" ငါ့ယုံတယ် မင်းက မိစ္ဆာမဟုတ်ဘူး အဲ့ဒါကြောင့် ဘယ်မှမသွားနဲ့နော် "
" ကျွန်တော့် သခင်လေးနားမှာနေချင်လို့လိုက်လာတာပါ ဘာမှမသွားဘူး "
" လိုက်လာတာ?? "
" သခင်လေး ပင်လယ်ကမ်းစပ်နားမှာ
ဗျတ်စောင်းလာလာတီးတယ် မဟုတ်လား အဲ့နေရာက ကျွန်တော့်နေရာပါ ""အဲ့ဒါဆို အဲ့ပင်လယ်ထဲက မင်းအိမ်ပေါ့ "
ဝေ့ရင်းခေါင်းညိတ်လိုက်သည်။
" ဘာမှမစဉ်းစားနဲ့တော့ သခင်လေး..သခင်လေးက အိပ်ရေးပျက်ရင် နေမကောင်းဖြစ်တက်တယ် မဟုတ်လား အိပ်တော့နော် "
" ဘယ်လိုသိတာလဲ"
"စစ်ကျွေးပြောပြတာ ကျွန်တော့်သခင်လေးအကြောင်း အကုန်သိချင်တယ် အဲ့ဒါကြောင့် အကုန်မေးထားတာ "
" ဝေ့ရင်း..."
လန်ကျန့်စကားဆက်ပြောချင်ပေမဲ့ အရမ်းအိပ်ချင်လာပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အိပ်ပျော်သွားသည်။
" သခင်လေးက အရမ်းချစ်စရာကောင်းတာပဲ တည်ကြည်တယ် အနေအေးတယ် စကားနည်းတယ် ပြီးတော့ ကျွန်တော်အပေါ် ကောင်းတယ် ကျွန်တော့်ရဲ့ သွင်ပြင်ရုပ်အစစ်မှန်ကိုမြင်ပြီး သခင်အံသြသွားပေမဲ့ မမုန်းဘူး လက်ခံခဲ့တယ် ကျေးဇူးတင်ပါတယ် သခင်လေး "
ဝေ့ရင်းဝမ်းသာလွန်းလို့မျက်ရည်ကျလာသည်။
သူမျက်ရည်ကျလာတာနဲ မိုးသည်းထန်စွာ ရွာချလာသည် သခင်လေး အေးမှာဆိုးလို့ သူအခန်းထဲက စောင်ကိုပါယူပြီး သခင်လေးကို ထပ်ခြုံပေးလိုက်သည်။🌧🌧🌧🌧🌧🌧
" ဝေ့ရင်း သွားရအောင် "
ဝေ့ရင်းကို ရေသူထီးမှန်းသိသွားတဲ့ အချိန်ကစပြီး ဝေ့ရင်းကို လန်ကျန့် ခါတိုင်းထက် ပိုဂရုစိုက်ခဲ့သည်။ တိမ်လွှာနန်းမြိုင်ကလူတွေလည်း အံသြနေကျသည်။
ညဘက်ရေကူးလည်း လန်ကျန့်စောင့်ပေးသည်။ မနက် ဝေ့ရင်းနေထိုင်ရာ ပင်လယ်ကမ်းစပ်သွားလည်း ဝေ့ရင်းကို ခေါ်သွားပြီး သူကဗျပ်စောင်းတီး ဝေ့ရင်းက သူနန်းတော်လို့ ဖြစ်တဲ့ ပင်လယ်ပြင်မှာ ကူးခပ် သူစောင်းသံ နားထောင် သူမောလာရင် သူနန်းတော်က ရေကြည်ကြည်အေးလေးကို အမြဲတိုက်သည်။
Part 4
Start from the beginning