2

539 97 10
                                    

ဂျောက် *

Sehun ဖိနပ်ကြိုးကို သေချာကုန်းချည်ပြီးနောက်
လွယ်အိတ်ကြိုးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ
တိုက်ခန်းတံခါး အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်စဉ်

လုဟန်ဟာ အာလူးကြော် တစ်ထုပ်ကို ကိုင်ပြီး
လှေကားထိပ်တွင်ထိုင်နေကာ ဒူးတစ်ဖက်ကို ထောင်၍
ငုတ်တုတ်ထိုင်နေသည်၊

ပုခုံးတစ်ဖက်လျောနေတဲ့ စွတ်ကျယ်နဲ့
ချောင်နေသည့်ဘောင်းဘီရယ်က အောက်စ လွတ်နေသေးသည်၊
မျက်နှာတောင် သစ်ထားပြီးပုံမပေါ်သေး..
အားလူးကြော်ကို လက် တစ်ချောင်းလုံး
ထိုးထည့်ပြီး စားနေတာမို့ ပါးစပ်တွေကောလက်တွေကော
ငရုတ်သီးဖက်များ ပေကျံနေသည်၊

ဒါဟာ လုဟန်ရဲ့အကျင့်တစ်ခုရယ်ပါ
မနက်နိုးလင်းပြီဆိုတာနဲ့ သရေစာ မုန့်တစ်ထုပ်ဆွဲထွက်လာပြီး တိုက်ခန်း အပြင် ထွက်လာပါပြီ ၊
ပြီးလျှင် တိုက်ခန်းဝ လှေခါးတွင် တစ်ယောက်တည်း ထိုင်စားနေတတ်သည်၊
တခါတလေ sehunတို့ အိမ်တံခါးဖွင့်ချိန်ဆို အိမ်ထဲဝင်လာပြီး
ဟိုနားသွား ဒီနားသွား လျှောက်စားနေတတ်သည်..၊

"ကိုကိုက ကျောင်းသွားတော့မယ် ဟုတ်ရား"

ခေါင်းငုံ့ပြီး အာလူးကြော်ထုပ်ထဲ ဟိုရှာဒီရှာ နှိုက်စားနေရင်းမှ
Sehunကို မော့ကြည့်ရင်းပြောသည်

sehunအခုထိ တံခါးဝမှာပင်၊
ပြီးတော့luhanနား တိုးသွားလိုက်ပြီး

"ငါ့ကို ဆရာမခေါ်ထားလို့ ညီညီ"

အောက်ပြန်ငုံ့သွားပြီး
သူ့အာလူးကြော်ကိုသာ ဆက်စားနေသည်

"ညီညီ့ မားမားနဲ့သွားလိုက်နော်
ဒီနေ့ တစ်ရက်"

" ဟုတ် ကိုကို"

ခေါင်းမဖော်သေးပဲ အဆက်မပြတ်စားနေရင်းက
လှမ်းပြောသည်..
လျောကျနေသည့် စွတ်ကျယ်လေးမှ ပေါ်နေတဲ့
ပုခုံးပိစိ ဖြူဖြူလေးနဲ့ ဂုတ်ဖွေးဖွေးလေးဟာ
အခြားသူသာဆို ချက်ခြင်း ကောက်ပွေ့ပြီး နမ်းရှူံ့မိကြမှာပဲ

sehunကတော့ လုဟန်ခေါင်းကို
တစ်ချက်ပုတ်လိုက်ပြီး သူ့ကိုရှောင်ကာ လှေကားမှ
ဆင်းလာခဲ့သည်...

ညီညီWhere stories live. Discover now