Part-17

7.6K 1K 147
                                    

Part-17

“တစ်ပတ်တောင်ရှိတော့မှပဲ Mr.J  က ဒီမနက်ပဲ သူ့တပည့်ကိုဆက်သွယ်ပြီး ပစ္စည်းပြန်လာပေးခိုင်းပြီးပါပြီ P’Singto. ဘယ်လိုလုပ်ရမလဲ ခု သူ့ကိုလွှတ်ပေးလိုက်ရတော့မလား။”

Taira အပန်းဖြေအိမ်တော်ထဲသို့မဝင်ခင် Ri ကအနားကပ်ဆိုလာသည်။Mr.J ကလည်းခေါင်းမာသည်။ ရှေးဟောင်းကြွေထည် ကို ပြန်မအပ်ဘဲ အဆုံးထိတင်းခံနေသည်တွင် Singto က ရိုက်နှက်မှု တစ်စုံတစ်ရာမလုပ်စေဘဲ အစာရေစာ ဖြတ်ထားခဲ့သည်။ ရှာနေသမျှက သေလျှင်ကိုယ့်ဆီမပါဘဲ လူမသိသူမသိ သေဆုံးသွားရမည့်အကြောင်းကို Mr.J ထိတ်လန့်တကြား သိမြင်သွား ချိန်တွင် ချက်ချင်းပင် တိုးလျှိုးတောင်းပန်လာခဲ့သည်။

“Taira က ကတိတည်ရမှာပေါ့။လွှတ်ပေးလိုက်။ဒါပေမယ့်မှတ်လောက်သားလောက်ရှိပါစေ။နောင်ခါ ငါတို့တန်ဖိုးထားတဲ့ပစ္စည်းကိုလာထိရင်သက်ဆိုးမရှည်ဘူးလို့တစ်ခါတည်းပြောထားလိုက် ”

Ri က ခေါင်းညိတ်ကာ အမိန့်နာခံလျက် ဖုန်းထုတ်ဆက်နေသည်။ Singto က အိမ်တော်ထဲ အရင်ဝင်လာခဲ့လိုက်သည်။ နယ်ကို ပြန်သွားပြီဖြစ်သည့် Aki ကို ပြန်ဆက်သွယ်ထားသည်မို့အိမ်တော်ထဲတွင် Aki ရှိနေပေလိမ့်မည်။ ဓါးကိုပြန်လည်ရရှိခဲ့ခြင်းအ တွက် သခင်ကြီး ရော Singto ၏ဖခင်သည်ပါ ချီးကျူးမဆုံးဖြစ်နေသည်။သူ မည်သည်မှ မဆိုဖြစ်ခဲ့ပေမယ့် ထိုအတွက်လဲယူခဲ့ရ သည်က Krist ၏ကျောပြင်က ဒဏ်ရာများဟုတွေးမိချိန်တွင်တော့ အသက်ရှုမဝဖြစ်လာခဲ့သည်။

“နောက်တစ်ခါတွေ့ရတာထပ်ပြီးဝမ်းသာပါတယ်။Singto.ဒီတစ်ခေါက်ကျွန်တော် တကယ်ကိုကျေးဇူးတင်ပါတယ်”

အိမ်တော်မကြီးအဝင်ကတည်းက Aki က ရွှင်မြူးစွာ နှုတ်ဆက်သည်။ဓါးကိုလည်း လေလံအောင်သည့်သူဆီ လွှဲပေးပြီးပြီမို့ အားလုံးကအဆင်တချော။နဂိုကတည်းကမှ Singto အပေါ် အထင်ကြီးစိတ်သည် ယခုများတွင်တော့သာလို့သာ တိုးလာသည်။

“မဟုတ်တာဗျာ.အဆင်ပြေသွားတာကိုပဲ ကျွန်တော်တို့ဘက်ကဝမ်းသာရမှာပါ။ကဲအလုပ်ကိစ္စအကြောင်းပြောရအောင်လေ.”

Singto ပုံစံက ပုံမှန်အပြုံးကို အသက်သွင်းနေရသလို ခပ်ယဲ့ယဲ့နှင့် ဝမ်းသာအားရမရှိသည်မို့ Aki မျက်နှာတစ်ချက်ပျက်သွား သည်။ Singto ဘာလို့ဒီလိုဆက်ဆံရပါလိမ့်။သူတို့နှစ်ဦး က တစ်ညတာကိုကောင်းကောင်းလွန်မြောက်ခဲ့ပြီးကြသည့်သူ များဖြစ်ပြီးခဲ့သည့်နောက် ဒီမျှလောက်တော့ မစိမ်းတန်ကောင်းရာ။ သို့ပေမယ့် စကားအပိုမဆိုချင်သူက ဆန္ဒဖော်ထုတ်နေပြီ မို့Aki လည်းမသက်သာတော့ဘဲ လုပ်ငန်းကိစ္စများကိုသာ ဆွေးနွေးရတော့သည်။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now