" လော့ နဲ့ ရှန် အပြန်အလှန် မေးခွန်း ၁၀၀ ကို တစ်ပတ်ရိုက်ခြင်း " (အပိုင်း ၂) 《Zawgyi》
🚨 ဤအပိုင်းကို ၁၈ယောက်စုပြီး ဖတ်သင့်လျှင် ဖတ်ပါ 🚨
နောက်ဆက်တွဲ မေးခွန်းများက လွန်လွန်ကဲကဲဖြင့် သူတို့မေးလေလေ အဆုံးမရှိလေလေဖြစ်ကာ ခါးအောက်ပိုင်းဆီသို့ အပြေးအလွှား ရောက်သွားလေသည်။
ရှမ်ချင်းဟွား လည်ချောင်းရှင်းပြီး : " အစ်ကိုက Gong (ပြုလုပ်သူ) လား Shou (ခံရသူ) လား ဆိုတာ မေးလို့ရမလား!"
လော့ပင်းဟယ် ကြားလိုက်သောအခါ စိတ်ရှုတ်သွားသည်။ " အဲ့ဒါ ဘာအဓိပ္ပါယ်လဲ?"
သူ တကယ်နားမလည်သည့်အချိန်တွင် ရှန်ချင်းချိုးကတော့ နားမလည်ချင်ယောင်ဆောင်နေလေသည်။ ထို့နောက် သူ့ ယပ်တောင်ကို ဝေ့ရမ်းလျက် ပြောလိုက်၏။
" သူဘာပြောချင်လဲ ဘယ်သူသိမှာလဲ.. ကျော် ကျော် ကျော်!"ရှမ်ချင်းဟွား : " ဘာလို့ အစ်ကိုက ဆုံးဖြတ်တာလဲ?"
ရှန်ချင်းချိုး ခဏ အချိန်ယူ စဉ်းစားလိုက်ပြီး
" ငါလည်း မသိဘူး! အဲ့ဒါက တစ်နည်းနည်းနဲ့ တစ်နေရာရာမှာ လုပ်ရင်းကိုင်ရင်း ဆုံးဖြတ်သွားတာပဲ! ဖြစ်နိုင်တာက....... သူက သနားစရာကောင်းနေလို့!"လော့ပင်းဟယ် မရေမရာနှင့် ပြောလေသည်။
" ကျွန်တော်အခုထိ ဘာကိုမေးတယ်ဆိုတာကို မသိသေးဘူး"ရှန်ချင်းချိုး လော့ပင်းဟယ် ခေါင်းကိုပုတ်ကာ ရိုးသားစွာ အလေးအနက် ပြောလိုက်၏။
" မင်း နားမလည်လဲ ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် မင်း ဘာမှ မဆုံးရှုံးပါဘူး!"ရှမ်ချင်းဟွား : " ဘယ်နေရာမှာ ပထမဆုံး အသား အသားချင်းထိတွေ့ခဲ့ကြတာလဲ?"
ရှန်ချင်းချိုး ဖြေခါနီးဆဲဆဲမှာ လော့ပင်းဟယ်က လုဖြေလိုက်သည်။ " ချင်းကျင်းတောင် "
ရှန်ချင်းချိုး : " မြေမြုပ်....."
လော့ပင်းဟယ် ထပ်ပြီး အလျင်စလို ဝင်ဖြေလိုက်ပြန်၏။ " ချင်းကျင်းတောင်, ဝါးအိမ်လေးမှာ"
ရှန်ချင်းချိုး မိမိဘာသာတွေးလိုက်မိသည်။ ဟုတ်ပါပြီ.. လော့ပင်းဟယ်က ပထမဆုံးအကြိမ် အရေးနိမ့်တယ်ဆိုတာကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။ သူက ချင်းကျင်းတောင် ဆိုတော့လည်း ချင်းကျင်းတောင်ရတာပေါ့! လိုက်ငြင်းနေလို့လည်း ဘာမှ အရေးအရာရောက်တာမဟုတ်။ သူ့အဖြေကိုပဲ နောက်ကလိုက်လိုက်ပြီး အမှန်ပြင်ပေးဖို့ မေ့ထားလိုက်ရအောင်။
ВЫ ЧИТАЕТЕ
Scum Villain's Self Saving System Extra
Короткий рассказဒါက main story မဟုတ်ပါဘူး... extra လေးပါ! Extra ဆိုတဲ့အတိုင်းပဲ Main story ကို ဖတ်ထားမှ နားလည်မှာလေးတွေ ရှိပါတယ်! Main story ကို မဖတ်ရသေးရင်တော့ 🚨 Spoiler Alert ပါလို့! 《 Unicode 》 ဒါက main story မဟုတ်ပါဘူး... extra လေးပါ! Extra ဆိုတဲ့အတိုင်းပဲ...