Part 1

8.8K 466 11
                                    

Part 1

မြို့ပြင်က တောအုပ်မှာ ခန်းနားကြီးကျယ်သော အိမ်ကြီးတစ်လုံးရှီသည်။ အဲ့ဒီအိမ်အိုက အရမ်းခမ်းနားလှပသလို့ အရမ်းချစ်ပြီး ကြင်နာတဲ့ ကောင်လေးနှစ်ယောက်လည်းရှီတယ် 

" လန့်ကျန့် ထတော့လေ ဒီနေ့နေရောင်မထွက်ဘူး အပြင်မှာ လမ်းလျှောက်ရအောင်နော် ''

" အင်း  ''

လန်ကျန့်  မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ဖန်ခွက်ထဲက ဖျော်ရည်ကိုယူပြီး လန်ကျန့် ကိုတိုက်လိုက်သည်

" မသောက်ချင်ဘူး "

" သောက်ရမယ် ငါ့ကိုချစ်ရင် ငါကျွေးတာမှန်သမျှ ဘာမှမငြင်းရဘူး "

ဝေ့ရင်းပြောတော့ လန်ကျန့်ခေါင်းညိတ်ပြီး သောက်လိုက်သည်

"တော်တယ်...မင်းအရမ်းတော်တယ် "

ဖျော်ရည်သောက်ပြီးတာနဲ့ လန်ကျန့်မျက်နှာ ပန်းရောင်သန်းလာပြီး စိုပြေလာသည် 

"အပြင်ထွက်ရအောင် လန်ကျန့် '

ရာသီဥတုအေးပြီး နေရောင်မထွက်ပေမဲ့ ပျော်မြူးနေတဲ့ လန်ကျန့် မျက်နှာကတော့ အရောင်တောက်နေသည် ပျော်မြူးနေတဲ့ လန်ကျန့် ကို သူယူလာတော့ ကင်မရာနဲ့ရိုက်ဖို့ချိန်နေစဉ် လန်ကျန့်  နောက်က ဝံပုလွေတစ်ကောင်ကို ဝေ့ရင်းတွေ့သွားပြီး လန့်သွားသည် ဝံပုလွေက လန်ကျန့် ကိုခုန်အုပ်ဖို့ချောင်းနေသည်

" လန်ကျန့် !  သတိထား နောက်မှာ ''

ကျွန်တော်အော်လိုက်တော့ လန်ကျန့်  သူကိုခုန်အုပ်တဲ့ ဝံပုလွေကိုး ရှောင်လိုက်ပြီး  မျက်လုံးအရောင်နီရဲလာကာ  ရှည်ထွက်လာတဲ့ သူလက်သည်းနဲ့ ပြန်တိုက်ခိုက်နေသည် နောက်ဆုံး လန်ကျန့် ဒါသကြီးစွာ ဝံပုလွေရဲ့နှလုံးတည့်တည့်ကိုး သူလက်သည်းနဲ့ထိုးဖောက်လိုက်သည် ဝံပုလွေရဲ့နှလုံးက လန်ကျန့်လက်ထဲတွင် ပါလာသည်

" လန်ကျန့် စိတ်လျှော့..သတိထားပါအုန်း ဒေါသလျှော့လိုက်ပါတော့ ''

ကျွန်တော်ပြောတော့ သူမျက်လုံး အနီမှအနက်သို့ အရောင်ပြောင်းသွားပြီ လက်ထဲက နှလုံးကိုး ပစ်ချလိုက်ပြီး ကျွန်တော်ကိုး ဖတ်ထားသည် ကျွန်တော်လည်းပြန်ဖက်လိုက်ပြီး

" ဘာမှမဖြစ်တော့ဘူး လန်ကျန့်  ''

" ဝေ့ရင်း ငါက မကောင်းဆိုးဝါးလားဟင်
ငါကမိစ္ဆာလား ငါကရွံ့စရာသတ္တဝါလား  ''

"တစ်ခုမှ မဟုတ်ပါဘူး လန်ကျန့်..မင်းက မကောင်းဆိုးဝါးမှလည်း မဟုတ်သလို့  မကောင်းတဲ့အကောင်လည်းမဟုတ်ပါဘူး ''

"  ဒါဆို ဘာကြောင့် ကြောက်စရာ ကောင်းအောင်
ငါ့နားရွက်တွေရှည်ထွက်လာပြီး ရုပ်ဆိုးတဲ့မျက်နှာဖြစ်သွားရတာလဲ  ''

"အဲ့ဒါ...အဲ့ဒါက မမေးပါနဲ့လား လန်ကျန့် ... ဘာဘဲဖြစ်နေနေ မင်းကိုငါအရမ်းချစ်တယ်  "

"ငါလည်း မင်းကိုချစ်တယ် ''

လန်ကျန့် ဝေ့ရင်းကျောပေါ်မှာပဲ သတိလစ်သွားသည်

" လန်ကျန့်!...လန်ကျန့်!!! "

ချစ်သူမိစ္ဆာWhere stories live. Discover now