ကိုကိုဟာ ညီညီ့ကို မခေါ်ပါပဲ
ပထမဦးဆုံးအကြိမ် ကျောင်းကိုတစ်ယောက်တည်းသွားခဲ့ပါသည်၊
.................

နေ့ခင်း ထမင်းစားချိန်တွင်
လုဟန်တို့ ပထမတန်း အဆောင်ဘက်ကို sehunထွက်လာခဲ့သည်၊

လုဟန်က သူ့ကို မျှော်နေတယ်ထင်ပါတယ်
ှုမတ်တပ်လေး ရပ်နေတာကို တွေ့လိုက်သည်၊
စုတ်လုံးကို ပါးစောင်ထဲငုံရင်း လက်ကလည်း ကိုင်ကာ မွှေ့နေသေး ၊

အခန်းရှေ့မှာ ကြိုးခုန်နေတဲ့ ကောင်မလေးတွေ
အရုပ်ပစ်တိုင်း ကစားနေကြတဲ့ ကောင်လေးတွေကို
လုဟန်က နံရံမှီပြီး ငေးကြည့်နေတာ
sehun သူ့ဘေးရောက်လာမှန်းတောင် မသိ

"ညီညီ ထမင်းသွားစားရအောင်"

လုဟန်တို့ အခန်းထဲ နောက်ပေါက်မှ ဝင်၍
lockerထဲက လုဟန်ရဲ့ ဆွဲခြင်းကို သွားယူပြီး
လုဟန်ကိုပါ ခေါ်ကာ centeen ဘက် လျှောက်လာကြသည်၊

ထိုင်နေကျစားပွဲဝိုင်းလေးမှာပဲ
လုဟန်ကို ချီကာ ခုံမှာတင်လိုက်ပြီး sehunကပါ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်၊

Sehunက ကျောင်းမှာပဲစားတယ် ဆိုပေမဲ့
Luhanလေးက ငယ်သေးတာမို့ ကျောင်းအစာတွေ မစားခိုင်းပါ
မနက်ကျောင်းလာတာနဲ့ သူစားမဲ့ထမင်းဗူးနဲ့ မုန့်ထုတ်တွေကို
ဆွဲခြင်းလေးနဲ့ ယူလာတတ်သည်ပင်၊

"ကိုကို က ထမင်းချိုင့် မယူဘူးရားဟင်"

"ကိုကို ကိုကို"

"ညီညီ ဘာဘယ်တီး သောက်ချင်တယ်"

"ကိုကို ကိုကို ညနေကျ ကျူခြင် သွားဦးမှာရား"

sehun ဘာမှ မဖြေ၊
လက်သုတ်လေးကို တချက်ခါလိုက်ပြီး
လုဟန်ရဲ့ လည်ပင်းမှာ သေချာချည် ပေးလိုက်သည်

hello kitty အရုပ်လေးနဲ့ လုဟန်နဲ့ ထမင်းဘူးကို
စာပွဲပေါ် ခင်းကျင်းလိုက်ပြီး လုဟန်ပါးစပ်ထဲသို့
တစ်လုတ်ခွံ့လိုက်သည်၊

လုဟန်ဟာ ထမင်းကို အီလေးဆွဲစားတတ်သည့်
ကလေးတစ်ယောက်ပင်၊
ထမင်းကို မဝါးပဲ ပါးစောင်တွင်ငုံထားတတ်ပြီး
ရေနဲ့ မျှောချလေ့ ရှိသည်၊

"ညီညီ ဝါးလေကွာ"

ထမင်းတစ်လုတ် ရေတစ်လုတ်လုပ်နေသည့်
လုဟန်ကို sehunဟန့်လိုက်ရင်း သူ့လက်သေးသေးလေးနှစ်ဖက်နဲ့ အုပ်ကိုင်ထားတဲ့ ရေခွက်ကိုပါဆွဲယူလိုက်သည်၊

ညီညီWhere stories live. Discover now