" ညီညီ နောက်တစ်လုတ်လာစားမယ်"
ခပ်လှမ်းလှမ်းမှာ ဖင်ပူးတောင်းထောင်ပြီး
Tabletနဲ့ သဲကြီး မဲကြီးဂိမ်းဆော့နေရာက
sehun နှစ်ခါ သုံးခါ အော်ခေါ်တော့မှပင် ထလာသည်၊ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
sehunရော လုဟန်ရောကပါ sehunရဲ့အခန်းထဲမှာတနေကုန်၊
အတူတူ အိပ်လိုက် ဆော့လိုက်နဲ့ပဲ နေ့ခင်းတောင်ကျော်နေပြီ၊အခု စားပွဲခုံအပုလေးပေါ်
ကြွေဇလုံ အကြီးကြီးတစ်ဇလုံး အလည်မှာချထားပြီး
နှစ်ယောက် မျက်နှာချင်းဆိုင်စားနေကြခြင်းပင်sehunခေါက်ဆွဲပြုတ်အဖက်လေး နည်းနည်းကို
တူနဲ့ ညှပ်လိုက်ပြီး luhanပါးစပ်နား ခွံလိုက်သည်၊"ညီညီ့ ဘာသာချားမယ်"
"အကြောတွေ ရှည်ပြန်ပြီ
မင်း ပေကုန်လိမ့်မယ်"sehunကလည်း တူမပေး၊
အတင်း သူခွံ့မယ်ဆိုတာချည်း၊"အာ့ဆို ညီညီ မချားတော့ဘူး"
Sehunကို စူပုတ်ပုတ်လေးနဲ့ စေ့စေ့ကြည့်နေသည်၊
Sehunက ပြန်ကျိန်းလိုက်ရင်း"ပေကုန်ရင် ရိုက်မယ်လုပ်"
ခုံပုလေးက လုဟန်ရဲ့ခါးတစ်ဝက်လောက်သာရှိပါသည်၊
စားပွဲခုံမှာ သူ့ကိုယ်လုံးတစ်ခုလုံးကို ကိုင်းပြီး
အရှေ့က ဇလုံထဲက ခေါက်ဆွဲတွေကို တူနဲ့လိုက်ဆွဲနေသည်၊
စားပွဲအောက်မှာ ခြေထောက်သေးသေးလေး
နှစ်ချောင်းကိုလည်း ဟိုဘက်ဒီဘက် ကားထားသေးသည်၊တူကို အစုံလိုက်ကိုင်တာ မဟုတ်ပဲ
လက်တစ်ဖက်ကို တူတစ်ချောင်းစီကိုင်ပြီး ခေါက်ဆွဲဖက်လေးတစ်ဖက်ကို လိုက်ညှပ်သည်၊သူလုပ်နေတာကို သူဘာသာ ဇျာန်ဝင်ပြီး
ပါးစပ်လေးဟောင်းလောင်းနဲ့ လိုက်ကြည့်နေသေး၊
"ရွှတ်"ခေါင်းကို ရှေ့တိုးပြီး
ပါးစပ်ပေါက်သေးသေးလေးထဲ စုတ်သွင်းလိုက်သည်၊"ခိခိ "
သူ့ဟာသူ သဘောတွေကျနေတဲ့ လုဟန်၊
Sehunသက်သက် အမြင်ကပ်လို့ သုတ်မပေးတဲ့
ခေါက်ဆွဲဖက်လေးက သူ့မေးစေ့မှာ ၊အဲ့လိုနဲ့ တမျှင်ချင်း တမျှင်ချင်းစားနေတော့
Sehunစိတ်မရှည်ပဲ တူကို ပြန်လှမ်းယူလိုက်သည်၊