" ပြန်အိပ်ရအောင်  "

ထိုလူသား ကျွန်တော့်လက်ကိုကိုင်ပြီး ခေါ်သွားသည်။  အခန်းထဲရောက်တော့ ထပ်မှာသည်။

" ဘယ်မှမသွားနဲ့ အိပ်တော့ "

ကျွန်တော့်ခေါင်းညိတ်လိုက်တော့ ထိုလူသား အပြင်ကို ထွက်သွားသည်။

♥♥♥♥

မိုးလင်းတာနဲ့ ဟန်ကွမ်ကျွင်းက သူအဆောင်ကိုလာဖို့ဝေ့ရင်းကို ကျင်းရီခေါ်ခိုင်းလိုက်သည်။
ဝေ့ရင်းလိုက်လာတာနဲ့ မနက်စာ ဆန်ပြုတ်ကိုစားခိုင်းလိုက်သည်။

" ငါနဲ့လိုက်မလား "

ဝေ့ရင်း ခေါင်းညိတ်လိုက်သည်။ လန်ကျန့် သူစောင်းတီးနေကျနေရာကို ဝေ့ရင်းကို ခေါ်လာလိုက်သည်။  ပြီးတော့ သူကစောင်းတီး ဝေ့ရင်းက ပလွေမှူတ်နဲ့ ကြည့်နှူးရသည်။
ဒီလိုနဲ့နေ့တိုင်းနေ့တိုင်း ဝေ့ရင်းက ကျွန်တော်နဲ့ လိုက်လာသည်။ တိမ်လွှာနန်းမြိုင်မှာ ဝေ့ရင်းနေတာ ကြာသွားတော့ ဝေ့ရင်းနဲ့ ကူးစူးလန်က တပည့်တွေလည်း ခင်သွားသည်။  ဝေ့ရင်းစကားလည်းအတော်ပြောတက်လာပြီး သူစိတ်ထားဖြူစင်တာကိုလည်း တွေ့မြင်ရသည်။

" ဝေ့ရင်း  "

လန်ကျန့်ဝေ့ရင်း အဆောင်ကိုလာတော့ ဝေ့ရင်းကိုမတွေ့ရဘူး  ဟိုတစ်ခါလို ညဘက်ကြီးများ ရေချိုးနေသလား ညဘက်ကြီး အအေးပတ်အောင်လို့ အေးတဲ့ရာသီရောက်နေပြီကိုး 
လန်ကျန့်ဘယ်သူကိုမှ မခေါ်တော့ပဲ ကန်ဘက်ကို တိတ်တဆိတ်လာတော့  မယုံကြည့်နိုင်စွာ မြင်ကွင်းကို တွေ့လိုက်ရသည်။

❤️❤️❤️❤️❤️❤️

Zawgyi

Part 3

ဝေ့ရင်း ကုန်းပေါ်တက်ပြီး အမြီးကို
ရေခြောက်အောင်မြန်မြန်သုတ်ပြီး အင်္ကျီကို
မြန်မြန်ဆွဲဝတ်လိုက်သည်။ 

" ဝေ့သခင်လေးက ဒီမှာ "

WangJi Pov;

လန်ကျန့်ဝေ့ရင်းကိုစိတ်ပူလို့ သူအဆောင်ကိုလာတော့ ဝေ့ရင်းကို မတွေ့ရလို့စိတ်ပူပြီး လိုက်ရှာနေသည်။ လမ်းမှာစစ်ကျွေးနဲ့ပါ တွေ့ပြီး အတူတူလိုက်ရှာကျတာ ဖြစ်သည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now