" အင်း ဝေ့ရင်း...ဝေ့ရင်းနေတဲ့နေရာကို ဘယ်လိုခေါ်လဲ "
"ဒီအတိုင်း ပင်လယ်နန်းတော်ပါပဲ "
" ဘာလို့ နာမည်မပြောပြချင်တာလဲ "
" သခင်လေး!! "
လန်ကျန့်မျက်နှာမှိုင်သွားပြီး လမ်းကိုဆက်လျှောက်လိုက်သည်။
" ကျောက်စိမ်းနန်းတော်ပါ သခင်လေး "
"အဲ့တာဆို ရေအောက်ထဲမှာ အရမ်းလှမှပေါ့ "
" လှတယ် ဒါပေမဲ့ ဘယ်အရာကမှ သခင်လေးလောက်မလှပဘူး ကျွန်တော့်ရင်ထဲမှာတော့ သခင်လေးက ကမ္ဘာပေါ်မှာ အလှဆုံးပဲ "
လန်ကျန့်ပြုံးလိုက်ပြီး ဝေ့ရင်းလက်ကိုကိုင်ကာ လမ်းလျှောက်ခဲ့လိုက်သည်။ ပင်လယ်ပြင်ရောက်တော့ ဝေ့ရင်းရေကူးနေတာကို ကြည့်ပြီး ဗျတ်စောင်း တီးခတ်လိုက်သည်။
*** ဝေ့ရင်းသိလား မင်ဟာအရမ်းလှပတဲ့ ငါးလေးပဲ ငါနေလို့မကောင်းပေမဲ့ နေခင်းမှာ လှပစွာကူးခတ်တဲ့ မင်းကို မြင်ချင်လို့ ဒီရောက်လာတာပဲ ♥♥
ဝေ့ရင်း သခင်လေးကို ရေတိုက်ဖို့နန်းတော်က ရေကို ယူလိုက်တော့
" မနေ့ကရေက ပြဿနာရှီသွားတယ် "
" ဘာပြောတယ် ဝမ်နင် "
"ရေဘဲဝဲမိစ္ဆာရေထဲမှာ တစ်ခုခုခပ်ထားတာ
မြင်တယ်လို့ ရွှေငါးလေးတွေက ပြောတယ် "" အဲ့ဒါဘာလို့ငါ့ကို အခုမှပြောတာလဲ သခင်လေးမတိုက်ခင်က ပြောရမှာ မင်းတို့မစဉ်းစားတက်ဘူးလား
ဝေ့ရင်း စိတ်တိုလာတော့ ကျောက်စိမ်းနန်းတော်က သတ္တဝါတွေ အကုန်ငြိမ်ကျသွားသည်။ ဝေ့ရင်း ပလွေမှုတ်ပြီး ငါးမိစ္ဆာ ကွမ်းရီကို ခေါ်လိုက်သည်။
" မင်းသားလေး "
" ကွမ်းရီ!.. ရေဘဲဝဲမိစ္ဆာကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ရအောင်ဖမ်း အသေမလိုချင်ဘူး အရှင်ရအောင်ဖမ်း သူ..သခင်လေးကို ဘာအဆိပ်ခပ်လဲ ငါ့သိရမှ ဖြစ်မယ် "
"ဟုတ်ကဲ့ မင်းသားလေး "
ဝေ့ရင်း ကုန်းပေါ်ပြန်တက်တော့ သခင်လေး သစ်ပင်ကို မှီပြီး အိပ်နေသည်။
Part 6
Start from the beginning