" သခင်လေး "
ဝေ့ရင်းကို လန်ကျန့်ပြုံးပြလိုက်ပြီး
" ဟုတ်တယ် ဝေ့ရင်း ငါ့အဆိပ်မိတာ မင်းအပြစ်ပဲ "
"သခင်လေး!!! "
ဝေ့ရင်း အပြစ်ရှီသူမို့ လန်ကျန့်မျက်နှာကို
မရဲတရဲ ကြည့်နေလိုက်သည်။" မင်းငါ့နဲ့လာပတ်သတ်လို့ ငါ့အဆိပ်မိတာဆို "
" ဟုတ်ပါတယ်သခင်လေး..ဒါပေမဲ့ အခုတော့ မပတ်သတ်ချင်ဘူးမပြောပါနဲ့ ကျွန်တော့်ကို နှင်မထုတ်ပါနဲ့..နှင်ထုတ်လည်း မသွားနိုင်ဘူး ...မသွားဘူး "
ဝေ့ရင်းစိုးရိမ်စွာ ရေရွတ်စွာ တရပ်စပ်ပြောနေသည်။ လန်ကျန့်ပြုံးလိုက်ပြီး
" နှင်ထုတ်လို့ ဘယ်ဖြစ်မလဲ မင်းကြောင့်ဖြစ်တဲ့ ငါ့ကို အဆုံးထိ မင်းတာဝန်ယူရမှာ "
" ဗျာ?? "
" ငါ့ဘဝရဲ့နောက်ဆုံးချိန်ထိ ငါ့နားမှာ နေပေးပါ ဝေ့ရင်း ငါ့နားကနေ ဘယ်မှမသွားပါနဲ့ "
" သခင်လေး!! "
ဝေ့ရင်း ခံစားသွားရပြီး
လန်ကျန့်ကိုဖက်လိုက်သည်။" မငိုနဲ့နော် ငါ့အေးတယ် မိုးမစိုချင်ဘူး "
" ဟုတ်ကဲ့ သခင်လေး "
ရီလင်မြို့ရောက်တော့ တည်းခိုခန်းငှားပြီး
အစားအသောက်မှာကာ အခန်းထဲမှာပဲ
စားလိုက်သည်။" သခင်လေး ဒါဘာလဲ ဆိုင်ရှင်က ပေးလိုက်တာ "
အရက်အိုးယူလာပြီး ဝေ့ရင်း လန်ကျန့်ကိုမေးလိုက်သည်။
" အရက် "
" သခင်လေး သောက်မလား "
လန်ကျန့်ခေါင်းရမ်းလိုက်ပြီး
" မင်းလည်းမသောက်...."
သူစကားတောင် မဆုံးသေးဘူး
အိုးအဖုံးကိုဖွင့်ပြီး သောက်လိုက်တဲ့ ဝေ့ရင်း"သောက်လို့ကောင်းတယ် "
" ဘာမှမဖြစ်ဘူးလား မမူးဘူးလား "
" အရမ်းသောက်လို့ကောင်းတယ် ထပ်သောက်လို့ရမလား သခင်လေး "
လန်ကျန့်ခေါင်းညိတ်လိုက်ပြီးပြုံးလိုက်သည်။
" မင်းက အရက်ကြိုက်တဲ့ ရေသူထီးလေးပဲ "
Part 9
Start from the beginning