" သ..ခင်..လေး...သခင်လေး "

ဝေ့ရင်းအခုမှစကားသင်ကာစ ကလေးငယ်လို့  လန်ကျန့်ပြောတာကို ပြောကြည့်နေသည်။

" လာ...လိုက်ခဲ့ "

လန်ကျန့်သူဘေးနားကအဆောင်ကို ဝေ့ရင်းကို ခေါ်လာပြီး

" ဒီမှာနေ  "

" ရေ..ရေ  "

" ရေသောက်ချင်လို့လား ဝေ့သခင်လေး "

ဝေ့ရင်းခေါင်းရမ်းလိုက်သည်။

" အော်ရေချိုးဖို့လား အနောက်ဘက်မှာ
စမ်းချောင်းရှီတယ် အဲ့ဒီမှာ ချိုးလို့ရတယ် "

ဝေ့ရင်းပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"နားလိုက်တော့နော်  "

ဝေ့ရင်းခေါင်းညိတ်လိုက်သည်။  လန်ကျန့်ထွက်သွားတာကြာမှ ဝေ့ရင်း စမ်းချောင်းဘက်ဆင်းလာပြီး ရေးကူးရင် သူရဲ့လှပတဲ့အမြှီးကို ဖြန့်လိုက်သည်။ ပြီးတော့ ပလွေကို မှုတ်လိုက်သည်။

" သခင်လေး "

" ငါးမိစ္ဆာ ငါ့ကိုဝမ်နင်ကို ခေါ်ပေး "

ငါးမိစ္ဆာ ကွမ်းရီကို ခိုင်းစေလိုက်သည်။
ပြီးတော့ ဝမ်နင်သူဆီရောက်လာသည်။

" မင်းသားလေး ဘာလို့ပြန်မလာတာလဲ "

" ငါမလာချင်တော့ဘူး "

" ဒီနေရာက "

" တိမ်လွှာနန်းမြိုင်လို့ခေါ်တယ် ဝမ်နင်း ငါ့ရဲ့ အဖြူရောင်သခင်လေးက ဒီမှာနေတာ သူထိုင်တာ သူစကားပြောတာ သူထမင်းစားတာ အားလုံးကြည့်ကောင်းတယ် "

" လူတွေကိုမမြင်ဖူးလို့ကြည့်ကောင်းနေတာ မဟုတ်ဘူးလား မင်းသားလေး "

" မဟုတ်ဘူး သူပဲ...သူအရမ်းကြည့်ကောင်းတယ် သူနာမည်က..ဟန်..ကွမ်း..ကျွင်း "

" ကျွန်တော်လည်းမင်းသားလေးနဲ့ အတူနေချင်လိုက်တာ "

" ပြီးတော့ တခြားလူတွေလည်း..အဖြူရောင်ဝတ်စုံတွေနဲ့ အရမ်းလှ..."

ဝေ့ရင်းပြောနေရင်း ခေါ်သံကြားရသည် ငါးမိစ္ဆာလည်း ကြောက်ပြီး ဝမ်နင်ကိုခေါ်ပြီး ပျောက်သွားသည်။

ပင်လယ်မင်းသားလေးWhere stories live. Discover now