Normuu Mijama Saranghae

Start from the beginning
                                    

"Imm....ခနနေဆို နေ့လည်စာ စားချိန်ရောက်ပြီ ခနစောင့်....Jennie ya..."

"Hmm"

"New Zeland မသွားချင်ရင်လဲ ဒီမှာတစ်ခုခုလုပ်လေ
အခု အလုပ်ထက် ပိုကောင်းတာလေးပေါ့"

" Imm par...Ni စဉ်းစားထားတာရှိပါတယ်"

Chu သူ့ကိုပြုံးကြည့်ရင်း ပါးလေးကို
လှမ်းကိုင်လိုက်သည်။

သူ့ကို ဒီထက်ပိုကောင်းတဲ့ စကားလုံးတွေနဲ့
ပြောသင့်တယ်ဆိုပေမဲ့
Chu ရဲ့ ချစ်သူလေးက
သိပ်ပြီး စိတ်ရှုပ်လွယ်တတ်သည်လေ။
တော်ကြာ Chu ပြောလိုက်လို့
စိတ်ရှုပ်တယ်ဆိုပြီး ထပြန်သွားမှဖြင့်.....

ဘာပဲဖြစ်ဖြစ် သူ့အတွက်ဆို Chu က
သည်းခံပေးဖို့အသင့်
ပေးဆပ်ပေးဖို့ အဆင်သင့် ဖြစ်နေခဲ့သည်။

သူ့ကြောင့် Chu ရဲ့ အိပ်မက်တွေတောင်
စွန့်လွှတ်ပေးခဲ့မှတော့ အခု ကိစ္စဟာ
Chu အတွက် မြူမှုန်မျှသာ....

လွန်ခဲ့တဲ့နှစ်တွေတုန်းက
အနုပညာ သင်တန်းကျောင်းဆင်းပြီးနောက်
Jennie ကို သူ့မိဘတွေက New Zeland
ခေါ်ပြီး ဟိုမှာပဲ အနုပညာနဲ့ပါတ်သတ်တာတွေကို လုပ်ဖို့အတွက်
သူ့ကိုပြန်ခေါ်ဖို့ ကြိုးစားခဲ့ကြသည်။

Jennieက Korea မှာပဲ ဆက်နေချင်တာကြောင့်
Chu တို့ Company မှာ Share ထဲ့ပြီး
ဒီမှာပဲ အလုပ်လုပ်မည်ဟု
သူ့မိဘတွေကို ကတိပေးခဲ့သည်။

Chu က အဲ့ဒီအချိန်တုန်းက တက်သစ်စ Model...

နောက်ပိုင်း အနုပညာကိုလဲစိတ်မ၀င်စား
Company အလုပ်ကိုလဲ စိတ်ပျက်သည်ဟုဆိုကာ
ဘာမှမလုပ် ပဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ရင်း ပျော်ပါးနေခဲ့တာကြောင့်
သူ့မိဘတွေနှင့် ပြသနာတက်တော့
Chu ရဲ့ အိပ်မက်Model အလုပ်ကို စွန့်လွတ်ရင်းနဲ့ပဲ
သူ့အစား Company မှာ အလုပ်ဝင်ပေးခဲ့သည်။

Company မှာ အလုပ်ဝင်ပေးခဲ့ရသည့်
အကြောင်းအရင်းက
သူရှာထားတဲ့ ပြသာနာတွေကမနည်း...
Appaတို့ သူ့ကို စိတ်ခုသွားမှာစိုးတာကြောင့်
Chu သူ့အစား တာဝန်ယူကာ အောက်ခြေသိမ်းအလုပ်ကနေဝင်ပြီး တာဝန်ယူပေးခဲ့ခြင်းဖြစ်သည်။

အဲ့ဒီလိုနဲ့ Chu ရဲ့ အိပ်မက်တစ်ချို့ဟာ
သူ့ကြောင့် ဝေဝါးသွားခဲ့ရလေသည်။

Hope Not (Completed)Where stories live. Discover now