"Erhu နဲ့ Hulusi ကိုလည်း ကျွန်တော် နည်းနည်းသိတယ်။ ဒါပေမယ့် ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ဘူး"

"Erhu နဲ့ Hulusi ကိုလည်း ကျွန်တော် နည်းနည်းသိတယ်။ ဒါပေမယ့် ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ဘူး"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

# Erhu

# Hulusi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

# Hulusi

"ကျွမ်းကျွမ်းကျင်ကျင်မဟုတ်ဘူး?" မေးမိပြီးမှ ဝေ့ရူစုန့်က ချက်ချင်းပဲ နောင်တရသွားလေသည်။ ရှောင်းနျန်က သူ့ကိုထပ်ပြီး ထိတ်လန့်မှုတွေ ပေးအုံးမှာလားဟု သံသယဝင်သွား၍ပဲ ဖြစ်သည်။ မတတ်နိုင်တော့ပြီမို့ ဆက်ပြီးမေးဖို့ပဲ ရှိတော့သည်။ " မကျွမ်းကျင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?"

"ကျွန်တော်က Grade အမြင့်ဆုံး မရောက်သေးဘူးလေ။ အာ" ရှောင်းနျန်က ပုံမှန်လေသံဖြင့်ပင် "အမြင့်ဆုံးမရသေးပဲ ဘယ်လိုလုပ် ကောင်းကောင်းတီးနိုင်တယ်လို့ ကျွန်တော်က ပြောရဲမလဲ?"

ဝေ့ရူစုန့်၏ခေါင်းထဲ သွေးဆောင့်တက်သွားတော့၏။ ဒါက သူ့မာနကို ရိုက်ချိုးခံလိုက်ရခြင်းပဲဖြစ်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာလိုက်မိခြင်းပင် ဖြစ်တော့သည်။

"အိုကေ, ငါ အရှုံးပေးတယ်။ ငါ မင်းကို ဆရာလို့ ခေါ်ပါ့မယ်"

ဝေ့ရူစုန့်က လက်လျှော့လိုက်သော်လည်း သူ၏မျက်စိထဲတွင်တော့ ရှောင်းနျန်ကို အလွန်အေးသောရာသီဥတုမှာ ရှေးဟောင်းတရုတ်ရိုးရာဝတ်စုံကြီးနှင့် နေကာမျက်မှန် ဝိုင်းဝိုင်းမည်းမည်းကြီးတပ်ကာ လူစည်ကားတဲ့လမ်းပေါ်မှာထိုင်ရင်း <The Moon Shadow in Er Quan> ကို ဖျော်ဖြေနေမည့်ပုံကြီး မြင်ယောင်လိုက်မိတော့သည်။ ဝေ့ရူစုန့်က ရှောင်းနျန်ကို စိုက်ကြည့်နေလိုက်မိတာ သူ့ကိုပေါက်ထွက်သွားလုနီးပါးပင် ဖြစ်သွားတော့၏။ ဒီလို စိတ်ပျက်စရာကောင်းသည့် အခြေအနေမှာ ဝေ့ရူစုန့်အတွက်တော့ ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။

Love Stops Rumours {Completed}Where stories live. Discover now