ဒီနေ့သည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဋ္ဌာနမှကျောင်းသားကျောင်းသူဟောင်းများစု၍ ဆရာကန်တော့ပွဲကျင်းပသည့်နေ့ဖြစ်သည်။ သွေးသစ်သည် ကျောင်းတုန်းက အတန်းရဲ့ ECဖြစ်ခဲ့သည့်အလျောက် ဒီနေ့ပွဲကိုလည်း သူ့ကိုတာဝန်ယူကာကျင်းပစေသည်။
အားလုံးပြင်ဆင်ပြီးတော့ ကန်တော့ခြင်း အနည်းငယ်အားကားပေါ်တင်၍ အိမ်မှထွက်လာခဲ့လိုက်သည်။
" Hello ... ဇေနိုင်လား "
" အေး ပြော သွေးသစ် "
" မင်း ကန်တော့ခြင်းတွေယူလာဖို့ မမေ့နဲ့နော် "
" အေးပါကွ ၊ ငါအခုလမ်းမှာ ထွက်လာနေပြီ "
" အေးအေး အဲ့ဆိုဒါပဲ ငါတို့ကျောင်းရောက်မှတွေ့မယ်"
သူငယ်ချင်းဇေနိုင်အား ကန်တော့ခြင်းများ မေ့မကျန်အောင် ဖုန်းဆက်သတိပေးပြီးနောက် သွေးသစ် ကားလေးက ရန်ကုန်တက္ကသိုလ်ရှိရာသို့ မောင်းနှင်သွားတော့သည်။
" ဟယ် ... သွေးသစ် ငါတို့မတွေ့တာကြာပြီနော် "
နောက်မှနှုတ်ဆက်သံကြား၍ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းမ ကလျာ ..." ကလျာ ... အေးဟာ မတွေ့တာတောင်ကြာပြီ ... နင်ကတော့အရင်လို လှနေတုန်းပဲနော် "
" အံမယ် ... နင်ကကော ဘာထူးလဲ အရင်လိုအပြောကောင်းတုန်းပဲ "
ဆရာကန်တော့ပွဲမစခင် သူငယ်ချင်းများနဲ့ စကားပြောရတာ ပျော်စရာပင်။ မတွေ့တာကြာပြီမို့ ပြီးသည့်အခါ အကုန်လုံးစု၍ ရွှေကောင်း ဟော့ပေါ့ သွားစားဖြစ်သည်။
" ဟဲ့ ဇေနိုင် .... ငါတို့နှစ်က လာတဲ့သူနည်းသလိုပဲနော် "
" အေးဟာ ... ကျောင်းပြီးတော့ ငါတို့လဲ အဆက်အသွယ်ပြတ်ကုန်တာ ... အချို့သူငယ်ချင်းတွေက ရှာမရတော့လို့ "
" ဟုတ်လား ... မလာတာ ဘယ်နှစ်ယောက်လောက်ရှိလဲ "
" ၄ယောက် ၉ယောက် ... ၁၅ယောက်လောက်တော့ရှိတယ် "
ဇေနိုင်က တွက်တွက်ဆဆဖြင့် ကလျာတို့ အုပ်စုအားပြန်ဖြေသည်။ သူတို့အုပ်စုကလည်း ခေါင်းတငြိမ့်ငြိမ့်ပင် . . .။
YOU ARE READING
Just Write It
Randomစာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။ Unicode** စာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။
For You
Start from the beginning