Part 5

3.7K 357 10
                                    

အပိုင်း ၅

Lan Zhan Pov:

ကျွန်တော်နိုးလာတော့ ကျွန်တော်ပေါ်မှာ သစ်ကိုင်းမိုးထားသည် သစ်ကိုင်းကိုဖယ်ပြီး ဘေးကိုကြည့်လိုက်တော့  ဝေ့ရင်းကိုမတွေ့ပေ ပြီးတော့ သူလက်ကိုကြည့်လိုက်တော့ အမွေးတွေနဲ့ ရှည်လျှားတဲ့ လက်သည်း  နားကိုကိုင်ကြည့်တော့ နားရွက်ရှည်တွေ အခုသူဘာရုပ်ပေါက်နေတာလဲ ဝေ့ရင်းကရော့ ကျွန်တော်ကို ပစ်ထားသွားပြီးလား ကျွန်တော်က ဘာကောင်လဲ မကောင်းဆိုးဝါးလား ဟိုလူကြီးပြောသလို မြေခွေးမိစ္ဆာ လား  အဲ့ဒါကြောင့် ဝေ့ရင်းကျွန်တော်နားက ထွက်ပြေးသွားတာလား

" ဝေ့ရင်း...ဝေ့ဝူရှန် "

ပြန်ထူးသံမကြားရတော့ဘူ ဒီအနီးနားမှာ ရှီရင်တောင် ကျွန်တော်ခေါ်တာကိုသူပြန်ထူးမှာ

" ဝေ့ရင်း..."

ထလိုက်တော့ ကျွန်တော် ခန္ဓာကိုယ့်ယိုင်သွားသည် ဘာလို့ဒီလောက်အားနည်းတာလဲ နုံးချည့်ပြီး မထချင်ပေမဲ့ ဝေ့ရင်းမရှီတော့ သူစိတ်ထဲမှ အားငယ်စိတ်ခံစားနေရသည်

" ဝေ့ရင်း !  ဘယ်မှာလဲ  ငါကို ပစ်သွားပြီလား ပြန်လာခဲ့ပါ...ပြန်လာပါ'

ဝေ့ဝူရှန့်နာမည်ကို အော်ဟစ်ရှာနေမိသည်။
လန်ကျန်ါအားနည်းတဲ့ကိုယ့်နဲ့ ထွက်လာခဲ့သည်။ အားနည်းလို့ အကြိမ်ကြိမ် ပစ်ပစ်လဲသည်။
ဒါပေမဲ့ ကြိုးစားပြန်ထပြီး ရှာနေမိသည် ရှာရင်းရှာရင်း သူနာမည်ခေါ် သံကြားသည်

"လန်ကျန့်...လန်ကျန့်! "

ဒါဝေ့ရင်းအသံပဲ သူအားနည်းတဲ့အသံနဲ့ ပြန်ထူးလိုက်သည်။

" ဝေ့ရင်း..."

တိုးလှတဲ့သူအသံကို အားမရဘူး သူအစွမ်းကုန် အော်ထည့်လိုက်သည်

" ဝေ့ရင်း!!"

လန်ကျန့် အသံကြားရသည် ဟိန်းပြီးထွက်လာတဲ့ လန်ကျန့် အသံဒီနားမှာပဲ ရှီတယ် သူလျှောက်ပတ်ကြည့်လိုက်တော့ အရမ်းတွေ့ချင်တဲ့ လန်ကျန့်ကိုတွေ့သည် 

"ဝေ့ရင်း "

"လန်ကျန့်  ဘယ်တွေလျှောက်သွားနေတာလဲ ကျွန်တော်စိုးရိမ်လွန်းလို့သေတော့မယ်  ရင်တွေပူလောင်လွန်းလို့ ရင်ဘက်ပေါ် ဟင်းအိုးတည်လို့
ရနေပြီ ''

ချစ်သူမိစ္ဆာWhere stories live. Discover now