ရဲသားနှစ်ယောက်က ကားနား
လျှောက်လာကာ
တစ်ယောက်က ကားမှန်ချခိုင်းပြီးနောက်...

"ဘာဖြစ်လို့လဲ "

"လိုင်စင်ပြပါ ပြီးတော့ကားထဲကနေထွက်လာပေးပါ"

Jennie. ..အရှိန်လဲများများမမောင်းခဲ့ပါဘူး
ဘာများဖြစ်လို့လဲ....

Jennie ကားထဲကနေ အသာတကြည့်ထွက်ပေးလိုက်ပြီး
လိုင်စင်ထုတ်ပြလိုက်သည်။

"နာမည်က Kim Jennie နော်"

"Nae...ဘာဖြစ်လို့ပါလဲ"

"ဟုတ်တယ် မှန်တယ် သူပဲ...
ကားနံပါတ်လဲတူတယ်...
ကားကို ဆွဲသွားလို့ရပြီ.."

"ခန....နေပါအုံး ကားကို ဘာလို့ဆွဲသွားမှာလဲ
ဝရမ်းပြေးလဲမဟုတ်
ခိုးထားတဲ့ကားလဲမဟုတ်
စည်းကမ်းမလိုက်နာတဲ့ ကားလဲမဟုတ် "

"ပိုင်ရှင်ကပြန်သိမ်းခိုင်းလို့ပါ"

"ဘယ်လို...ဘယ်လို...
ပိုင်ရှင်က ကျွန်မပဲလေ....ဘယ်သူက??
မဟုတ်မှ Omma....
ခနလေး မဆွဲနဲ့အုံး ph ဆက်အုံးမယ်..."

Jennie ကားထဲကနေ ph ကို ဆွဲယူလိုက်ပြီး
ချက်ချင်းပဲ Omma ကို ph call လိုက်သည်။

Ph ဝင်သွားပြီဆိုတာနဲ့....

"Omma....Ommaလား ကားသိမ်းခိုင်းတာ
wae..wae...."

"kadae...Na ya...
တော်တော်မှပျော်နေရဲ့လား
တော်သေးတယ် ကားမှာ gps တပ်ထားလို့
နင်ထွက်လာတာသိတာ...ပိုက်ဆံတွေကော
သုံးလို့ကောင်းရဲ့လား "

အတည်ပြုချက်ရပြီးပြီးချင်းပဲ ph က
power off သွားခဲ့သည်။

"Arr...shit..."

Jennie. စိတ်တိုတိုနဲ့ ph ကို ကားထဲ
လွှင့်ပစ်လိုက်သည်။

"စိတ်မရှိပါနဲ့ Alcohol
တိုင်းစက်နဲ့ တိုင်းပါရစေ"

Jennie Alcohol တိုင်းစက်နဲ့
အတိုင်းခံလိုက်သည်။

"ရပါပြီ Alcohol ပါဝင်မှုမရှိပါဘူး
ခွင့်ပြုပါအုံး "

Jennie တစ်ယောက် ဒီရက်ပိုင်းအတွင်းမှ
အသစ်ထပ်ဝယ်ထားတဲ့ ပြိုင်ကားနီနီလေးကို
အညှာအတာမရှိ ဆွဲပြီးယူသွားတာကြောင့်

ဆွဲသွားတဲ့ကားနီနီလေးကို
လှမ်းကြည့်ရင်း လမ်းမထက်မှာကျန်ခဲ့သည်။

Hope Not (Completed)Where stories live. Discover now