစ်သူ။သူ တာဝန်ကြီးစွာဂရုတစိုက်လုပ်ဆောင်နေမိပါတော့သည်။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now