Part-9

7.5K 1K 23
                                    

နာမည်ကြီး ပန်းချီပညာရှင်တစ်ယောက်၏ သန်းချီတန်သည့် ပန်းချီပြခန်းဖြစ်သည့်နှင့်အညီ ပန်းချီကိုချစ်ခင်မြတ်နိုးသူတွေထက် လူကုံထံတွေ က ပိုများသည်။ Singto ကတော့ ပန်းချီအလှကို နင့်နင့်နဲနဲမခံစားတတ်လျှင်တောင် ပန်းချီများကိုနှစ်သက်လေ့ရှိ သည်ကြောင့် ပြခန်းထဲမှ မြင်သမျှသည် မျက်စိပသာဒဖြစ်စေသည်။

ကလေးငယ်တစ်ယောက်၏ ပါးချိုင့်ပုံလေးကို အသက်ဝင်အောင် ဆွဲထားသည့် ကားချပ်အရှေ့တွင်တော့ သူခဏ ရပ်တန့်သွား ရသည်။ပါးချိုင့်ပိုင်ရှင် ကောင်လေးနှင့် မတွေ့ဖြစ်သည်မှာ ဆေးရုံက ပြန်လာပြီးကတည်းကဆို သုံးလေးရက်လောက်တော့ ရှိမည်ထင်သည်။ စာလည်းမပို့ဖုန်းလည်းမဆက်ဖြင့် ကိုယ်ကတော့ အလုပ်ရှုပ်နေသည့်ကြားမှ ရံဖန်ရံခါ သတိရတတ်သလို သူ လည်း ထပ်တူစိတ်ရှိနေပါ့မလား။

“အသက်ဝင်တယ်နော် ဒီပုံလေးက-”

ရုတ်တရက်ဘေးနားတွင်ထွက်ပေါ်လာသည့် ချိုချိုကြည်ကြည် အသံရှင်ကြောင့် Singto လှည့်ကြည့်လိုက်မိသည်။ မိုးပြာရောင် ဂါဝန်ရှည်နှင့် ဂျပန်မလေးက နှစ်လိုစွာ ပြုံးပြသည်။ Singto လည်းခေါင်းတစ်ချက်ဆတ်လျက်ပြန်ပြုံးပြလိုက်သည်။

“ဟုတ်တယ်။ ပါးချိုင့်ကိုအသေးစိတ်ဆွဲထားတာများ . တကယ့်လူအစစ်အတိုင်းပဲ.”

“ရှင်လည်း အနုပညာခံစားတတ်တယ်ထင်တယ်။ တွေ့ရတာ ဝမ်းသာပါတယ်။ နာမည်က Moko လို့ခေါ်ပါတယ်။”

“ဟုတ်ကဲ့ Singto ပါ။ HoJo က အလှနတ်သမီး Moko ကို ကိုယ် သိပါတယ်။”

ချီးကျူးတော့လည်း ရှက်သွေးဖြာဟန်မပြ သူမက ခပ်သဲ့သဲ့ရယ်မောနေသည်။ သူမ ကိုယ်တိုင်လည်း သူမ၏ အလှတရားကို သိထားကာ ယုံကြည်မှုရှိဟန်ဖြင့် ဖြစ်သည်။

“ဟုတ်ကဲ့ Taira ရဲ့ Guardian ကို Moko လည်း ကောင်းကောင်းသိပါတယ်ရှင်-အမြဲတမ်း အဝေးကနေပဲ မြင်ဖူးခဲ့တာ။ခုအနီးကပ်မြင်ရတော့မှ ရှင်က ပြစ်ချက်ပြောစရာမရှိလောက်အောင် တကယ်ချောတာပဲ.။”

“ကျေးဇူးတင်ပါတယ်”

Moko ၏ မျက်ဝန်းတို့သည် တောက်ပစွာဖြင့် Singto ထံရှုသည်။ နှုတ်ခမ်းလေးလှုပ်ရုံပြုံးပြလေသော Singto ၏ ပုံစံသည်ပင် အနီးနားက မိန်းမပျိုတစ်ချို့၏ အာရုံကိုသဲ့ယူသွားသေးသည်။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now