Part 8

3.6K 363 13
                                    

အပိုင်း ၈

ဝမ်နင် Pov:

ဝေ့ရင်းတောထဲက ကန်ရေပြင်လေးမှာ ထိုင်နေတာ တနေ့ကုန်ရှီသွားပြီ ဘယ်လိုမှခေါ်လိုလည်းမရဘူး ညနေမှောင်လာပြီမို့လို့ သားရဲတိရစ္ဆာန်တွေနဲ့ တွေမှာကြောက်နေမိသည်။ 

" အိမ်ထဲဝင်ရအောင် ဝေ့ရင်း ''

"မဝင်ချင်သေးဘူး ကန်ရေပြင်လေးက ငြိမ်သက်ပြီး လှပသလို ကြာပန်းလေးတွေလည်း ပွင့်နေတယ် ပြီးရင် ပိုးစုန်းကြူးလေးတွေ ထွက်လာတော့မယ်  ဒီနေရာက လန်ကျန့် အရမ်းကြိုက်တဲ့နေရာလေး
ပိုးစုန်းကြူလေးတွေထွက်လာရင်  လန်ကျန့် ရောက်လာလိမ့်မယ် "

"  လန်ကျန့် ရောက်လာမှာမဟုတ်ပါဘူး
ပြန်ရအောင် "

"  ငါမပြန်ချင်ဘူးဝမ်နင်.. မင်းပြန်တော့   ''

" ဒီနေရာက သိပ်ကိုအန္တရာယ်များတယ်
ပြန်ရအောင် '

"မပြန်ဘူးကွာ လန်ကျန့်ကိုစောင့်နေမယ် ''

" အဲ့ဒါဆိုလည်းမင်းသဘောပဲ
မင်းအေးနေတော့မယ် ငါအနွေးထည် သွားယူလိုက်အုန်းမယ် ''

ခေါင်းမာလွန်းတဲ့ ဝေ့ရင်း အတွက် ပြောမရတဲ့ အတူတူ သူအတွက် အနွေးထည်ယူပြီး သူဘေးနာမှာစောင့်ပေးဖို့ပဲလိုသည်။

" လန်ကျန် မင်းဘယ်ရောက်နေလဲခါတိုင်း ငါ့ကိုအပျောက်မခံပဲ ငါမရှီရင် မင်းမနေတက်ဘူးလေကွာ "

ပိုးစုန်းကြူလေးတွေထွက်လာပြီ အရမ်းလှတာပဲ လန်ကျန့် ရှီရင်ဘယ်လောက်ပျော်ပြီး လိုက်ဖမ်းနေလိမ့်မလဲ

" လန်ကျန့်!!! "

သူအကျယ်ကြီး အော်ခေါ်လိုက်မိသည်။

"ငါခေါ်တာ ကြားလား ငါကိုထွက်တွေ့ပါ လန်ကျန့် ''

အသံကျယ်ကြီးနဲ့ လန်ကျန့်ကို အော်ခေါ်နေမိသည် ထိုစဉ် သူနားကို ချဉ်းကပ်လာတဲ့ ဝံပုလွေ တစ်ကောင် သူကိုခုန်အုပ်မလိုလုပ်တုန်း သူကြောက်ကြောက်နဲ့ မျက်စီမှိတ်ထားလိုက်သည်။

"မတိုက်ခိုက်ချင်ဘူး မင်းသေသွားလိမ့်မယ်
နောက် ဒီလူသားကို အန္တရာယ်မပေးနဲ့
ထွက်သွားတော့ ''

ချစ်သူမိစ္ဆာWhere stories live. Discover now