Slow Dancing in my heart

717 47 0
                                    


"""""""""""""""

ဘဲလ် အတန်ကြာတီးနေသော်လည်း
ပွင့်မလာသည့် တံခါးကြောင့်
စိတ်ဓာတ်က အောက်ဆုံးထိ ထိုးကျ
သွားသည်
စိတ်ညစ်ညစ်နဲ့ အခန်းပဲပြန်လိုက်ပြီး
ရေခဲသေတ္တာထဲက ဘီယာဘူး
သုံးလေးဘူးဆွဲထုတိပြီးသည့်တိုင်
ဘာလုပ်ရမယ်မှန်းရေရေရာရာမသိသေး

နောက်ဆုံး ခေါင်းမိုးထပ်မှာ
သွားသောက်ဖို့ပဲ စိတ်ကူးရတော့
တာမို့

သီချင်းသံသဲ့သဲ့
တယောရဲ့ နူးညံ့လေးဖင့်သည့်အသံ
အသံကြားရာဆီ ခပ်မြန်မြန်လှည့်
ပတ်ကြည့်မိတော့
တွေ့ပါပြီ ရှာတုန်းကမတွေ့
လက်လျှော့လိုက်မှတွေ့သည်

ခုန်သည် ငှက်ကလေးပျံသလို
တစ်ခါ နှစ်ခါသုံးခါ
မြင့်သည် ပို၍ မြင့်သည် ပို၍ ပို၍ မြင့်သည်
လက်နှစ်ဖက်က အတောင်ပံလေး
တွေလို
ဝေ့ကာ ဝဲကာ နူးညံ့ပျော့ပြောင်းလှစွာ
ခြေနှစ်ချောင်းကလည်း
ထို့နည်းတူစွာ
ကြွကြွလေး ရွရွလေးခုန်၍ပျံ၍

တီးလုံးကပြောင်းသွားသည်
ပီယာနိုရဲ့ အကွက်ကြဲကြဲ
ခပ်ကြမ်းကြမ်းအသံနဲ့အတူ
တယောရဲ့ ဆွေးမြှေ့မှု အိနွဲ့မှု

ကကွက်ကလည်း တီးလုံးသံနဲ့လိုက်ဖက်
စွာ
တိုက်ခိုက်နေပြီ အားအင်အကုန်သုံး၍
တဖြည်းဖြည်း လေး၍လေး၍
သွားသည်....
ညာဘက်ခြေညိုးလေးပေါ်မှာ
တစ်ကိုယ်လုံးရပ်၍
အသက်အောင့်ထားမိသည်
တစ် နှစ် သုံး လေး ငါး ခြောက်
ခုနှစ် ရှစ်

ခွေကျသွားပြီ
ခပ်သွက်သွက်ပြေးသွားလိုက်ပြီး
ခြေထောက်ကို ဆွဲယူလိုက်သည်

"R.....P ဘယ်တုန်းကရောက်နေတာလဲ"

ခုမှမြင်သွားသည့် ကလေးက
ရှုံ့မဲ့နေသည့်မျက်နှာလေးနှင့်

"ညီ ခုန ကနေကတည်းက ဘာဖြစ်
သွားတာလဲ အရမ်းနာနေတာလား"

ခြေထောက်ကိုနှိပ်ပေးချင်သော်လည်း
အနာနဲ့ဆေးမတည့်မှာ စိုးသည်မို့

"ကြွက်တက်သွားတာပါ ဘာမှမဟုတ်ဘူး
ဒါမျိုးကဖြစ်နေကျ စိတ်မပူနဲ့ "

အပြုံးမျက်နှာလေးနဲ့ သူကပင်ပြန်ပြီး
နှစ်သိမ့်နေလိုက်သေးသည်

Slow Dancing In My Heart(complete)Tahanan ng mga kuwento. Tumuklas ngayon